* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 25, 2011

ဒကာဒကာမများ၏ “အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ”

ဗုဒ္ဓဘာသာဝင် သူတော်စင် လူဒကာဒကာမများ၏
အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ”

လူဒကာဒကာမများ ကုသိုလ်ထူး ရကြမည့် အခွင့်ထူးဖြစ်သည်။
၂၀၁၂-ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ မင်္ဂလ၀ိဟာရကျောင်းတိုက်၌ ကျင်းပမည်။

----------

ပဋ္ဌာန်းသင်တန်း -
ပွဲတော်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် “ပဋ္ဌာန်းသင်တန်း” ပို့ချပေးမည်။
- ဆရာတော် ဦးသုနန္ဒာလင်္ကာရ နှင့် မင်္ဂလ၀ိဟာရ ဆရာတော်များ သင်ကြားပို့ချပေးမည်။
- အခြေခံ ပါဠိရွတ်ဖတ်နည်းများ သင်ကြားပေးမည်။
- ခက်ခဲသည့် ပဋ္ဌာန်းပါဠိတော်များကို ရဲရဲဝံ့ဝံ့ သေသေသပ်သပ် ရွတ်ဖတ်တတ်အောင် လေ့ကျင့်ပေးမည်။
- ပဋ္ဌာန်းဒေသနာတော်လာ သိမှတ်ဖွယ်ရာများကို သုတ္တန်နည်းဖြင့် ရှင်းပြပေးမည်။
- ပစ္စယနိဒ္ဒေသပါဠိတော် ရွတ်ဖတ်နေကျ ဒကာဒကာမများနှင့် အထူးသင့်လျှော်သည်။
- ပဋ္ဌာန်းရွတ်နေကျ မဟုတ်သော်လည်း (ပရိတ်၊ ဓမ္မစကြာစသည့်) ပါဠိရွတ်ဖတ်ကျင့်ရှိသူများ တက်ရောက်နိုင်သည်။

အချိန် ~ ညနေ ၃:၀၀ နာရီမှ ၄:၃၀ နာရီ ။
နေ့ ရက် ~ နိုဝင်ဘာ(၆)ရက်မှ ဒီဇင်ဘာ(၂၅) ရက်နေ့ အထိ (အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း)။
နေရာ ~ မင်္ဂလဝိဟာရကျောင်း ၊30 Jalan Eunos, Singapore 419495

ဆက်သွယ်ရန်
- ဒေါက်တာအရှင်အာစာရ ၊ ☏ ၉၆၄၀ ၉၃၄၄ ၊ ✉ ven.acara@gmail.com
- ဦးမြင့်သိန်း ၊ ☏ ၈၁၅၉ ၃၉၈၉ ၊ ✉ mtheingeo@gmail.com
- ဦးဇော်မျိုးမင်း ၊ ☏ ၈၂၆၁ ၉၅၈၁ ၊ ✉ zawmyomin09@gmail.com
- ဒေါ်ဆုရည်မွန် ၊ ☏ ၉၀၆၆ ၂၄၀၇ ၊ ✉ sarsanamyoset@gmail.com

----------

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP