သာသနာသက္ကရာဇ် ၂၅၅၅ ခု ကောဇာသက္ကရာဇ် ၁၃၇၃ ခု၊ နယုန်လဆန်း ၁၂ ရက်။ တနင်္လာနေ့။ ၁၃-၆-၂၀၁၁။ အလှူဒကာ - ကိုငယ်လေး (စင်ကာပူ) အရုဏ်ဆွမ်း - မုန့်ဟင်းခါး နေ့ဆွမ်း
သာသနာသက္ကရာဇ် ၂၅၅၅ ခု ကောဇာသက္ကရာဇ် ၁၃၇၃ ခု၊ နယုန်လဆန်း ၁၂ ရက်။ တနင်္လာနေ့။ ၁၃-၆-၂၀၁၁။
အလှူဒကာ - ကိုငယ်လေး (စင်ကာပူ)
အရုဏ်ဆွမ်း - မုန့်ဟင်းခါး
နေ့ဆွမ်း - ဆွမ်း၊ ကြက်သားဟင်း၊ မြေထောက်ပဲနှပ်၊ သရက်ချဉ်သုတ်၊ ဘာလချောင်ကြော်
နေ့ဆွမ်း - ဆွမ်း၊ ကြက်သားဟင်း၊ မြေထောက်ပဲနှပ်၊ သရက်ချဉ်သုတ်၊ ဘာလချောင်ကြော်
မန္တလေးမြို့မှ ဒါယကာကိုအောင်မှ သံဃာတော်များအား ပစ္စည်းလေးပါး ပဒေသာပင်အဖြစ် နဝကမ္မဝတ္ထု တစ်ပါးလျှင် ၂၀၀ ကျပ်စီလှူဒါန်းပေးခဲ့ပါသည်။
မေတ္တာရှင် ဆရာတော်မှ အလှူရှင် ကိုငယ်လေးတို့အား ''ကမ္ဘာပျက်သည်အထိ ရှိနေမည့်ဘဏ်'' အမည်ဖြင့် အနုမောဒနာတရားချီးမြင့်ပေးခဲ့ပါသည်။
ကမ္ဘာပျက်သည်အထိရှိနေမည့်ဘဏ်
အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသောနိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး ကမ္ဘာပျက်ပါက အတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်သည်။ ဒါနဘဏ်တိုက်၌ အပ်ထားသော ကုသိုလ်ဥစ္စာများကား ကမ္ဘာ ပျက်သော်လည်း မပျက်ပေ။ သံသရာတလျှောက် ကုသိုလ်ပြုထားသူ နောက်သို့ တကောက်ကောက်လိုက်၍ ကောင်ကျိုးပေးနေမည်သာဖြစ်သည်။
ကျွန်ုပ်သည် အသက် နှစ်ဆယ်အရွယ် စာသင်သားဘ၀က ၀က်သားဟင်း တခွက်ကို စာသင်သားတစ်ပါးအား လှူဒါန်းပြီး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံခဲ့သည်။ ထိုကုသိုလ် ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင်သုံး၍ မကုန်တော့ပေ။ ၁၃၇၃ခုနှစ် သင်္ကြန်တွင်း တရားစခန်း၌ ယောဂီ သုံးထောင့်တစ်ရာကျော် ၀င်ရောက်အားထုတ်ခဲ့သည်။ ထိုယောဂီများအတွက် ခုနှစ်ရက်စာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို အလှူမခံဘဲ သူ့အလိုလိုလာလှူကြသည်။
ဂျပန်နိုင်ငံ၌ ဆူနာမီ ရေလှိုင်းများဝင်ရောက်ခဲ့ရာ မြို့ကြီးနှစ်မြို့ ကွယ်ပျောက်ပျက်စီးခဲ့ရသည်။ မလှူရ မတန်းရသေးသော ဥစ္စာစည်းစိမ် တိုက်တာခြံမြေအားလုံး ရေလှိုင်းတွေထဲ ပါသွားခဲ့သော်လည်း ဂျပန်လူမျိုးများ ပြုထားသည့် ကုသိုလ်ဥစ္စာများသည်ကား မပျက်မစီး ထာဝရတည်မြဲလျှက် ရှိသည်။ ထို့ကြောင့် သံဃာများကို ဆွမ်းလောင်းလှူခြင်းဖြင့် စိတ်ချရဆုံး ဒါနဘဏ်တိုက်၌ ကိုသိုလ်ဥစ္စာများကို အပ်နှံသင့်ကြ ပေသည်။
















အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:
Post a Comment