* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 8, 2009

တရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်...

ပဌမ ဣဓလောကိကသုတ်-မှ (ဤလောက)

အခါတစ်ပါး၌ …
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ် ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါဝိသာခါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

တစ်ခုသောနေရာ၌ ထိုင်နေသော ဝိသာခါအား မြတ်စွာဘုရားသည်-

ဝိသာခါ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်
ဤ(ပစ္စုပ္ပန်)လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊
ဤလောကကို အားထုတ်၏။

အဘယ် လေးမျိုးတို့နည်းဟူမူ-

ဝိသာခါ ဤလောက၌ မာတုဂါမသည် …

၁။ အမှုကိစ္စတို့ကိုကောင်းစွာ ပြုလုပ် စီရင်တတ်၏၊
၂။ အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက် ထောက်ပံ့တတ်၏၊
၃။ လင်၏နှစ်သက်ဖွယ်ကို ပြုတတ်၏၊
၎။ စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်တတ်၏။

၁…
ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင် တတ်သနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် ''သိုးမွေး (ပြုပြင်လုပ်ကိုင်ရန်) အလုပ်၊ ဝါချည် (ပြုပြင်လုပ်ကိုင်ရန်) အလုပ်'' ဟူ၍ လင်၏ အိမ်တွင်းမှု အလုပ်၌ ကျွမ်းကျင်၍ မပျင်းမရိတတ်၊ ထိုအိမ်တွင်းမှု လုပ်ငန်း၌ အကြောင်း ဥပါယ်ဖြစ်သော စုံစမ်းမှု ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီမံရန် စွမ်းနိုင်၏၊ ဝိသာခါ ဤသို့ လျှင် မာတုဂါမသည် အမှုကိစ္စတို့ကို ကောင်းစွာ ပြုလုပ် စီရင်တတ်၏။

၂…
ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက် ထောက်ပံ့တတ်သနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် လင်ယောက်ျား၏ အိမ်တွင်းသား ဖြစ်ကုန်သော ''ကျွန် အစေခံ အမှုလုပ်'' ဖြစ်သည့် အတွင်းလူတို့၏ ပြုလုပ်သည်ကိုလည်း ပြုလုပ်သောအားဖြင့် သိ၏၊ မပြုလုပ်သည်ကိုလည်း မပြုလုပ် သောအားဖြင့် သိ၏၊ ဖျားနာသူတို့ အားရှိသည် မရှိသည်ကိုလည်း သိ၏၊ ထိုအတွင်း လူ အပေါင်းအား ခဲဖွယ် ဘောဇဉ်ကို အသီးသီး မိမိတို့၏ အဖို့အားဖြင့် ဝေဖန်တတ် ၏၊ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် အခြွေအရံ ပရိသတ်တို့ကို ချီးမြှောက် ထောက်ပံ့တတ်၏။

၃…
ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် လင်၏ နှစ်သက်ဖွယ်ကို ပြုတတ်သနည်း၊ ဝိသာခါ ဤလောက၌ မာတုဂါမသည် လင်၏ မနှစ်သက်ဖွယ်ဟု ဆိုအပ်သော အမှု ကို အသက်ဟူသော အကြောင်းကြောင့်လည်း လွန်ကျူး၍ မကျင့်။ ဝိသာခါ ဤသို့ လျှင် မာတုဂါမသည် လင်၏ နှစ်သက်ဖွယ်ကို ပြုတတ်၏။

၎…
ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် လင်ယောက်ျား စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်း စောင့်ရှောက်တတ် သနည်း၊ ဝိသာခါ ဤလောက၌ မာတု ဂါမသည် လင်ယောက်ျား ဆောင်ယူခဲ့သော ဥစ္စာ စပါး ရွှေ ငွေတို့ကို စောင့်ရှောက် ၏၊ လုံခြုံစေ၏။ ထိုပစ္စည်း ဥစ္စာတို့အပေါ်၌ အပျော်မကြူး တတ်သူ၊ မခိုးမဝှက်တတ် သူ၊ အရက်သေစာ မသောက်စားတတ်သူ၊ မဖျက်ဆီးတတ်သူ ဖြစ်၏။ ဝိသာခါ ဤသို့လျှင် မာတုဂါမသည် လင်ယောက်ျား စုဆောင်းအပ်သော ပစ္စည်းဥစ္စာကို ထိန်းသိမ်းစောင့်ရှောက် တတ်၏။

ဝိသာခါ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ဤပစ္စုပ္ပန်လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ ဤလောကကို အားထုတ်၏။ 49

၉ - ပဌမ ဣဓလောကိကသုတ်-မှ၊ ဥပေါသထဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP