* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 25, 2009

အတွေ့ ချင်ဆုံး လူ(၁၀)ယောက်


အခုတလော စာရေးချင်ပေမဲ့ မအားလွန်း ကံဇတ်ဆရာစီရင်ဖန်ဆင်းအပ်သော၊ ဘ၀ဇာတ်ခုံပေါ် တွင်၊ ကျနော်သည် ခုနှစ်ထွေအကကို ပိုင်နိုင်အောင် ကနေရသည်မို့၊ ခုဘီလူး တော်ကြာရသေ့ နောက်တဖန် ဇော်ဂျီ… စသည့်ဇတ်ရုပ်များကို ကျရာအရုပ်အဟုတ်တူအောင် ကနေရင်း နဲ့ ပဲ၊ ဘလော့မလည်ြုဖစ်၊ စာမဖတ်ဖြစ်…ပိုဆိုးတာက မြန်မာ ပြည်ကြီး၏ မဟာကွန်နက်ရှင်၊ …ထား ပါတော့လေ.. သည်မျှသုံးနေရသည်ကိုပဲ.. ကျေးဇူးတင်နေရပါသည်။

မကလျာက(မေတ္တာရောင်ပြန်)က တက်ဂ်ထားတဲ့ အတွေ့ ချင်ဆုံးလူ…အဲ(၁၀) ယောက်ထဲ ဆိုတော့ ရေးရကျပ်နေပြန်သည်၊ တကယ်တွေ့ ချင်နေတာက အား လုံးကိုပါ၊ ရေးဖေါ်ရေးဖက် အား လုံးကိုတွေ့ ချင် ပါသည်၊ ကျနော့် စိတ်ထဲမှာ အား လုံး ကို တကယ့် မောင် နှမလို ပဲတွေ့ ချင်ပါသည်၊ မောင်နှမတွေ မိတ်ဆွေတွေ..ကလျာဏမိတ်တ္တတွေ.. ထိုထက်ပိုပြီးပြောရလျှင် အတူတကွ သံသရာ ခရီးသွားဖေါ်များ ဟုဆိုသော်… ဆိုကောင်းပါ၏။

ကလျာဏမိတ္တ..ရှင်တော်ဗုဒ္ဓက ..“ငါသည်အလုံစုံသောသူတို့၏ ကလျာဏမိတ္တ” ဟု ဆို၏

ထိုမလွဲသောစကားဖြင့် မိတ္တဂုဏ်ကိုချီးမွမ်း၏.. သို့သော်ကလျာဏမိတတသာလျင်… ကလျာဏကို၊ ပါဠိအဘိဓာန်တွေ ထဲမှာ နာမ၀ိသေသနအဖြစ်(၈)မျိုး၊ နာမ်အဖြစ်(၄)မျိုး ဖွင့်ကြောင်းကိုဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က ရေး ထား ဖူး သဖြင့် မှတ်မိနေသည်၊

ကလျာဏမိတ္တကို အဆွေ ခင်ပွန်းကောင်းဟု ပြန်၏၊ ထို ခင်ပွန်းကောင်တွေကို ကျနော် တွေ့ ချင် ပါသည်၊ မ်တ်ဆွေကောင်းတွေ နဲ့ ပက်သက် လို့ ပိဋကတ်တော်တွေ ထဲမှာ ဖတ်ဖူး ပါသည် လက်လှမ်း မှီသလောက် ပေါ့လေ။ ကျနော်ကိုယ်တိုင် ကလာည်း မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားနေသည်။ သို့သော် မဖြစ် သေးဟုထင်၏၊ မိတ်ဆွေကောင်း မဟုတ် တောင်မှ။

အညဒတ္ထုဒရ မည်သော အပေးမရှိသည့် မိတ်ဆွေတု။

ဝစီပရမ မည်သော နုတ်ဖြစ်သာပေးလေ့ရှိသော မိတ်ဆွေတု

အနုပီယဘာဏီ မည်သော အကြိုက်လိုက်ပြီးမြှေက်ပစ်ပြောဆိုတတ်သော မိတ်ဆွေတု။

အပါယသဟာယ မည်သော ပျက်စီးရာ ပျက်စီးကြောင်းတို့ တွင်သာ ပေါင်း ဖေါ်တတ်သော
မိတ်ဆွေတု..တော့ မဖြစ်လို။

ကျနော့်အတွက်တော့ ကျနော်မိတ်ဆွေများအာ လုံးသည်၊
ဥပကာရ မည်သော အကျိုးပြုမိတ်ဆွေများ

သမာနသုခ ဒုက္ခမည်သော အေးအတူပူအမျှနေတတ်ကြသည့် မိတ်ဆွေ

အတ္ထက္ခာယီ မည်သော အကျိုးစီးပွားရှိရာအကြောင်း ကို သာပြောတတ်သော မိတ်ဆွေ

အနုကမ္ပကမည်သော အစဉ်သနာ စောင့်ရှောက်တတ်သော မိတ်ဆွေ များ ဟု ကျနော်ဆို ပါသည်။

ထိုမိတ်ဆွေများအား လုံးကို ကျနော်တွေ့ ချင် ပါသည်… သို့သော် မူလ တဂ်သော ဆရာက (၁၀) ယောက်သာ ဟုဆိုချေသောကြောင့်……..။

အစ်ကိုကြီးမင်ဒင်

ကိုလူလှ
ကိုသင်ကာ

ညီလေးအလှတရား
ညီလေးဖိုးသား

မသက်ဇင်
တူမတော်မက်မက်
ညီမတော် ပင့်ဂိုးလ်
မသဇင်ဏီနဲ့

ကျနော်က နတ်သမီး လို ခေါ်တတ်တဲ့ နတ်သမီး ဘလော့ ပိုင် ရှင် ၀င်း ၀င်း တို့ ပါ

အရမ်းစာရေးကောင်းတဲ့ အကိုတွေ ညီတွေ ညီမတွေ အမ တွေရှိသေးတယ် နော် နောက် လာ မယ် ပေါ့ပေါ့လေးတွေ ကို ရင် ထဲရောက် အောင်ရေးတတ် ကျ သူတွေရေ….

ငြိမ်းချမ်းကြ ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP