* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 22, 2009

*တရံရောအခါက...*

*တရံရောအခါက...*

ဒီ ကဗျာလေး ကိုတော့ ကျွန်တော် ပြင်ဦးလွင်၊ စာပေ -၂ မှာ နေစဉ် 13.10.2007, SAT: တုန်းက ရေးစပ်ခဲ့တာပါ။ ဒီကဗျာလေးကို ရေးစပ် ဖြစ်သွားစေတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့...

အေးချမ်းတဲ့ ဆောင်းညလေး တစ်ညမှာ ပေါ့ဗျာ.. သူငယ်ချင်း နှစ်ယောက် အရက်မူးပြီး အဆောင်မှာ သောင်းကျန်းတယ်။ သူ့တို့ဟာ သူသောင်း ကျန်းရုံတင် အားမရဘဲ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းကို ကော်ကော် ပြီးဆဲတယ်ဗျာ ..။ ဘာတွေ မကျေနပ် မှန်းလည်း မသိပါဘူး..။ တရားရှု ကြည့်ပေမယ့်လည်း ကျွန်တော့်ရင်ထဲမှာ ဒေါမနဿ တွေနဲ့ တအားကို ပူလောင် ခံစားခဲ့ရပါတယ်။ ဒီကဗျာလေးက အဲဒီ ခံစားချက် လေးကို ရင်ဖွင့် ထားတာပါ။ တရံရော အခါကပေါ့ဗျာ...


*တရံရောအခါက...*

လောကဓံ မနှိပ်စက်လည်း
(သူ)လောဘမာန် အဆိပ်တက်လို့
ဒေါသဟန်တွေ ဖိတ်ထွက်ခဲ့...။

အရှုံးပေးခဲ့တာ မဟုတ်ပါ
အမုန်းဝေးစေဖို့
နှလုံးအေးခဲ့တာ...။

သူငယ်ချင်းရေ...
မင်းမခံစားရလည်း
သင်းမာန်ပွားလို့
(ငါ)နပင်းကျန်ချင်ခဲ့သေး...။

ဒါပေမယ့်...
ရန်မပီသစေဖို့
ခန္တီစကို ကျင့်သုံးခဲ့...။

အော်...
ဆူဝေစေတဲ့ အရက်တန်ခိုးကြောင့်
လူတွေပေမယ့် အရှက်တန်ဖိုး နည်းခဲ့တာပါကလား...။ ။

လေးစားစွာဖြင့်
ဖိုးသား

4/21/2009, TUE:, 9:43:49 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP