ကြွက် ဥပမာပြ ပုဂ္ဂိုလ် လေးမျိုး...
အဂုင်္တ္တိုရ်ပါဠိတော်၊ စတုက္ကနိပါတ်၊ မူသိကသုတ်လာ လူလေးမျိုး။
မူသိကသုတ်သည် ကြွက်ဥပမာပြသုတ် ဖြစ်ပါသည်။
(၁) ပရိယတ္တိ အလုပ်သာရှိ၍ ပဋိပတ္တိ အလုပ် မရှိသောသူသည် တွင်းသာတူး၍ မအောင်းသော ကြွက်နှင့် တူ၏။
(၂) ပဋိပတ္တိ အလုပ်သာရှိ၍ ပရိယတ္တိ အလုပ် မရှိသောသူသည် အောင်းသာအောင်း၍ တွင်း မတူး သော ကြွက်နှင့် တူ၏။
(၃) စာလည်းမသင်၊ တရားလည်း အားမထုတ်သူသည် တူးလည်း မတူး၊ အောင်းလည်း မအောင်း သော ကြွက်နှင့် တူ၏။
(၄) စာလည်းသင်၊ တရားလည်း အားထုတ်သောသူသည် တူးလည်း တူး၊ အောင်း လည်း အောင်း သော ကြွက်နှင့် တူ၏။

0 comments:
Post a Comment