* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 8, 2009

နှစ်သစ်လက်ဆောင်

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီး ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေလည်းဝေနေပြီ။အော်….ငါတို့၏ အသက်လည်း တစ်နှစ်ကြီးပြီး သေနယ်သို့တစ်ရက်နီးလာပြီ။ နှစ်ဟောင်းမှာ မိမိတို့ ဘာတွေလုပ်ခဲ့လဲ နှစ်သစ်မှာဘာတွေလုပ်ရမလဲဆိုတာကို ပြန်လည်ဆန်းစစ်သင့်ပြီ။ တစ်နှစ်ပတ်လုံး ဇနီး၊ သားသမီး၊ မြေး နှင့် မိသားစုတွေအတွက် ဘ၀ပင်လယ်ထဲမှာ စီးမျောပြီး ပန်ပင်းကြီးစွာ ကူးခတ်နေခဲ့ရသည်။ ယခုလို အားလပ်တဲ့ မြန်မာနှစ်ကူး အတာတန်ခူးသင်္ကြန်မှာ အပျော်အပါးတွေနဲ့ နစ်မျောပြီး ဘ၀ပင်လယ်ထဲမှာ ဆက်လက်ကူးခတ်မနေဘဲ တရားဘာဝနာ အားထုတ်နိုင်ရင်အားထုတ် အားမထုတ်နိုင်ရင်တောင်မှ မကောင်းမှုဒုစရိုက်များ စည်းမဲ့ကမ်းမဲ့ မြန်မာယဉ်ကျေးမှုနှင့်မညီသော ရေကစားမှုများကို ရှောင်ရှားပြီး ဘုရားကျောင်းကန်သွားခြင်း၊ ဥပုလ်သီလဆောက်တည်ခြင်း၊ လူကြီးမိဘ ဆရာသမားများ သက်ကြီးရွယ်အိုများကို ကန်တော့ခြင်းဖြင့် မိမိနောက်ပါအောင် ကောင်းမှုကုသိုလ်များကို နှစ်သစ်မှာ ပြုလုပ်စေချင်ပါသည်။ နှစ်ဟောင်းကအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောခြင်းဖြင့် မရပါ။မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော တရားရေအေးဖြင့်သာ စင်ကြယ်အောင်ဆေးကြောနိုင်ပါသည်။ “ဘယ်သူမပြုမိမိအမှု” ဆိုသကဲ့သို့ ကိုယ်ပြုသမျှ ကံ သည်ကိုယ်သာခံရမည်ဖြစ်သည်။ယခုလိုရခဲလှစွာသော လူ့ဘ၀မှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော တရားတော်များကို ကျင့်ကြံ ကြိုးကုတ်အားထုတ်ခြင်းဖြင့် မျိုးစေ့ကောင်းလေးများကို စိုက်ပျိုးနိုင်ကြပါစေလို့ နှစ်သစ်အတွက်ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP