* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 22, 2009

ကာလဒါနတို့သည် ငါးမျိုး...


ကာလဒါနသုတ်

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ ဧည့်သည် 'အာဂန္တုက' အား အလှူကို ပေးလှူ၏။
၂။ ခရီးသည်အား အလှူကို ပေးလှူ၏။
၃။ လူနာအား အလှူကို ပေးလှူ၏။
၎။ ငတ်မွတ်ခေါင်းပါးသော အခါ၌ အလှူကို ပေးလှူ၏။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူ၏။

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။
အလှူခံ၏ စကားကို သိတတ်ကုန်သော နှမြော ဝန်တိုမှု ကင်းသော ပညာရှိတို့ သည် လျှောက်ပတ်သောအခါ၌ ပေးလှူကြကုန်၏၊ ဖြူစင် ဖြောင့်မတ်သည့် တာဒိ ဂုဏ်ရှိသော ပုဂ္ဂိုလ်တို့၌ အထူးကြည်လင်သော စိတ်ဖြင့် လျောက်ပတ်သော အခါ ၌ ပေးလှူ၏၊ ထိုပုဂ္ဂိုလ်၏ အလှူသည် ပြန့်ပြော၏။ အကြင်သူတို့သည် ထိုအလှူ၌ ဝမ်းမြောက်လည်း ဝမ်းမြောက်ကြကုန်၏၊ အမှုကြီးငယ် 'ဝေယျာဝစ္စ' ကိုပြုလည်း ပြုလုပ်ကုန်၏၊ ထိုသို့ ဝမ်းမြောက်ခြင်း အမှုကြီးငယ်ကို ပြုခြင်းကြောင့် အလှူသည် မယုတ်မလျော့နိုင်၊ ထိုဝမ်းမြောက်သူ (ဝေယျာဝစ္စ) ပြုသူတို့သည်လည်း ကုသိုလ် ၏ အဖို့အစုကို ရကြကုန်၏။ ထို့ကြောင့်တွန့်တိုခြင်းကင်းသော စိတ်ရှိသူသည် အ လှူ ပေးသည်ရှိသော် ကြီးကျယ်သော အကျိုးရှိနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရာ၏၊ ကောင်းမှု ကုသိုလ်တို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ ထောက်တည်ရာ ဖြစ် ကုန်၏။36


၆ - ကာလဒါနသုတ်၊ သုမန၀ဂ်၊ ပဉ္စက၀ဂ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP