* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 5, 2011

ကုသိုလ်ကောင်းမှု နေ့စဉ်ပြုလော

ကုသိုလ်ကောင်းမှု နေ့စဉ်ပြုလော

သီတဂူဆရာတော်ဦးဆောင်သော အပြည်ပြည်ဆိုင်ရာသီတဂူသာသနာပြုအဖွဲ့သည် တိုင်းပြု၊ ပြည်ပြု၊ သာသနာပြု၊ လုပ်ငန်းများကို နေပူပူ၊ မိုးချမ်းချမ်း၊ ဆောင်းအေးအေး ရာသီဥတုဒဏ်ကို အံတု၍ 1980-ခုနှစ်မှ နေ့မနား ညမအား သာသနာပြုလာခဲ့ကြသည်။ ပူပြင်းခြောက်သွေ့သော စစ်ကိုင်းတောင်ရိုးကို အမှီပြု၍ တရားဓမ္မကျင့်သုံးနေကြည့် ရဟန်းသာမဏေသီလရှင် ယောဂီသူတော်စင်များ ကာယစိတ္တနှစ်ဖြာ ချမ်းချမ်းသာသာဖြင့် ကျင့်သုံးနိုင်ပါစေခြင်းငှာ 1982-ခုနှစ်တွင် စစ်ကိုင်းတောင်ရိုးတစ်ခုလုံးကို ရေစက်များ၊ ရေကန်များ၊ ရေပိုက်လိုင်းများသွယ်တန်းလျက် သီတဂူရေအလှူတော် ကို ပေးဝေလှူဒါန်းနိုင်ခဲ့သည်။

ထိုမျှမက 1985-ခုနှစ်တွင် ရဟန်းသာမဏေသီလရှင် ယောဂီသူတော်စင်များအား "ငါဘုရားကို ချစ်ကြည်ညိုက လူအိုလူနာ အနာထာကို ကောင်းစွာမပြတ် လုပ်ကျွေးအပ်၏"ဟူသော ဘုရားစကားတော်နှင့် အညီ အာယုဒါန အသက်အလှူတော် (သို့) ကျန်းမာရေးအလှူတော်အဖြစ်ဖြင့် စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီ၏အောက်ဘက်တည့်တည့်တွင် သီတဂူ အာယုဒါနဆေးရုံတော်တည်ဆောက်လျက် ပေးဝေလှူဒါန်းနိုင်ခဲ့သည်။

ထိုမျှသာမကသေးပေ - ပညာဒါအလှူတော်အနေအားဖြင့် 1996-ခုနှစ်တွင် သီတဂူအာယဒါနဆေးရုံတော်နှင့်မျက်နှာချင်းဆိုင်လျက် အပြည်ပြည်ဆိုင်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို တည်ဆောက်လျက် ပညာဒါနပေးဝေလှူဒါန်းနိုင်ခဲ့ပြန်ပါသည်။

ပညာဒါနကို တိုးချဲ့သောအနေအားဖြင့် 2009-ခုနှစ်တွင် မန္တလေးတောင်ခြေ၌လည်းကောင်း၊ 2011-ခုနှစ်တွင် ရန်ကုန် မြို့တော် မြောက်ဒဂုံ၌လည်းကောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (တက္ကသိုလ်ခွဲ)ကို တည်ဆောက်၍ ကျယ်ကျယ်ပြန့်ပြန့် ပညာဒါနကို ပေးလှူနိုင်ခဲ့သည်။

သီတဂူအာယုဒါနဆေးရုံတော်ကို တိုးချဲ့သောအားဖြင့် သီတဂူဆရာတော်ဦးဆောင်သော အပြည်ပြည်ဆိုင်ရာသီတဂူသာသနာပြု အဖွဲ့သည် တိုင်းနှင့်ပြည်နယ်အသီးသီးတို့၌ သီတဂူအာရောဂျဒါန (အထွေထွေဆေးရုံ)၊ သီတဂူစက္ခုဒါန (မျက်စိဆေးရုံ)များကို တည်ဆောက်လှူဒါန်းနိုင်ခဲ့သည်။

ယခုလာမည့် နိုဝင်ဘာလ ၁-ရက်နေ့တွင် မြစ်ကြီးနား၌ သီတဂူစက္ခုဒါနအလှူတော်ကို စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ထို့နောက် မြိုင်ကြီးငူဒေသ၊ လွိုင်ကော်ဒေသတို့၌လည်း သီတဂူတောင်တန်းဒေသမျက်စိအထူးကုအစီအစဉ်ကို ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကုသိုလ်ကောင်းမှု နေ့စဉ်ပြုလော၊ ကုသိုလ်ကောင်းမှု ရရာပြုလော-ဟူသော မြတ်ဗုဒ္ဓဒေသနာတော်နှင့်အညီ သီတဂူဆရာတော်ဦးဆောင်သော အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့သည် သီတဂူကမ္ဘာ့ဗုဒ္ဓ၀ိပဿနာအလှူတော်ကို စစ်ကိုင်းတောင်ရိုး၊ ထွဋ်ခေါင်ရွာထိပ်တွင် ယခုစတင်တည်ဆောက်နေပြီဖြစ်ကြောင်း သီတဂူမှ သတင်းကောင်း ပါးအပ်ပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP