* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 22, 2009

ဆင်းရဲ သား ပပျောက်ရေးတရားတော်

ဆင်းရဲသား ပပျောက်ရေး

အရှင်သုဒဿနာဘိဝံသ

ဗိုလ်တောင်ဆရာတော်(မြိတ်)

အမှာစကား

(၀ါ)

ဆင်းရဲသားပပျောက်ရေး

ဒီတရားတော်ကို နာကြားဖတ်ရှုပြီးတဲ့အခါမှာ ``ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာ မဖြစ်မနေ အကောင်အထည် ဖော်ရမည့်အလုပ် ´´ လို့သဘောပေါက်ပြီး အကောင်အထည်ဖော်တဲ့အခါမှာတော့ ခေတ်ကာလ. ပတ်ဝန်းကျင်. လူတို့၏ စိတ်နေစိတ်ထား. လူတို့၏ စရိုက်အခြေအနေ. တွေကို ထည့်သွင်းစဉ်းစားပြီး အဖြစ်နိုင်ဆုံး၊ အထိရောက်ဆုံး၊ အလွယ်ကူဆုံး၊ အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် နည်းအမျိုးမျိုးနှင့် အကောင်အထည်ဖေါ်ဖို့ လိုပါလိမ့်မယ်။

ဘုန်းကြီးတို့ နားလည်သဘောပေါက်တာကတော့ ဘယ်အရာမဆို အကျဉ်းမှ စ၍ အကျယ်ချဲ့ယူခြင်း၊ အထပ်ထပ် အခါအခါ လေ့ကျင့်ပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတွေ ပြုလုပ်ပေးပြီးတော့မှ ပွါးများယူခြင်းတွေဟာ အလုပ်ကြီးတွေအတွက် အသင့်လျော်ဆုံး လို့ယူဆပါတယ်။

`` ဘာကြောင့် အဲဒီလို ပြောရသလဲ´´

ဖြစ်စေသတည်း ဆိုလျှင် အရာရာဖြစ်စေနိုင်တဲ့၊ ဖန်ဆင်းလိုသမျှ ဖန်ဆင်းနိုင်တဲ့၊ အလွန်တန်ခိုးကြီးမားတဲ့၊ ဈာန်အဘိဥာဉ် ရတဲ့ သမာဓိ စွမ်းအားရှင်ကြီးတွေတောင် လိုအပ်တဲ့ သမာဓိ စွမ်းအား၊ လိုအပ်တဲ့ တန်ခိုးဈာန်အဘိဥာဉ် တွေ အပြည့်အစုံ ရရှိပြီးတာတောင်မှ စောစောက ပြောခဲ့သလို အကျဉ်းမှ အကျယ်၊ အနီးမှ အဝေး၊ အသေးမှ အကြီး၊ အလွယ် မှ အခက်၊ တဖြည်းဖြည်းချင်း ချဲ့ယူခြင်း၊ လေ့ကျင့်ခြင်း တွေ အထပ်ထပ်အခါခါ ပြုလုပ်ပေးပါမှ လိုချင်တဲ့အတိုင်း အတာ ကို အပြည့်စုံဆုံး၊ အလျင်မြန်ဆုံး၊ ဖန်ဆင်းနိုင်တယ်လို့ ဗုဒ္ဓကျမ်းစာ တွေထဲမှာ တွေ့ရပါတယ်။

လေ့ကျင့်မှု အခါခါအထပ်ထပ် စမ်းသပ်မှုပြုစု ပျိုးထောင်မှု ၊ ဆန့်ကျင်ဘက်တွေ ဝေးသထက်ဝေးအောင် ဖယ်ရှား သန့်စင်ပေးရမှုတွေကို စွမ်းအား တကာတွေထက် စွမ်းအားအထက်ဆုံး သမာဓိ စွမ်းအားရှင်၊ တန်ခိုးရှင်ကြီးတွေသော်မှ ပြုလုပ်ရပါသေးတယ် ဆိုလျှင် အခြားအခြားသော လောက ဖန်တီးရှင်တွေအတွက် ပြောစရာတောင် လိုမည် မထင်ပါ။

ဖြစ်သင့်ဖြစ်ထိုက်တာ ဆိုလျှင် ဘယ်လောက်ခက်ခဲတဲ့ အရာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမှာပဲ ရှိရှိ ဘာအကြောင်းကြောင်းတွေ က ပဲ ခံနေနေ မဖြစ်ဖြစ်အောင် လုပ်နိုင်ဖို့ ဆိုတာ အရေးကြီးဆုံးပေါ့။

ဒီတော့ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေးတရားတော် ကို နာယူပြီးတဲ့အခါမှာ ဘုရားဟောလည်း ဖြစ်ပြန်၊ အတိတ်က သာဓကတွေလည်းရှိ၊ ပစ္စုပ္ပန်မှာ လည်း လက်တွေ့ရှိနေတဲ့ သာဓကတွေကို (ဘင်္ဂလားဒေ့ရှ်မှ ပါမောက္ခ တစ်ယောက် အသေးစား ငွေချေးဘဏ် ထူထောင်ရာမှာ အောင်မြင်နေကြောင်း) ဖတ်ရှု ကြားသိနေကြရတာဖြစ်လို့ သဘောတူရာ ကျွမ်းကျင်သူ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး လိုအပ်သမျှ ကြိုတင် ပြင်ဆင် ဆောင်ရွက်၍ နည်းအမျိုးမျိုး ထိုက်သင့်သလို သုံးပြီး ပြုလုပ်သင့် ကြပါတယ်။

ဒါကြောင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး (၀ါ) ဆင်းရဲသားပယ်ဖျက်ရေး တရားတော်ကို ပြုစု ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

အရှင်သုဒဿနဘိဝံသ

ဗိုလ်တောင်ဆရာတော်(မြိတ်)

(အနိစ္စ ဒုက္ခ အနတ္တ ရုပ်နာမ်ငြီးငွေ့ ၀ိပဿနာ တရားတွေချည်းတွင်တွင် ဟောပြောနေတဲ့ ခေတ်ကာလ မှာ ဗိုလ်တောင်ဆရာတော်လို လင်္ကာရအဘိဝံသ ဘွဲ့ရ ဆရာတော်ကြီးတစ်ပါးရဲ့ ဆင်းရဲ ပပျောက်ရေးတရား ကို ဖတ်ရှု ရတဲ့အခါ များစွာ ကြည်ညိုလေးစား ရပါတယ်။ လက်ရှိ မျက်မှောက် လူမှု ဒုက္ခ အ၀၀ ကို လစ်လျူရှုမထား.. ခေတ်စနစ်နဲ့ အညီ လိုအပ်ချက် ကို ဗုဒ္ဓအဆုံးမ နဲ့ အညီ လမ်ညွှန်ပေးတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ အဆိုပါဆရာတော်ကြီးဟာ ၆ ဘာသာဂုဏ်ထူးရှင် ပထမကျော် ဓမ္မာစရိယ အရှင်ဆန္ဒာဓိက ရဲ့ ဆရာတစ်ဆူလည်း ဖြစ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ဆင်းရဲသား ပပျောက်ရေးတရားတော် စာအုပ် ပါ တရားအားလုံးကို ဆရာတော်ကြီးရဲ့ ခွင့်ပြုချက်ရယူပြီးဆက်လက်ဖေါ်ပြပေးသွားပါ့မယ်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP