အပိုင်း(၂၁)၊ ကန္နီမြို့စွယ်တော်တိုက်
အပိုင်း(၂၁)၊ ကန္နီမြို့စွယ်တော်တိုက်
စာရေးသူတို့အဖွဲ့သည် အနုရာဓပူရမြို့အနီးတစ်ဝိုက်၌ရှိသော စေတီပုထိုးရုပ်ပွါးတော်များ၊ ပေါလိုနာရုဝမြို့ဟောင်းရှိစေတီပုထိုးရုပ်ပွါးတော်များ၊ စတုတ္ထသင်္ဂါယနာတင်ခဲ့ရာ မလယဇနပုဒ်ရှိ အာလောကလိုဏ်ဂူ စသည်တို့ကို လှည့်လည် ပူဇော်ခဲ့ကြပြီး စွယ်တော်ဓာတ်မြတ် ကိန်းဝပ်တည်ရှိရာ ကန္နီမြို့ဆီသို့ ဦးတည်ခဲ့ကြလေသည်။
ကန္နီမြို့သည် တောင်ပေါ်မြို့ကလေးတစ်မြို့ဖြစ်ပြီး သီရိလင်္ကာ၏ ဒုတိယမြို့တော် ဖြစ်၏။ နှင်းခိုးတဝေဝေဖြင့် နေချင့်စဖွယ်ရှိသည့်အပြင် ဗုဒ္ဓ၏စွယ်တော်ဓာတ်မြတ် ကိန်းဝပ်ရာနေရာတစ်ခုဖြစ်သောကြောင့်လည်း ထင်ရှားလှပါ၏။ စာရေးသူတို့အဖွဲ့သည် ကန္နီမြို့မြန်မာကျောင်းတိုက်တွင် ညအိပ်တည်းခိုကြပြီး နောက်တစ်နေ့မနက်စောစော၊ စွယ်တော်မြတ်ကို အရုဏ်ဆွမ်းကပ်လှူပူဇော်ချိန်ကိုမှန်း၍ စွယ်တော်တိုက်ရှိရာသို့ သွားရောက်ပူဇော်ခဲ့ကြရလေသည်။
ဖြူဖွေးသည့်နှင်းမှုံကြားဝယ် ဝတ်စုံဖြူကိုယ်စီဖြင့် အဖြူရောင်ကြာပန်းကို ကိုင်ဆောင်ကာ အဖြူရောင်စွယ်တော်ဓာတ်မြတ်ရှိရာသို့ ဦးတည်သွားလာ နေကြသည့် လင်္ကာသူလင်္ကာသားတို့၏ မျက်နှာများကား အေးချမ်းလှဘိ၏။ အဝေးမှ လှမ်းမြင်နေရသော အဖြူရောင်စွယ်တော်တိုက်သည်လည်း ရောင်စုံမီးလုံးများကြားဝယ် ခန့်ညားထည်ဝါလှဘိ၏။ စာရေးသူတို့အဖွဲ့သည် | |
| Last Updated on Friday, 09 September 2011 09:53 | |


0 comments:
Post a Comment