* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 7, 2011

သဘော၏ အကြောင်း တရား၏ မူလပျက် သုညတ တရား။

မူလပျက် သုညတ တရားဟာ (၆)မျိုး ရှိပါတယ် ဘုရား။

(၁) အ ဝိဇ္ဇာ မာန ပညတ်တရား ၏ မူလပျက် သုညတ တရား။

(၂) ဝိဇ္ဇာ မာန ပညတ် တရား ၏ မူလပျက် သုညတ တရား။

(၃) ဖြစ်ပျက် သဘောတရား ၏ မူလပျက် သုညတ တရား။

(၄) သဘော၏ အကြောင်း တရား၏ မူလပျက် သုညတ တရား။

(၅) ရှုဉာဏ်တရား၏ မူလပျက် သုညတ တရား။

(၆) ရှု ဉာဏ်အကြောင်းတရား၏ မူလပျက် သုညတ တရား။

ဓမ္မပီယ—-နံပါတ် (၄) မူလပျက် သုညတ အကြောင်း ကိုလည်း ရှင်းလင်းဖြေကြား ပေးတော်မူပါဘုရား။

ဦးဝိဇယ—-နံပါတ် (၄) မူလပျက်တရားကတော့ အကြောင်း အဝိဇ္ဇာ ၊တဏှာ၊ကံ အာဟာရ၊ဖဿ တရားတို့ ရဲ့ မူလပျက် သုည ပါဘုရား။

အဝိဇ္ဇာ တရားဟာ အမှန်မသိတဲ့ အလုပ်ကို ပဲလုပ်ပါတယ်။

ရုပ်နာမ် (၂)ပါးကိုဖြစ်စေ ဆိုတဲ့ ဗျာပါရ အလုပ် ကို သူမလုပ်ပါဘူး။

အဝိဇ္ဇာ ကိုယ်တိုင်သည်ပင် *ရုပ်နာမ် (၂)ပါး မရှိပဲနဲ့ ကိုယ်ပိုင်စွမ်းအားဖြင့်အမှန်ကို ဖုံးလွှမ်း နိုင်တဲ့သတ္တိမရှိပါဘူး* ဘုရား။

ဒါကြောင့်အကြောင်းအဝိဇ္ဇာ တရားသည် *အဗျာပါရ အနတ္တ* ဖြစ်ပါတယ် ဘုရား။

အဝိဇ္ဇာ ဆိုတဲ့တရားသည် ဖြစ်စေ ဆိုတဲ့သတ္တိ မပါ လို့ အဗျာပါရ ၊ကိုယ်ပိုင်စွမ်းအား၊ အတ္တသာရမရှိသောကြောင့် အနတ္တပါဘုရား။ အဗျာပါရ အနတ္တ တရားများဖြစ်ပါတယ်ဘုရား။

တဏှာ တရားသည် လိုချင်တဲ့အလုပ်ကို ပဲလုပ်ပါတယ်။ ရုပ် နာမ် (၂)ပါးကိုဖြစ်စေ ဆိုတဲ့ အလုပ်ကို မလုပ်နိုင်လို့ အဗျာပါရ ၊ကိုယ်ပိုင်စွမ်းအား ဖြင့် ရပ်တည် နိုင်တယ် ဆိုတဲ့ အထင်အဝိဇ္ဇာ မပါပဲ တဏှာ ဖြစ်လို့မရတဲ့ အတွက်ကြောင့် အနတ္တ တဏှာအကြောင်း တရားသည် *အဗျာပါရ အနတ္တ* သာဖြစ်ပါတယ်ဘုရား။

ကံ၊ အာဟာရ၊ ဖဿ အကြောင်းတရားများနှင့် (၃၁)ဘုံရှိအကြောင်း၊ အကျိုး တရား အားလုံးကို အဗျာပါရ အနတ္တ တရားအဖြစ် နားလည်အောင်လေ့လာနိုင်ခြင်းကို နံပါတ်(၄) မူလပျက် သုညတ ပါပဲဘုရား။

ဓမ္မပီယ—-မူလပျက် သုညသဘာဝကို ကြည့်တတ်မြင်တတ် သိတတ်မှ တရားအားထုတ်လို့ရမည် ဖြစ်ကြောင်းကို တပည့်တော် ကောင်းကောင်းကြီးသဘောပေါက် ပါပြီဘုရား။

Tags:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP