* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 19, 2011

ဆုပ်ရင် ကွဲတယ်၊ ကြဲရင် လုံးတယ် ဆိုသော ဆိုရိုးစကား

ဆုပ်ရင် ကွဲတယ်၊ ကြဲရင် လုံးတယ် ဆိုသော ဆိုရိုးစကား


အခုတစ်လော လာဘ်ပိတ်တယ် လို့ဆိုရမလားဘဲ၊ ကိုယ်ရမဲ့ ဟာတွေ တစ်ခုမှ မရဘူး။ အသေအချာ တစ်လတစ်ကြိမ်ရမဲ့ လစာလေးတောင် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှ ရခဲ့တယ်။ အင်း...စဉ်စားကြည့်တယ်...ဗုဒ္ဓဟူးနေ့ ခေါင်းလျော်လို့များလား၊ မွေးနေ့သောကြာ တနင်္လာမှာ ဆံပင်များညှပ်မိသလား...။ စသည်ဖြင့် ကြာဖူးနားဝ လေးတွေနဲ့ တွေးကြည့်ပါတယ်။

အဲဒီအတွေးရှိနေတုန်းမှာပဲ... ၂၀၀၆ခုနှစ် အောက်တိုဘာလထုတ် အပ္ပမာဒ စာအုပ်မှ ဆောင်းပါးလေးတစ်ပုဒ်ကြောင့် အမြင်တွေ ကြည်လင်ခဲ့ရပါတယ်။ ဆရာတော် အရှင် ဇေယျပဏိတ (ပိုင်လော့ဆရာတော်)ရဲ့ တရားလေးပါ။ ဆရာတော် ကျမတို့မြို့ကို တရားစခန်းအတွက် ကြွရောက်တောမူစဉ် သက္ကန်း၊ထီး၊ဖိနပ်၊ယပ်များ သွားရောက်ဖူးမျှော်လှူဒါန်းဘူးတဲ့အတွက် ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုတဲ့ ပုထုဇဉ်တို့ရဲ့ ဥာဉ် အတိုင်း အင်း.....ဖတ်အုန်းမှ ဆိုပြီး ဖတ်မိပါတယ်။ ဆောင်းပါလေးကတော့ရှည်ပါတယ်။ ညခင်းရဲ့ ဖြစ်စဉ်နဲ့ တိုက်တဲ့ အကြောင်းအရာလေးကိုပဲ မျှဝေမယ်နော်။

ဆရာတော်က ဒီလို မိန့်ကြားထားပါတယ်....

ငွေကြေးခက်ခဲတဲ့သူတွေ ကိုယ်.ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ ဒီလအတွင်းမှာ ဘယ်နှကြိမ် ပေးခဲ့ဖူးသလဲ၊ ငါ့မိဘဖြစ်စေ၊ အမျိုးဖြစ်စေ၊ ကြီးကဲတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို နှလုံးအေးအောင် ငွေ ဘယ်နှစ်ခါ ကန်တော့ဖူးသလဲ။ အကြိမ်နည်းနေရင် ငွေက တောင့်တတိုင်းရမှာ မဟုတ်ဘူး။ ခက်မှာပဲ၊ ဆုပ်သောလက် သည် ကွဲတတ်သည်တဲ့။ ဆုပ်တယ်ဆိုတာ အယူသမားဖြစ်ပါတယ်။ အယူသမားတွေဟာ စီးပွားပျက်တတ်တယ်။ အမြဲတမ်းကိုယ်က စိတ်ကူး ယဉ်ပြီး တိုက်ကြီးတွေဆောက်၊ ကားတွေစီးချင်တယ်။ ပိုက်ဆံစုတယ်။ စုရင် ဆုပ်တာပဲ။ အဲဒီ ပုဂ္ဂိုလ်ဟာအားတွေ တဖြေးဖြေးကုန်သွားရင်၊ သတ္တိနည်းသွားရင် စီးပွားပျက်တတ်တယ်။

ကြဲတယ်ဆိုတာဟာ ပေးကမ်းတာ ၊ အဲဒီတော့ ငွေထောက်ပံ့ပေးကမ်းတယ်။ အစား၊အ၀တ်အထည်၊ နေအိမ်၊ ကျန်းမာရေး မပြတ်ထောက်ပံ့ပြီးတော့ကာ စေတနာသန့်သန့်လေးနဲ့ မပြတ်သတ္တိသွင်းသွားရင် ဒီပုဂ္ဂိုလ်များ စီးပွားတတ်လာလိမ့်မယ်။ မခက်ခဲဘူး၊ အင်မတန်လွယ်တယ်လို့ မှတ်ပါ။ ဆုပ်ရင်ကွဲတယ်၊ ကြဲရင် လုံးတယ် ဆိုတဲ့ စကား ကို သေချာမှတ်သားပြီး ရအောင်ယူကြပါ။

စေတနာကောင်းရင် ကံကောင်းတယ် ကံကောင်ရင် ကောင်းမှုဆိုတဲ့ ပုညသတ္တိတွေ ကိုယ်မှာများလာမယ်။ ပုညကောင်းမှုဓာတ်များရင်၊ ဘုန်းတန်ခိုးပေါ်မှာပဲ။ ဘုန်းတန်ခိုးကြီးတယ်ဆိုတာ ဒါကိုပြောတာဖြစ်တယ်။ ကောင်းမှုဓာတ် တွေစုနေရင် ဘုန်းတန်းခိုးကြီးမယ်။ သူစိတ်က ကြံတိုင်းအကုန်ပြီးမယ်။

ရှေးရှေးတုန်းက ဆ၇ာတော်ကြီးတွေက အမိန့်ရှိခဲ့တယ်။ နတ်ပြည်က နတ်သမီး၊ နတ်သားများဟာ လူ့ပြည်က ကုသိုလ်ဓာတ်တွေ စုပြီး ပျော်ပွဲစားသွားကြတာတဲ့။ နတ်ပြည်မှာ စုထားတာကုန်တော့ တချို့ ဆိုရင် အပ္ပါယ်တန်းကျယ်တယ်။ ခုကျတော့ လူတွေက ပျော်ပွဲစားချင်တာများနေတယ်။ မစုရသေးခင် ပျော်ပွဲစားသွားချင်တာက များနေတယ်။ စုလို့ရတဲ့ အားက နည်းနည်းလေးရှိသေးတယ်။ တိုက်ကြီးဆောက်ချင်၊ကားကြီးစီးချင် တာကစပြီး ရွှေငွေပေါများချင်တာကများပြီး ထီတွေ ချဲတွေထိုး ဆင်းရဲကုန်တာပဲ။ ကုသိုလ်အား မစုရသေးခင် ဖြုန်းချင်တာက အရင်ဖြစ်နေတာ အဲဒီတော့ အပေးနဲ့ များများစုမှ၊ ဖြောင့်ဖြောင့်စုမှ သတ္တိကိန်းလိမ့်မယ်။ ရှေ့မှာ ဖြစ်ချင်တာများရင် သတ္တိများများ စုကြဖို့ လုပ်ရမယ်ဆိုတာ လက်ခံကြရမယ်။

ကိုယ်ရဲ့စေတနာဆိုတဲ့ ဖန်ဆင်းရှင်ဟာ မိမိဘ၀ကို ကောင်းအောင် ပြုပြင်နိုင်တယ်။ ဆိုးအောင်လည်းပြင်နိုင်တယ်။ အဲဒိတော့ အယူနဲ့ စတဲ့ စေတနာဆိုရင် ဘ၀ကို ယုတ်နိမ့်စေတယ်။ ညံ့စေတယ်။ အပေးနဲ့ စတဲ့ စေတနာ ဆိုရင် ဘ၀ကို မြင့်မြတ်စေတယ်ဆိုတာကို နားလည်းပြီးတော့ ဘုရားနှင့် သူတော်ကောင်းများရဲ့ ကျင့်စဉ်အတိုင် မေတ္တာကို အခြေခံပြီး အပေးနှင့်ကျင့်နိုင်ကြရင်ဖြင့် မိမိတို့ဘ၀မှာ လှလှပပဖြင့် ကြံစည်တိုင်းအောင်မြင်ကြပြီးတော့ နှလုံးသွေးများ ကြည်လင်လျက် နောက်ဆုံး မဂ်ဥာဏ်၊ ဖိုဥာဏ်ထိအောင် ပေါက်ရောက်၍ ဘ၀မခြားဘဲ နိဗ္ဗာန်ကိုဝင်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပါစေ။

ညခင်း
19.6.2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP