* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 19, 2011

တတိယနေ့ အခမ်းအနား

တတိယနေ့ အခမ်းအနား
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မြောက်ဒဂုံ၊ ရန်ကုန်
၁၈-၆-၂၀၁၁

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၏ ကျောင်းဆောင်သစ် ဖွင့်ပွဲကို တတိယနေ့ အဖြင် ဇွန်လ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ထိုတတိယနေ့ ဖွင့်ပွဲမှာတော့ နိုင်ငံရေး, ဘာသာရေးနှင့် လူမှုရေးအသင်းဖွဲ့များက ခေါင်းဆောင်ပိုင်းတွေကို ဖိတ်မန်ထားတာဖြစ်ပါတယ်။
အဲဒီတတိယနေ့ ဖွင့်ပွဲအခမ်းအနားမှာ ဒီမိုကရက်တစ်ပါတီ မြန်မာ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီစတဲ့ နိုင်ငံရေးပါတီ အသီးအသီးက ခေါင်းဆောင် တော်တော်များများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ မြန်မာရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကတော့ ဆရာတော်ရဲ့တရားနဲ့ပတ်သက်ပြီ ပြောပြရာမှာ အရေးကြီးဆုံးက သည်းခံရမှာဖြစ်ပြီး အကျိုးအားဖြင် မေတ္တာစိတ် ပွားရမှာ ဖြစ်ကြောင်းနဲ့ အဲဒီလို သည်းခံနိုင်သူသာ သန္တိ ဆိုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကို လုပ်နိုင်မှာ ဖြစ်ကြောင်းတွေကို ပြောပြခဲ့ပြီး။ ဘယ်လိုရည်ရွယ်ပြီး ဟောတယ်ဆိုတာကိုလဲ သဘောပေါက်ကြောင်းတွေကို ပြောပါတယ်။
ဆရာတော်ကြီးက အာဏာရှိသူက အာဏာကို ဝေမျှလို့ အတူတူပူပေါင်း ဆောင်ရွက်တာမျိုးဟာလဲ ဒါနထဲ အကျုံးဝင်တယ်ဆိုပြီး လောကီရေးနဲ့ပါ ဆက်စပ်လို့ မိန့်ကြားသွားကြောင်းလဲ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုက ဦးခင်မောင်ဆွေကတော့ တရားရဲ့ အဓိပ္ပါယ်အရေ နိုင်ငံရေးဘက်ကြည့်ရင် အားလုံး ခေါင်းဆောင်ပီသစွာနဲ့ ညီညွတ်ရေးကို စုပေါင်း လုပ်ဖို့လို့ ဖွင့်ဆိုလိုရမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဆရာတော်က ခေါင်းဆောင်အားလုံး ညီညွတ်ဖို့ ဟောပေမဲ့၊ အာဏာရ ပါတီနဲ့ အတိုက်ခံပါတီအင်အားစုတွေကို တစ်ရက်စီခွဲပြီး ဖိတ်တဲ့အပေါ်မှာတော့ ဒေါ်သန်းသန်းနုကတော့ ပိုပြီးတော့တောင် ကောင်းတယ်လို့ မြင်ကြောင်းနဲ့ အဲဒီလို သီးသန့်ဖြစ်တာကို ပိုပြီး နှစ်သက်ကြောင်း ပြောပါတယ်။
ဤနေရာမှ ကူးယူဖော်ပြသည်။


တတိယနေ့ အခမ်းအနား
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မြောက်ဒဂုံ၊ ရန်ကုန်
၁၈-၆-၂၀၁၁
ရန်ကုန်မြို့မှာ ဖွင့်လှစ်တဲ့ သီတဂူ ဗုဒ္ဓသာသနာ တက္ကသိုလ် ဖွင့်ပွဲမှာ ဆရာတော်က အဲဒီလို မိန့်ကြားခဲ့တာလို့ ကိုယ်တိုင် တရားနာယူခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ- မြန်မာ DPM ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။
“ဆရာတော်ကြီးက သူ့အနေနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူ ဆိုရင် တပ်မတော်ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ သက်စွန့်ကြိုးပမ်း လုပ်နေတဲ့သူ အကုန်လုံးကို လေးစားတယ်.. တဲ့။ အဲဒီလူတွေ အကုန်လုံး ပူးပေါင်းဆောင်ရွက်မှ မြန်မာနိုင်ငံက ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်မှာ … တဲ့။ အားလုံးလက်တွဲ ဆောင်ရွက်ဖို့ စည်းလုံးညီညွတ်ဖို့၊ ငြိမ်းချမ်းဖို့ ပြောပါတယ်။ ဒါနပါရမီ ဆိုရင် လူတွေက အလှူပေးတယ် ဆိုတာလောက်ပဲ သိကြတယ်။ အမှန်တော့ အလှူပေးတာ တခုတည်း မဟုတ်ဘူး၊ Sharing ဝေငှ တာ။ ဝေငှ တယ်ဆိုတဲ့နေရာမှာ အာဏာ ဆိုရင်လည်း Power Sharing ၊ အဲဒါမျိုးလည်း ပါတယ်ဆိုပြီး ဆရာတော်ကြီးက အရိပ်အမြွက် ပြောပါတယ်။ နိုင်ငံရေးသဘော တိတိကျကျ ကွက်ကွက်ကွင်းကွင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တက်ရောက်လာတဲ့ လူတွေကလည်း အကုန်လုံးက သဘောပေါက်ကြပါတယ်”
ဆရာတော် အရှင် ဉာဏိဿရ ရဲ့ ဒီကနေ့ မနက်ပိုင်းက တရားပွဲကို ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးပါတီ အသီးသီးနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း စုစုပေါင်း တရာကျော် တက်ရောက် တရားနာယူကြတယ်လို့ သိရပါတယ်။
တက္ကသိုလ်ဖွင့်ပွဲ စတင်တဲ့ မနေ့ကလည်း ဆရာတော် အရှင်ဉာဏိဿရ က အခမ်းအနား တက်ရောက်လာကြတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး အပါအဝင် အစိုးရ အဖွဲ့ဝင်တွေ၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေကို တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အားလုံးနဲ့ ညီညွတ်ရေး တည်ဆောက်ကြဖို့ ဟောကြားခဲ့တယ်လို့ သိရပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၆-၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP