* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 8, 2009

အုပ်ချုပ်သူနှင့် နိုင်ငံသာယာရေး

ဓမ္မတာအားဖြင့် မြင့်မြတ်သူတို့ အုပ်ချုပ်သောနိုင်ငံသည် သာယာ၏။ ယုတ်ညံ့သူတို့ အုပ်ချုပ်သောနိုင်ငံသည် မသာယာ။ ထိုစဉ်က ကပိလ၀တ်နိုင်ငံသည် မြင့်မြတ်သူအုပ်ချုပ်သောနိုင်ငံဖြစ်၏။ ထိုကြောင့်သာယာ၏။ သာယာသည်ဆိုရာ၌ ရုပ်ပိုင်ဆိုင်ရာတိုးတက်မှုများရှိသည်ကို ဆိုသည်မဟုတ်။ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုများ ရှိသည်ကိုလည်း ဆိုသည်မဟုတ်။ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တိုးတက်မှုများရှိသည်ကိုသာ ဆိုခြင်းဖြစ်၏။


ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ တိုးတက်မှုမရှိပါဘဲ ရုပ်ပိုင်းဆိုင်ရာများသာ တိုးတက်လာလျှင်လည်းကောင်း၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာများသာ တိုးတက်လာလျှင်လည်းကောင်း၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာများနှင့် စိတ်ပိုင်းဆိုင် ရာများ နှစ်မျိုးလုံးတိုးတက်လာလျှင်လည်းကောင်း ယင်းသို့တိုးတက်လာခြင်းသည် လောက၌ ကောင်းသော လက္ခဏာကို မဆောင်၊ သုစရိုတ်များ ထွန်းကားမှုကို ဖြစ်ပေါ်အောင်မလုပ်၊ အနိုင်ကျင့်ဝါဒကိုသာ ဖတ်တွယ်တတ် သဖြင့် လောက၌ မကောင်းသောလက္ခဏာကိုသာ ဆောင်၏။ ဒုစရိုတ်များ ထွန်းကားမှုကိုသာ ဖြစ်စေ၏။


ထိုကြောင့် သာယာသည်ဆိုရာ၌ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ထွန်းကားမှုရှိခြင်းကိုသာ ဆိုပါမှ မှန်ကန်မည်ဟူ၍ နားလည်အပ်၏။


ဦးရွှေအောင် ၊ ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င်၊ ရာပြည့်စာအုပ်တိုက်၊ ၂၀၀၃-ခုနှစ်၊ စတုတ္ထအကြိမ်၊ စာ-၂၆၇)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP