* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 5, 2011

ရွှေစေတီဘုန်းကြီးကျောင်းရှိ ကျောင်းသားများနှင့် ကျောင်းအခြေအနေမှတ်တမ်း

ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ ပညာရေးထောက်ပံ့အလှူတော်အား လှူဒါန်းပေးလျက်ရှိသော န်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခ/၃ ရပ်ကွက်၊ ရွှေစေတီ ဘုန်းကြီးကျောင်းရှိ ကလေးငယ်များဓာတ်ပုံနှင့် ဆရာတော်ကြီး ရေးသားပေးလိုက်တဲ့ ကျောင်းလက်ရှိဆောင်ရွက်နေမှုအခြေအနေအား ဖော်ပြလိုက်ပါသည်။ ပညာရေးထောက်ပံ့အလှူတော်အား လှူဒါန်းသော အလှူရှင်များ၊ အသင်းသားများအားလုံးနှင့် ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ ဆရာတော်ကြီး ရေးသားပေးလိုက်သော စာနှင့် ဓာတ်ပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
“ ဆရာတော်တို့၏ ရွှေစေတီကျောင်းတိုက်သည် မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် အနီး၌ တည်ရှိပါသည်။ ဆရာတော်၏ ရွှေစေတီ ကျောင်းတိုက်တွင် တိုင်းရင်းသား သာမဏေငယ်များနှင့် တိုင်းရင်းသား ကျောင်းသားငယ်များအား ကျွေးမွေး စောင့်ရှောက်၍ ပညာသင်ကြား ပေးလျက်ရှိပါသည်။ လောကုတ္တရာ စာပေ သင်ကြားနေသည့် သာမဏေ (၂၁) ပါးရှိပြီး လောကီအတန်း ကျောင်းပညာ သင်ကြားလျက် ရှိသော ကျောင်းသား (၅၉) ဦးရှိပါသည်။
ဤကဲ့သို့ တိုင်းရင်းသား ကျောင်းသားငယ်များအား ကျွေးမွေး စောင့်ရှောက်၍ ပညာသင်ကြားပေးသည့် (ပရဟိတ) လုပ်ငန်းအား ဆရာတော်မှ (၁၉၉၂) နှစ်မှစ၍ ယနေ့တိုင်အောင် မိမိအနေဖြင့် တတ်စွမ်းနိုင်သမျှ ဆောင်ရွက်လျက်ရှိပါသည်။ ဆရာတော်ကျောင်းမှ ပြုစုပျိုးထောင်ပေးခဲ့၍ အခြေခံပညာ အထက်တန်း အောင်မြင်သွားခဲ့သည် ကျောင်းသားပေါင်း(၁၇) ဦးရှိပြီးဖြစ်ပါသည်။
ဆရာတော်၏ ကျောင်းရှိ သာမဏေများ ကျောင်းသားများသည် နေ့စဉ် နံနက်(၄:၀၀) နာရီတွင် အိပ်ယာမှထကြရပါသည်။ နံနက် (၄:၄၅) နာရီမှ (၅:၃၀) နာရီထိ စာကျက်ကြရပါသည်။ နံနက် (၆:၀၀) နာရီတွင် အာရုဏ်ဆွမ်း၊ မနက်စာ စားကြရပါသည်။ ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားများသည် နံနက် (၇:၀၀) နာရီမှ (၈:၀၀) နာရီအထိ၊ စာကျက်၊ စာသင်ပြုကြ ရပါသည်။ ၄င်းနောက် ကျောင်းမသွားမှီ မိနစ် (၃၀) ခန့် တရားထိုင် ကြရပါသည်။ ၄င်းနောက် နံနက် (၉:၀၀) နာရီမှ ညနေ (၃:၀၀) နာရီထိ သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက် ကျောင်းတတ်ကြရပါသည်။နဝမတန်းနှင့် ဒသမတန်း ကျောင်းသားများမှ နံနက် (၇:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီထိ သက်ဆိုင်ရာ ကျောင်းများသို့ ကျောင်းသွားတက် ကြရပါသည်။ နေ့လည် (၂:၀၀) နာရီ မှစ၍ နဝမတန်းနှင့် ဒသမတန်း ကျောင်းသားများအား ဆရာ (၅)ဦးမှ ဘာသာရပ်အလိုက် ည (၉:၀၀) နာရီအထိ ကျူရှင် သင်ကြားပို့ချ ပေးပါသည်။

ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားများအား ဆရာ (၃)ဦးမှ နံနက် (၇:၀၀) နာရီမှ နံနက် (၈:၀၀) နာရီထိ (၁)ကြိမ်၊ ညနေ (၆:၀၀) နာရီမှ ည (၈:၀၀) နာရီ တစ်ကြိမ် ဘာသာရပ်အလိုက် ကျူရှင် သင်ကြားပို့ချ ပေးပါသည်။ ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားများသည် ည(၉:၀၀) နာရီထိ စာကျက်ကြရပါသည်။
နဝမတန်းနှင့် ဒသမတန်း ကျောင်းသားများသည် ည (၁၁:၀၀) နာရီထိ စာကျက်မှတ် ကြရပါသည်။ သာမဏေများအား နံနက် (၁) ကြိမ်၊ နေ့လည် (၁)ကြိမ် ဆရာတော်မှ အခြေခံ လောကုတ္တရာ စာပေများ သင်ကြား ပို့ချပေးပါသည်။ ၄င်းမှတဆင့် စာသင်တိုက်ကြီးများသို့ ပို့၍လည်း အထက်တန်း လောကုတ္တရာ စာပေများကို ဆရာတော်၏ အထောက်အပံ့ဖြင့်ပင် ဆက်လက် သင်ကြားစေပါသည်။
ယ္ခုလက်ရှိ ဆရာတော်၏ ရွှေစေတီ ကျောင်းတိုက်၌
သံဃာတော် (၇)ပါး။
သာမဏေ (၂၁)ပါး။
ဥပဒေ နောက်ဆုံးနှစ် ကျောင်းသား (၁)ဦး။
ပထမနှစ် မြန်မာစာ ကျောင်းသား (၁)ဦး။
(၁၀)တန်း ကျောင်းသား (၆)ဦး။
(၉)တန်း ကျောင်းသား (၇)ဦး။
(၈)တန်း ကျောင်းသား (၁၁)ဦး။
(၇)တန်း ကျောင်းသား (၁၃)ဦး။
(၆)တန်း ကျောင်းသား (၁၁)ဦး။
(၅)တန်း ကျောင်းသား (၁၂)ဦး။
(၂)တန်း ကျောင်းသား (၁)ဦး။
ရှိနေပါသည်။ အားလုံးစုစုပေါင်း သံဃာ+သာမဏေ အပါး (၂၈)ပါးနှင့် ကျောင်းသား (၅၉)ဦး ရှိပါသည်။ ၄င်းတို့အားလုံးအား ဆရာတော်မှ ဒကာ/ဒကာမများ အလှူရှင်များ၏ ထောက်ပံ့ပေးမှုဖြင့် နံနက် နေ့ည ကျွေးမွေး စောင့်ရှောက်ထား ရပါသည်။ ဆရာတော်၏ ရွှေစေတီကျောင်းမှ အခြေခံပညာ အထက်တန်း အောင်မြင်သွားခဲ့သည့် ကျောင်းသားများမှာ -
၁။ မောင်သီဟ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်။
၂။ မောင်နန္ဒ ၂၀၀၂-၂၀၀၃ ပညာသင်နှစ်။
၃။ မောင်သိန်းဝင်းအောင် ၂၀၀၂-၂၀၀၃ ပညာသင်နှစ်။
၎။ မောင်ထွန်းအောင် ၂၀၀၃-၂၀၀၄ ပညာသင်နှစ်။
၅။ မောင်အောင်သိန်း ၂၀၀၄-၂၀၀၅ ပညာသင်နှစ်။
၆။ မောင်ဉာဏ်မိုး ၂၀၀၄-၂၀၀၅ ပညာသင်နှစ်။
၇။ မောင်ကျော်သူ ၂၀၀၄-၂၀၀၅ ပညာသင်နှစ်။
၈။ မောင်တင်ထွဏ် ၂၀၀၅-၂၀၀၆ ပညာသင်နှစ်။
၉။ မောင်ထွန်းဦး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၀။ မောင်ညွှန့်မောင် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၁။ မောင်အောင်မင်း ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၂။ မောင်တင်အောင် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်။
၁၃။ မောင်စိုးထွန်း ၂၀၀၈-၂၀၀၉ ပညာသင်နှစ်။
၁၄။ မောင်အောင်ဆန်းဦး ၂၀၀၉-၂၀၁၀ ပညာသင်နှစ်။
၁၅။ မောင်ရန်အောင် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်။
၁၆။ မောင်ပန်းရွှေ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်။
၁၇။ မောင်ကျော်ထက် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်။ တို့ဖြစ်ပါသည်။” ဆရာတော်ကြီးရေးသားပေးသော ဓာတ်ပုံစာများနှင့် မှတ်တမ်းဓာတ်ပုံများအား ထပ်မံဖော်ပြထားပါသည်။
မှတ်တမ်းဓာတ်ပုံများ -

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP