* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 5, 2011

“သူငါမဟုတ် ဗျူဟာထုတ်၍ တိုက်ကြစို့...”

ဖြစ်လာသမျှ အကြောင်းများအား သူ့ကြောင့်ငါ့ကြောင့်
အစွန်းနှစ်ဖက် လွှတ်၍ထားသော် “ရုပ်နှင့်နာမ်”သာ ရှိပါချေကား။
ဘုရား၊ ရဟန္တာ ဆုံးမစကား နာယူမှတ်၍
အကြောင်းကိုလိုက် ဉာဏ်ဖြင့်ထွင်းသော် သိပြီ..သိပြီ.. တရားခံသည်
ကံ၏ဆရာ တဏှာပေကား၊ ငါ၏သန္တာန် အတွင်း၌ပင်၊ အစဉ်မပြတ်
ခိုင်းစေနေပြီ၊ ကံတွေသည်ပင်
အတိတ်အကြောင်းကံတွေကြောင့်ပင်၊ ပစ္စုပ္ပန်အကျိုး ကံကိုသာလျင်
ခံနေရပြီ ငါသာသည်ပင်..
ပစ္စုပ္ပန်အကြောင်း ကံတွေကိုလည်း၊ တဏှာမပြတ် ဆက်၍နေသော်
အနာဂတ်အကျိုး ကံ၏စေရာ ဖြစ်ချိမ့်အုံးမည် ဧကန်ပင်..
တရားအသိ လက်ကိုင်ရှိသော သူတော်ကောင်းတို့..
သင်နှင့်ကျွန်ုပ် ဤလောကဝယ်၊ ကောင်းကျိုး ဆိုးကျိုး၊ မလွဲမုချ ခံနေခြင်းမှ လွတ်ဖို့ရာဝယ်
သူငါမဖက် တဏှာကိုသတ်ဖို့..
ဘုရားပေးခဲ့ နည်းလမ်းအမှန် ဝိပဿနာဉာဏ်မှတစ်ပါး အားကိုးမရှိပြီ။
ဝိပဿနာဆိုတာ အဘယ်ပါနည်း မေးဖွယ်ရာရှိ၊ ဖြေကြားရသော်.
အာရုံ ဒွါရ တိုက်တိုင်းကို ပစ်ဖြစ်ပျက်ဖြင့်
ပစ်သည့် Target သူငါမဟုတ်၊ သိမှာသာလျင်
တဏှာရန်သူ၊ ဝင်၍မလာနိုင် တွင်းသန္တာန်
လွတ်၍သွားမည် နိဗ္ဗာန်ဆီ....

သိသလောက်အတွေး၊ မှီသလောက်ဉာဏ်လေးနဲ့ ရေးသားခြင်းဖြစ်ပါသဖြင့် အမှားထောက်ပြ အမှန်ပြင်ပေးနိုင် ပါကြောင်း ရှေးဦးစွာ မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်တော်တို့တွေဟာ ကောင်းကျိုးလေး ဖြစ်လာခဲ့ရင် ငါ့ကြောင့် လို့ယူတတ်သလို ဆိုးကျိုး ကြုံလာရင်လည်း သူ့ကြောင့်လို့ ထင်တတ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာတော်အား နှလုံးသွင်း၍ မိမိ၏ သန္တာန်အတွင်းမှ အစွဲထင်ခဲ့သော သူငါတွေကို ဆင်ခြင် သုံးသပ်မိတဲ့ အချိန်လေးမှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဘဝတစ်လျောက်မှာ ကြုံတွေခဲ့ရတဲ့ ကောင်းကျိုး ဆိုးကျိုး တွေဟာ သူငါတွေကြောင့် မဟုတ်ပါဘူး။ သူ့အပြစ် တွေလို့မယူဆဘဲ အားလုံးပဲ အငြိုးတွေကြေ အမုန်းတွေပြေ၍ မေတ္တာဖြင့် လျှောက်လှမ်းနိုင်ကြပါစေ..

အားလုံးပဲ ကျွန်တော်နှင့်သိကျွမ်းပြီးသော၊ မသိသေးသော သူများအားလုံး
့ ရန်သူအား မငိုက်မမြည်း စောင့်ကြည့်သော ရန်သူအကဲခတ်ဆိုတဲ့ သတိကင်းသမားရဲ့ နှိုးဆော်မှုကြောင့် ကြေညှပ်အောင် လေ့ကျင့်သင်ယူ ထားတဲ့ သူငါလား ရုပ်နာမ်လား၊ ခွဲခြားပြီး ညွှန်ကြားပေးနိုင်တဲ့ ကွန်မန်ဒါ အကြီးကဲမှူး၏ အမိန့်ဖြင့် ကျည်ဆန်ဆိုတဲ့ ပစ်ရင်ပစ်သလောက် မကုန်သော ဖြစ်ပျက် ဆိုတဲ့ကျည်ဆန်အား၊ ဘုရား ရဟန္တာ သူတော်ကောင်းတို့ဆီမှ ယူဆောင်လာတဲ့ သေနတ်ဖြစ်တဲ့ တရားအသိထဲ ထည့်၍ အမိန့်အတိုင်း နာခံပြီး တာဝန်ကို မနားမနေ ကျေပွန်စွာထမ်းဆောင်ပြီး အသေခံ ပစ်ခတ်နေသော ဝိရိယဆိုတဲ့ ရဲဘော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဖြင့် တဏှာဆိုတဲ့ သံသရာတစ်လျောက် နိုင်လာခဲ့တဲ့ ရန်သူတော်ကြီးကို ဒီဘဝ ဒီခန္ဓာမှာတင် အပြီးသတ် ချေမှုန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်....


ကြိုးစားလျက်...
မေတ္တာဖြင့်...
သန့်ဇင်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP