* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 25, 2011

အပြောသမားမဖြစ်စေနဲ့

ဟန်လောကြီးထဲမှာ ပါးစပ်ချင်း ကြွားဝါနေကြတာပဲ ရှိတယ်၊ ပါးစပ်ပြောဟာ အလုပ်သဘောစစ်စစ်မဖြစ်နိုင်ပါဘူး။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
လူတိုင်းဟာ ဟန်ဆောင်နေကြတာချည်းပါပဲ၊နောက် ပါးစပ်က ကြွားဝါကြပြီး တကယ်တမ်းအလုပ်ကြီး အကိုင်ကြီးလုပ်နေသလိုလို၊ တကယ်ပဲ ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာနေသလိုလို၊ တကယ်ပဲ သဒ္ဓါတရားက အထွဋ်အထိပ်မှာ ရောက်နေသလိုလို၊ လုံးဝကို ကိလေသာ ကုန်ခမ်းနေသလိုလို ယခုလို လိုလိုပေါင်းများစွာနဲ့ ဟန်ဆောင်ပြီး နေနေကြတဲ့ ဤလောကကြီးက ကြည့်တတ်ရင်ကျေနပ်စရာကိုမရှိပါဘူး။ အဟုတ်တကယ်တမ်းလုပ်ဖြစ်တာကို ချိန်ကြည့်လိုက်တော့ ကုသိုလ်နှင့် အကုသိုလ်ဟာ အကုသိုလ်သာ အလေးသာပြီး အချိန်စီးနေကြပေသည်။ စာသားလေးတစ်ခုနဲ့ တင်ပြရရင် အမှန်တရားက ဖိနပ်စီးနေခိုက်မှာ မုသားက ကမ္ဘာပတ်ပြီး ဖြစ်၏ ဆိုသောစာသားကဲ့သို့ လောကလူသားများမှာ မုသားတွေက ကမ္ဘာတောင်မက စင်္ကြ၀ဠာကို ပတ်ပြီးဖြစ်မယ်ထင်ရသော ဤလောကကြီးကို အမှန်တရားက ဦးဆောင်ပြီး လမ်းပြအောင် ကြိုးစားကြမယ်ဆိုရင်ဖြင့် နောက်ကျနေသော သာသနာ၊ ပျက်နေသော စိတ်ဓါတ်တွေ ရေလောင်းပြီး ပေါင်းသင်ကာ ထူထောင်သင့်ကြသည်။ထိုအရာကား အလုပ်နှင့် သက်သေပြခြင်းဖြစ်ပေသတည်း။ ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP