* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 25, 2011

သက္ကရာဇ် ၃၀၁၁ ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အကောင်းဆုံးဆု ရနိုင်မည်ဟုခန့်မှန်းထား၊

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းကို (QS-Quacqarelli Symonds) မှ သုတေသန လုပ်ထုတ်ပြန်ကြေညာခဲ့သည်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) ခုတွင် အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ် (၆) ခု ပါဝင်ပြီး၊ ဗြိတိန်နိုင်ငံမှ တက္ကသိုလ် (၄) ခုပါဝင်သည်။

အာရှအကောင်းဆုံး တက္ကသိုလ် ၁၀၀ စာရင်းတွင်လည်း မြန်မာတစ်ခုမျှ မပါသေး။ သို့သော် ၀မ်းနည်းစရာကား မရှိ။ သက္ကရာဇ် ၃၀၁၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှာ ကမ္ဘာ့ထိပ်တန်း
ဖြစ်လာနိုင်ဖွယ်ရာရှိဟု မောက္ခ သုတေသီများက ဟောကိန်း ထုတ်လိုက်ပါကြောင်း။
နောင် အနှစ် ၁၀၀၀ တွင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ဖြစ်လာမည့် ရန်ကုန်တက္ကသိုလ်၏ ၂၀၁၁ မြင်ကွင်း
နောင် အနှစ် ၁၀၀၀ တွင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ဖြစ်လာမည့် ရန်ကုန်တက္ကသိုလ်၏ ၂၀၁၁ မြင်ကွင်း


ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) မှာ
၁။ ကိန်းဘရစ်ခ်ျ တက္ကသိုလ် (အင်္ဂလန်)
၂။ ဟားဗတ်တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၃။ မန်ဆာချူးဆက်တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၎။ ယေးလ်တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)
၅။ အောက်စ်ဖို့ တက္ကသိုလ် ( အင်္ဂလန်)
၆။ အင်ပီရီယေလ် ကောလိပ်( အင်္ဂလန်)
၇။ ယူနီဗာစီတီကောလိပ် (အင်္ဂလန်)
၈။ ချီကာဂို တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)
၉။ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၁၀။ ကိုလမ်ဘီယာ တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)။

အာရှတိုက်၏ အကောင်းဆုံး တက္ကသိုလ် (၁၀)
၁။ ဟောင်ကောင် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (ဟောင်ကောင်)
၂။ ဟောင်ကောင်တက္ကသိုလ် ( ဟောင်ကောင်)
၃။ စင်္ကာပူ အမျိုးသားတက္ကသိုလ် (စင်္ကာပူ)
၎။ တိုကျို တက္ကသိုလ်( ဂျပန်)
၅။ ကောင်ကောင် တရုတ်တက္ကသိုလ်( ဟောင်ကောင်)
၆။ ဆိုးလ် တက္ကသိုလ် (တောင်ကိုးရီးယား)
၇။ ကျိုတိုတက္ကသိုလ် ( ဂျပန်)
၈။ အိုဆာကာ တက္ကသိုလ်( ဂျပန်)
၉။ တိုဟူးကု တက္ကသိုလ်( ဂျပန်)
၁၀။ ကျိုတို နည်းပညာ တက္ကသိုလ်( ဂျပန်)
အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို http://www.usnews.com/education/worlds-best-universities-rankings/best-universities-in-asia?page=1 တွင် ကြည့်ရှုနိုင်ပါသည်။
ကြိတ်ထား ရန်ကုန်တက္ကသိုလ်၊ ကြိတ်ထား။

Sources; Cambridge Tops Harvard Again in World's Best Universities Rankings

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP