မှတ်သားဖွယ်ရာဓမ္မရတနာ
မကောင်းကျိုးတွေ အကုန်ဖြစ်၊ ကောင်းကျိုးတွေ အကုန် ပျက်စီးတာ ဘာကြောင့်လဲ။
စေတနာ အထဲမှာ ကိလေသာတွေ ပါနေလို့။
(သဲကုန်း၊ အရှင်ဉာဏိဿရ)
…………………………………………..
သတိထားတော့ တရားမြင်တယ်။ အသိများတော့ အမှားစင်တယ်။
အဲဒါကြောင့် သတိ၊ အသိ လိုကြတယ်။
(အောင်တော်မူ ဦးဣန္ဒက)
…………………………………………..
ထင်ပေါ်ကျော်ကြားမှု၊ လာဘ်လာဘ ပေါများမှု၊ ပူဇော်ချီးမွမ်းမှုများကို မက်မောနေသူ၊ အကုသိုလ် တရားဆိုးများကို ကျင့်ကြံအားထုတ်နေသူ ဖြစ်ခဲ့ပါလျှင် လူဝတ်ကြောင်တို့ စည်းစိမ်ဥစ္စာကိုလည်း မခံစားရ။
ရဟန်းတို့၏ အမြတ်ဆုံး ဥစ္စာရတနာဖြစ်သည့် မဂ်ဖိုလ် နိဗ္ဗာန် ချမ်းသာကိုလည်း မခံစားရဘဲ နှစ်ဖက်ရှုံးသူမျိုး ဖြစ်ပေလိမ့်မည်။
(အရှင်ထေရ၀ံသ၊ ပုသိမ်)

0 comments:
Post a Comment