* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 25, 2009

ခွက်လက်စွဲလျက် အသက်မွေးရခြင်းကား...

ဇီဝိကသုတ်- (အသက်ရှည်ခြင်း၊ အသက်မွေးခြင်း)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အသက်မွေးမှုတို့တွင် ဆွမ်းခံလှည့်လည်၍ အသက်မွေးရခြင်းသည် ယုတ်ညံ့လှ၏၊ လောက၌ ဤဆွမ်းခံ၍ အသက်မွေးသူသည် ''ဤသူဖုန်းစားကား ခွက်လက်စွဲလျက် လှည့်လည်ဘိ၏'' ဟု အဆဲရေး ခံရတတ်၏၊ ထိုသို့ပင် ဆဲရေး ခံရတတ်သော်လည်း အကျိုးထူးကို အလိုရှိကုန်သော အမျိုးသားတို့သည် အကျိုး ရှိမှုကို စွဲ၍ ထိုဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ကြကုန်၏၊

မင်းအနှောင်အဖွဲ့ ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
သူခိုးတို့ ဖမ်းယူ နှောင်ဖွဲ့ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
ကြွေးမြီ နှိပ်စက်ခံရသည်ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
ဘေးနှိပ်စက်ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
အသက်မွေးခက်သည် ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...။

စင်စစ်သော်ကား ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာ ယာမှု ပြင်းစွာပူပန်မှုတို့ဖြင့် သံသရာ ဝဋ်တွင်းသို့ သက်ဆင်း ကျရောက်ကုန်၏၊ ဆင်းရဲဖြင့် နှိပ်စက်ခံရကုန်၏ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်း သည် ထင်ရှားဖြစ်ပေါ်နိုင်တန်ရာ၏ဟု နှလုံးသွင်းကာ ဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက် ခဲ့ကြကုန်၏၊ ရဟန်းတို့ အမျိုးကောင်းသားသည် ဤသို့ နှလုံးသွင်း၍ ရဟန်းပြုခဲ့၏၊ သို့ပင် ဖြစ်ငြားသော်လည်း ဤအမျိုးကောင်း သားသည် အဘိဇ္ဈာများ၏၊ ကာမဂုဏ်တို့၌ အားကြီးသော ရာဂရှိ၏၊ ဖောက်ပြန် သော စိတ်ရှိ၏၊ ပြစ်မှား လိုသော စိတ်အကြံရှိ၏၊ လွတ်သော သတိရှိ၏၊ ဆင်ခြင် ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏၊ မစောင့်စည်းသော ဣနြေ္ဒရှိ၏၊ ရဟန်းတို့ (အရင်းအဖျား) နှစ်ဖက်၌ မီးလျှံစွဲငြိ၍ အလယ်၌ မစင်လိမ်းသော သူကောင် ဖုတ်ကြွင်း ထင်းမီးစသည် ရွာ၌လည်း ထင်းအဖြစ်သို့ မရောက် တော၌ လည်း အသုံးမကျ သကဲ့သို့ ရဟန်းတို့ လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်း ဖြစ်ကျိုးလည်း မပြည့်စုံသည် ဖြစ်ရကား ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါဘုရား ဟော၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်း ဖြစ်ကျိုးကိုလည်း မကောင်းသဖြင့် ရသောသူသည် သူကောင်ဖုတ်ကြွင်း ထင်းမီးစ ပျက်စီးသကဲ့သို့ ပျက်စီးလျက် ဖရိုဖရဲ ဖြစ်ရ၏။

ယုတ်မာသော သဘော ရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့်စည်းကုန် သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့ သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

သီလလည်း မရှိ၊ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည်သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင် သော သံတွေခဲကို စားရခြင်းကသာ၍ ကောင်းမြတ်သေး၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ ၉၁

၂ - ဇီဝိကသုတ်၊ ပဉ္စမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP