* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 17, 2011

ပထမနေ့ အခမ်းအနား

၁၃၇၃-ခုနှစ် နယုန်လပြည့်နေ့မှ လပြည့်ကျော် (၄) ရက်နေ့အထိ ကျင်းပသော
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား၏ ပထမနေ့ အစီအစဉ်
(၁၆-၆-၂၀၁၁)






ရှေးဦးစွာ ပင့်လျှောက်ထားသော ဆရာတော်ကြီးများကို ကြိဆိုရေး အဖွဲ့က ကျောင်းဆောင်ရှေ့မှ ကျောင်းပေါ်သို့ ရောက်အောင် ပင့်ဆောင် ကြိုဆိုလာကြပါသည်။

ကြွရောက်လာသော ဆရာတော်ကြီးများနှင့် ပင့်သံဃာများ ကို သီတဂူ ဦးသန်းလွင်+ဒေါ်ခင်ခင်သိန်း မိသားစု တို့ကအာရုံ မုန့်ဟင်းခါး၊ ကော်ဖီနှင့် အချိုပွဲ မုန့်များနှင့် ပြည့်စုံအောင် လှူဒါန်းဆက်ကပ်ပါသည်။ ဆွမ်းဘုန်းပေးပြီးသော အခါ ကြွရောက်လာသော သံဃာတော်များက ဘုရားနေကဇာတင်ပူဇော်ကြပါသည်။
ထို့နောက် သိမ်သမုတ်ရာနေရာ နိမိတ်ကြားရန်အတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဒေါက်တာ ဘွဲ့ရ သံဃာတော်များ နေရာယူကြပြီး ဆရာတော်ကြီးများနှင့် သီတဂူ ဆရာတော်တို့မှ သိမ်သမုတ်ကြပါသည်။
ထို့နောက် သီတဂူ အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ က သိမ်သြဘာစာတမ်းကို ဖတ်ကြားလျှောက်ထား ပါသည်။
ကြွရောက်လာသော ဆရာတော်သံဃာတော်များအား ဒေါ်ရွှေဥ (ရာစုသစ်ရွှေဥ ရွှေဆိုင်) မိသားစုမှ သင်္ကန်းတစ်စုံစီနှင့် န၀ကမ္မ ၀ထ္ထုငွေ ကျပ်တစ်သိန်းစီနှင့် လှူရန်များကို ကပ်လှူလှူဒါန်းပြီးနောက်
ပထမနေ့ အခမ်းအနားကြီးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
မပန်းစပယ် ပေးပို့သည်၊ အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၆-၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP