* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 7, 2011

*သီရိဂေဟာစံအိမ်*

လောကီလူ့ဘောင်တွင် လင်နဲ့မယား ဇနီးမောင်နှံနှစ်ဦး အတွဲမညီရင် အိမ်ထောင်ရေးသုခထက် အိမ်ထောင်ရေး ဒုက္ခကို ပိုပြီးခံစားရတတ်ပါတယ်။ ကျွန်တော်တို့တတွေ စီးနေတဲ့ ဖိနပ်တောင်မှ တစ်ဖက်နဲ့ တစ်ဖက်မတူညီသော အပြာနဲ့ အစိမ်းကို စီးသွားကြည့်ရင် သိသာပါတယ်။ စီးလိုတော့ရပါတယ်။ ဒါပေမယ့် အဆင်ပြေဘူး။ ဇနီးမောင်နှံနှစ်ဦးဟာလည်း လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့ စကားပုံရှိပေမယ့် ကိုယ်လျှာကို ဖြည်းဖြည်းလေးကိုက်မိရင်တော့ နည်းနည်းနာပြီး အရမ်းကိုက်မိရင်တော့ အရမ်းနာသွားတတ်တဲ့ သဘောလိုဘဲ အမြဲတမ်း တကျက်ကျက် ဖြစ်နေရင်လည်း အိမ်ဆူတော့ ဧည့်မလာဆိုသလို မကောင်းဖြစ်တတ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးဟာ အဓိကအားဖြင့် တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိဖို့ အရေးကြီးပါတယ်။ မူးယစ်ဆိုးသွမ်းနေတဲ့ ယောင်္ကျားတစ်ယောက်ကို ပေါင်းသင်းရတာထက် သစ္စာမရှိသူနဲ့ ပေါင်းသင်းရတာ ပိုပြီးတော့ ဒုက္ခခံစားရပါတယ်။ ဒါက သစ္စာမရှိခြင်းကို ထင်သာမြင်သာအောင်လေး ဥပမာလေး ပြောတာနော်။ မူးယစ်သောက်စားနေသူနှင့် ပေါင်းသင်းနေသော အိမ်ထောင်သည်လည်း ဘယ်လိုမှ အေးချမ်းသာယာသော မိသားစု ဖြစ်မလာနိုင်ပါဘူး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP