Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း တို့၏ တစ်ဦးတည်းသော သမီးလေး မမေမြတ်နိုးခိုင် ၏ မွေးနေ့အလှူ
ယနေ့ ၁၃၇၃ခု ၀ါခေါင်လပြည့်ကျော် (၉)ရက် အင်္ဂါနေ့ ၂၃.၈.၂၀၁၁ ရက်နေ့တွင် ကျရောက်သော Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း တို့၏ တစ်ဦးတည်းသော သမီးလေး မမေမြတ်နိုးခိုင် ၏ မွေးနေ့မှာ
မွေးနေ့လက်ဆောင်အဖြစ် ပေးလိုတာကတော့ ရာသက်ပန် ထာဝရတည်မြဲနေမည့် အရိပ်ပမာ လိုက်နေမည့် ရန်မျိုးငါးပါး မဖျက်ဆီးနိုင်သည့် လူ့ဘုံတွင်သာမက ၃၁ ဘုံလုံးတွင် သုံးစွဲနိုင်သည့် ကုသိုလ် လက်ဆောင်အား ဦးကောဝိဒ (သဒ္ဓမ္မပါလ ကျောင်းတိုက်) မှ မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။
အဆိုပါမွေးနေ့လက်ဆောင်ကား ယနေ့ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းတွင် သံဃာတော်အရှင်သူမြတ်တို့အား နံနက်အရုဏ်ဆွမ်းအဖြစ် ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခဲ့ပြီး ဆွမ်းခံကြွသောသံဃာများထဲမှ အချို့တဲ့ဆုံး ကိုရင်ငယ်တစ်ပါးအား သင်္ကန်းခြင်း တစ်ခြင်းလှူဒါန်းပေးခဲ့ပါသည်။
သမီလေး မေမြတ်နိုးခိုင်လည်း ယနေ့ပြုလုပ်အပ်သော ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆို ၍ မိဘဆွေမျိုးအားနှင့် ၃၁ ဘုံ၌ ကျင်လည်ကြကုနသော နတ်၊လူ၊သတ္တ၀ါအားလုံးတို့ အားအမျှကုသိုလ်ပေးဝေ နိုင်ပြီးယနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိဘကျေးဇူးကိုအထူးသိတတ်ပြီး အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ သာသနာအကျိုး၊လောကအကျိုးများသယ်ပိုးဆောင်ရွက်နိုင်သော သမီးကောင်းရတနာတစ်ဦး ဖြစ်ပါစေ လို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ

0 comments:
Post a Comment