ဓာတ်တော်ခြောက်ပါးကို ဖြစ်ပျက်ရှုရန်
ဒကာ-ဒကာမတို.၊ ရခဲလှတဲ့ ဒုလ္လဘတရား ငါးပါးမှာ ဘဝတိုင်း ဘဝတိုင်း သဒ္ဓါတရားနဲ. ပြည့်စုံမှု ရှိချင်မှ ရှိပါလိမ့်မယ်၊ ဒါကြောင့် ယခုသဒ္ဓါတရားနဲ. ပြည့်စုံနေတုန်း မြန်မြန်မဂ်ဉာဏ်ရအောင် လုပ်ပါ၊ သေမှာကို ကြောက်ရင် မဂ်ဉာဏ်ကို ရအောင်ယူ၊ မဂ်ဉာဏ်ရပြီဆိုရင် သေမင်းက မမြင်နိုင်တော့ဘူး၊ ဒါကြောင့်ဝိပဿနာအလုပ်ပို မလုပ်ဘဲနေရင် “နင်သေချင်သေးလို.လား” လို. ကိုယ့်ကိုယ်ကို ပြန်မေးပါ။ မသေချင်ရင်တော့ ခန္ဓာငါးပါး အပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုကြပေတော့။
ဝိပဿနာဆိုတာ အသေကို အရှင်နဲ. ကြည့်တာလို.မှတ်ပါ။ တောကျောင်း တောင်ကျောင်းကိုသွားပြီး ရှုမှရတာ မဟုတ်ပါဘူး၊ ကိုယ့်အသေက ခန္ဓာထဲမှာ ရှိပါတယ်။ တောကျောင်း တောင်ကျောင်းကိုသွားပြီး ရှုမှ ရတာ မဟုတ်ပါဘူး။ ကိုယ့်အသေက ခန္ဓာထဲမှာ ရှိပါတယ်။ ကိုယ့်အသိကလည်း ခန္ဓာထဲမှာပဲ ရှိပါတယ်။ အဲဒါ ကမ္မဋ္ဌာန်းကျောင်း အထူးလိုက်ရှာနေစရာ မလိုပါဘူး၊ တရားနာတာကို ကုသိုလ်ရရုံ မနာကြဘဲ နိဗ္ဗာန်ရအောင် လုပ်ကြဖို. လိုပါတယ်။
ဝိပဿနာရဲ. အကျိုးကျေးဇူးများပုံကို ပြောရရင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးလက်ထက်က ဘိက္ခုနီမငါးရာက သွန်သင်ဆုံးမပါဦး ဘုရားလို.လျှောက်ထားတာနဲ. ရှင်နန္ဒမထေရ်က ဟောကြားဆုံးမတယ်၊ သူဟောကြားပုံကတော့ ကိုယ်ရယ်၊ လေရယ်၊ နေရယ်၊ ဒီသုံးခုရှိနေမှ ဖဿဆိုတဲ့ တွေ.ထိမှု ဖြစ်ပေါ်လာတယ်။ အခံဓာတ်၊ အဖိဓာတ်၊ အထိဓာတ် လို.ခေါ်တယ်။ ဒီသုံးမျိုးကြောင့် “အပေါ်ဓာတ်” ပေါ်လာတယ်၊ ဒီအပေါ်ဓာတ်ဟာ အကြောင်း သုံးမျိုးကြောင့် ပေါ်လာတာ၊ ဝေဒနာပေါ်လာတာဟာ အကြောင်းကြောင့် အကျိုးပေါ်တာ။ ရေ၊ မြေ၊ နေ၊ လေ တို.နဲ. လွတ်အောင် မနေနိုင်တော့ဘူး၊ ၎င်းတို.နဲ.တွေ.ရင် ဝေဒနာပေါ်ရမယ်။ မွှေးတယ်၊ နံတယ်၊ အေးတယ်၊ ပူတယ် ဆိုတာတွေဟာ ဝေဒနာတွေပဲ။
ခန္ဓာကိုယ်ထဲက ဖြစ်ပေါ်လာတဲ့ ကာယဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိနဲ. လိုက်နေရုံနဲ. မပြီးသေးပါဘူး၊ သမ္ပဇညနဲ. လိုက်ပါဦး၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိတာက သတိလို.မှတ်၊ ဒီကိုယ်ကြီး ရှိနေတော့ ကိုယ်ပေါ်မှာ ဝေဒနာအမျိုးမျိုးပေါ်မှာပဲ၊ ဒီကိုယ် အနိစ္စမို. ကိုယ်ကို မှီပေါ်ရတဲ့ ဝေဒနာဟာလည်း အနိစ္စပဲလို. မြင်-သိ နေရမယ်။ ဒီလို ပျက်သင့်လို. ပျက်တာမှန်း သိတာက “ သမ္ပဇည” လို.မှတ်၊ ဒါကြောင့် ပျက်သင့်လို. ပျက်တာမှန်းသိအောင် ဖြစ်ပျက်ကို ရှုပေးပါလို. ရှင်နန္ဒက ဟောတော်မူတယ်။
ဥပမာပြရင် မီးထွက်တဲ့အခါမှာ မီးခွက်၊ ဆီ၊ မီးစာ ဒီသုံးခုပေါင်း အလင်းရောင်ထွက်လာသလို၊ ကွဲတတ်တဲ့မီးခွက်၊ ကုန်ခန်းတတ်တဲ့ ဆီ၊ လောင်ကျွမ်းတတ်တဲ့ မီးစာ၊ ဒီသုံးခုပေါင်းမှ မီးအလင်းရောင်ထွက်ရတာမို.၊ ဒီအလင်းရောင်ကို မြဲချင်လို. မရဘူး၊ ဒီအလင်းရောင်ဟာ ဝေဒနာနဲ.တူတယ်၊ ဒါကြောင့် ဝေဒနာဟာ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့ အနတ္တ တွေပဲလို.၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်တာကို ရှုပေးကြရမယ်။
စိတ်တစ်မျိုး တစ်မျိုး ပေါ်တိုင်းလည်း ဖြစ်ပျက်ရှု၊ ရုပ်ကလေး တစ်မျိုး တစ်မျိုး ပြောင်းတိုင်းလဲ ဖြစ်ပျက်ရှုပါ၊ ခင်ဗျားတို. အဘိုး၊ အဘွားတွေလည်း အနိစ္စရောက်ကုန်ခဲ့ပြီ၊ ခင်ဗျားတို.လည်း အနိစ္စတွေက မွေးခဲ့လို. အနိစ္စတွေပဲ၊ ခင်ဗျားတို. မွေးမယ့် ကလေးတွေလည်း အနိစ္စ။ နံ၊ စား၊ ထိ၊ သိတိုင်း ဖြစ်ပျက်ရှုပါ။ ဖြစ်တာကလည်း ဒုက္ခ၊ ပျက်တာကလည်း ဒုက္ခလို. မြင်အောင် ရှုပါလို. ရှင်နန္ဒက ဟောတဲ့အခါမှ ဘိက္ခုနီမ ငါးရာတို.ဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာမတွေ အသီးသီး ဖြစ်ကုန်ကြတယ်။
ဒါကြောင့် ဝေဒနာရှုရင် တဏှာကုန်တယ်၊ တဏှာကုန်တော့ နိဗ္ဗာန်ကို ရောက်တာပဲ၊ ရှုပုံ ရှုနည်းချည်း ဟောနေတာ၊ ဒီဖဿဝေဒနာတို.ဟာ ရောနေလို.၊ တစ်ခုရှုလိုက်ရင် အကုန်ပါတော့တာပဲ၊ ဝိပဿနာအရာမှာ စိတ်ပေါ်ပေါ်၊ ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ. ပျက်တာလို. ရှုပေးဖို.သာလိုပါတယ်။ ကိုယ်ပေါ်မှာ သုခပေါ်ပေါ်၊ ဒုက္ခပေါ်ပေါ် ဖြစ်တာနဲ. ပျက်တာပဲ ပေါ်တယ်။ ဝိဉာဏ်- နာမ်ရုပ်- သဠာယတန- ဖဿ- ဝေဒနာ- စိတ်- စေတသိတ်- ရုပ် တို.ကိုလည်း ပေါ်လာတိုင်း စောင့်ကြည့်ပါ။ ရွံစရာ၊ မုန်းစရာတွေလို. ငြီးငွေ.တဲ့စိတ်တွေ ပေါ်လာတော့တာပဲ။ ဖြစ်ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေ အဆင့်ဆင့် ရင့်သန်ပြီး ဒီခန္ဓာကြီးကို မလိုချင်တော့ဘူး။ ရွံလာမုန်းလာပြီး ခန္ဓာရဲ. လွတ်ရာ လွတ်ကြောင်းကိုသာ ကြံစည်တော့တယ်။ ဒါဟာ ဒုက္ခပိုင်းခြားတဲ့ ဉာဏ်ပဲ၊ “ သဗ္ဗေသင်္ခါရာ ဒုက္ခာ” ဆိုတဲ့အတိုင်း ဖြစ်သမျှ ဒုက္ခတွေချည်းမို. ဖြစ်ပျက်ကို ရှုပါ၊ ဖြစ်ပျက်မှ တစ်ပါး ဘာမှ မရှိပါဘူး။
ဥပမာတစ်ခု ပြောရရင် အိမ်တစ်အိမ်ကို မီးအကြီးအကျယ် လောင်တဲ့ အခါမှာ မီးကို မြင်ခြင်းအားဖြင့် ဒီအိမ်မှာရှိတဲ့ ထုပ်တန်းကို မီးလောင်တာ ထရံကိုလောင်တာ၊ ကြမ်းကိုလောင်တာလို. ခွဲခြားပြီး မပြောနိုင်သလို ဖြစ်ပေါ်ပြီး ပျက်တာပါပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခကို သာရှုပါ၊ သတိ၊ ပညာနဲ. ရုပ်ပျက်နာမ်ပျက်တို.ကို ကြည့်ရှုနေလို. ဝိပရိဏာမဖောက်ပြန် ပျက်စီး နေပါကလားလို. သိလာပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉာဏ် ပေါ်လာတော့တာပဲ။
ဘုရားကိုယ်တော်မြတ်ကြီးက ဝိပဿနာမရှုသောသူဟာ ပရမ်းပတာ ကျဖို.ဘေး၊ ငရဲဘေး၊ တိရစ္ဆာန်ဘေးတွေနဲ. တွေ.ကြုံရမယ်။ သေခါနီးမှာ သားသမီး၊ လင်မယား၊ ပစ္စည်း ခင်တွယ်တာတွေကြောင့် အပါယ်ဘေးနှင့် နီးလွန်းလို. ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကို ရအောင်လုပ်ကြရမယ်၊ ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကူးမှ အပါယ်ငရဲဘေးမှ လွတ်ကြရမယ်၊ သောတာပန်များဟာ အောက်သံသရာ ဘေးသင့်ခြင်း မရှိတော့လို. သေရမှာကို မကြောက်တော့ဘူး၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးက လွန်ပြီ(လွတ်ပြီ) လားရာဂတိမြဲမယ်။
ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါးထက် မြတ်တာ ဘယ်မှာမှ မရှိဘူး၊ ဘုရားတောင် တရားကျင့်မှ ဘုရားဖြစ်တယ်၊ ဘုရားတောင် တရားကို ပူဇော်ကိုးကွယ်သေးတယ်၊ ဤတရားရတနာဟာ ရတနာအမှန် ဧကန်ဖြစ်ကြောင်း သိသဖြင့် ထီးနန်းကို စွန်.ကာ တက္တသိုလ်ပြည်ကြီးမှ ခွာပြီး ယူဇနာတစ်ရာကိုးဆယ့်နှစ်ယူဇနာ ဝေးတဲ့ ရာဇဂြိုဟ်ပြည် ဘုရားကိုယ်တော်မြတ်ကြီး သီတင်းသုံးရာ အရပ်ကို ထီးမဆောင်း၊ ဖိနပ်မပါ၊ ဇွဲကြီးစွာဖြင့် ဒုက္ခမျိုးစုံခံကာ ဘုရားကိုယ်တော်မြတ် ထံမှောက်မှာလာပြီး တရားနာယူ ကျင့်သုံးတာနဲ. ကျွတ်တမ်းဝင်သွားတဲ့ ပက္ကုသာတိမင်းကြီး ထုံးကို နှလုံးပြုပြီး ကြိုးစားကြပါလို. သတိပေးလိုက်ပါတယ်။
အဲဒီ ပက္ကုသာတိမင်းကြီးကို ဟောတဲ့တရားက ပထဝီဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ အာပေါဓာတ်၊ ဝိညာဏဓာတ်၊ အာကာသဓာတ်လို. ဓာတ်ခြောက်ပါးရှိတယ်။ ဓာတ်ဆိုတာသည် သူ.သဘော သူလုပ်ပြီး သူ.သဘော သူဆောင်တာပဲ။ လူတို.ရဲ. သဘောကို မလိုက်ဘူး။ သတ္တဝါဆိုတာ ဒီဓာတ်ခြောက်ပါး အစုအဝေးကြီးပါပဲ။ ဒီဓာတ်ခြောက်ပါးဟာ သူ.သဘောအတိုင်းဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ။ သူ.သဘော သူဆောင်တာပဲ၊ ဒီလို ဓာတ်ခြောက်ပါးရဲ. ဖြစ်ပျက်နေတဲ့ သဘောကို မြင်အောင်ရှုပါ။
သတ္တဝါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲကြီးမို. သူ.သဘော သူဆောင်နေတာပါကလား၊ မိမိအလိုကို မလိုက်ပါကလား၊ အစိုးမရပါကလား (အနတ္တ)ပါကလားလို. ဓာတ်တွေရဲ. ဖောက်ပြန်ပျက်စီး ယိုယွင်းနေပုံကို မပြတ်မလပ် ထင်မြင်လျှင် ပက္ကုသာတိမင်းကြီးလို မဂ်ဉာဏ်ကို ရက်တိုတိုနှင့် ရရှိအောင် ဓာတ်ခြောက်ပါးကိုသာ ဖြစ်ပျက်ရှုကြပေတော့ ဒကာ-ဒကာမတို.။
(ဆရာကျော်နန္ဒအောင် စုဆောင်းပူဇော်သည့် ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်းများ ပထမတွဲမှ ကောက်နုတ်ဖော်ပြပါသည်။)

0 comments:
Post a Comment