* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 17, 2011

(၃၆)ကြိမ်မြောက် လစဉ်အလှူတော်မှတ်တမ်း

ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်း၏ (၃၆)ကြိမ်မြောက်လစဉ် အလှူတော်အတည်ပြု နေရာအား (၂)ပိုင်းခွဲ၍ လှူဒါန်းမှုပြုလုပ်ခဲ့ပါသည်။

အလှူတော်နေရာ(က)ကို ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ရွှေကျင်မိုးကုတ်ကျောင်း၌ ယောဂီများနှင့် သံဃာတော်များအတွက် တစ်ထပ်ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းရန်အတွက် ရွှေကျင်မိုးကုတ် ကျောင်းထိုင်ဆရာတော် ဦးဇနကမှ ဆရာတော်တစ်ပါးနှင့် ကပ္ပိယတစ်ဦးဖြင့် စာရေးသား ပေးပို့ခဲ့သည်။ အလှူတော်အား ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ အလှူတော်ငွေ ၂၀၀၀၀၀/ိ-ကျပ်(နှစ်သိန်းကျပ်) နှင့် ကိုစိုးသူ(သီးသန့်အလှူရှင်)မှ ၅၀၀၀၀/ိ-ကျပ် စုစုပေါင်း အလှူငွေ ၂၅၀၀၀၀/ိ-ကျပ် (နှစ်သိန်းခွဲကျပ်)ကို ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။ ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု မှတ်တမ်းကို ဆရာတော် ပေးပို့ချိန်တွင် ထပ်မံဖြန့်ဝေ ပေးသွားမှာဖြစ်ပါသည်။
အလှူတော်နေရာ(ခ)အား မြင်းခြံမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ မိုးကောင်းဓမ္မာရုံတွင် ကျင်းပ ပြူလုပ်မည့် ဆရာတော် ၁၀ပါးခန့်နှင့် အဘိုးအဖွားဦးရေ ၄၀ ဦး တို့အား သက်ကြီးပူဇော်ပွဲ ပြုလုပ်လှူဒါန်းရန် အတွက် ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ ၂၀၀၀၀၀/ိ-ကျပ်(နှစ်သိန်းကျပ်) လှူဒါန်းမှုပြုလုပ်ခဲ့ပါသည်။ လှူဒါန်းမှု မှတ်တမ်းများအား ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ အလှူရှင်များနှင့် အားလုံး သောဓမ္မမိတ်ဆွေများ အများအကျိုး အစဉ်သယ်ပိုး၍ နိဗ္ဗာန်ရောက်ကြောင်း ပါရမီထူးများ ကျင့်ကြံပွား များအားထုတ်နိုင်ကြပါစေ။
လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှု့၍ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေ။
အလှူမှတ်တမ်းဓာတ်ပုံများ -
တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်မည့်နေရာ -

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP