* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 28, 2011

အာရှရဲ့ အမြင့်ဆုံးဗုဒ္ဓဘာသာဗိသုကာအဆောက်အဦ ပါကစ္စတန်မှာ ပြန်တွေ့ပြီ

တရုတ်ခရီးသွားရဟန်းတော် ဟူယင်ဆန်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင့်လေးရာလောက်က အာရှရဲ့ အမြင့်ဆုံးဗိသုကာအဆောက်အဦကြီးအဖြစ်မှတ်တမ်းတင်ခဲ့တဲ့ ရှေးဟောင်းနေရာတစ်ခုကို ပါကစ္စတန်နိုင်ငံမှာ ပြန်လည်တွေ့ရှိခဲ့တယ် လို့ သိရပါတယ်..။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုနှစ်အစောပိုင်းက ရှေးဟောင်းပညာရှင်တွေ တူးဖော်တွေ့ရှိခဲ့သားဖြစ်ပါသတဲ့။ ဒါပေမယ့် ဂရုမစိုက်ဘဲ လစ်လျူရှုထားခဲ့ကြတာမို့ မေ့လျော့ပျောက်ကွယ်သွားရာက ခု ပြန်လည်တွေ့ရှိကြပြန်တာပါ..။

ဒီဗိသုကာအဆောက်အဦကြီးကို ကုသျှဧကရာဇ် ကနိရှကဘုရင်မင်းမြတ်လက်ထက် အေဒီတစ်ရာစုမှာ တည်ဆောက်ခဲ့ပါသတဲ့။ တရုတ်ရဟန်းတော် ဟူယင်ဆန်ဟာ အေဒီ(၆၂၉-၆၄၅)ခရီးစဉ်အတွင်း ၀င်ရောက်လည်ပတ်ခဲ့ပြီး အာရှရဲ့ အမြင့်ဆုံးဗိသုကာလက်ရာအဆောက်အဦကြီးလို့ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။ ဒီနေ့ခေတ် (၁၃)ထပ်ရှိတဲ့ အဆောက်အဦတစ်ခုနဲ့ ညီမျှတဲ့ အဆောက်အဦကြီးဟာ နာမည်ကျော် ပက်ရှဝါမြို့တော်အနီးမှာ ခန့်ငြားစွာ တည်ရှိခဲ့တာပါ။

၁၉၀၈ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင် ဒီ ဘရိန်နာ့ဒ် စပွန်းနာက ဒီနေရာကို တူးဖော်တဲ့အခါ ထူပါရုံစေတီတစ်ဆူနဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့ပါတယ်။ နောက်တစ်နှစ်ကြာတဲ့အခါမှာတော့ ဗုဒ္ဓအရှင်ရဲ့ အရိုးတော်အစိတ်အပိုင်းနဲ့ ဓါတ်တော်ပြာကို ဌာပနာထားတဲ့ ရွှေဓါတ်တော်ကြုပ်ကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။ ဓါတ်တော်ကြုပ်မှာ ကနိသျှကဧကရာဇ်ရဲ့ ဘွဲ့အမည်နဲ့ ပုံတော်ကို ထွင်းထုထားပါတယ်။

ဗုဒ္ဓအရှင်ရဲ့ ဓါတ်တော်ကိုတော့ မြန်မာနိုင်ငံကို ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး ဓါတ်တော်ကြုပ်ကိုတော့ ပက်ရှဝါပြတိုက်မှာ ပြသထားပါသတဲ့..။

ဒီသတင်းကို ဖတ်မိမှပဲ ပက်ရှဝါဓါတ်တော်အကြောင်းသိရပါတော့တယ်..။ မန္တလေး သာသနာ့တက္ကသိုလ် နေ့ရက်များဆီက မန္တလေးတောင်တော်ကို တက်ရောက်တဲ့အခါတိုင်း ရပ်တော်မူကိုယ်တော်ကြီးကို ဖူးပြီး ရှေ့ဆက်သွားတဲ့ အခါ နိမိတ်ကြီးလေးပါးပြခန်းအနီးမှာ ပက်ရှဝါဓါတော်လို့ ရေးထားတဲ့ အခန်းတစ်ခု ရှိပါတယ်..။ အမည်ပဲ တွေ့ရပြီး ဓါတ်တော်ကိုတော့ မဖူးဘူးပါ..။

မူရင်းသတင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP