* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 7, 2011

သံသရာမှ နိဗ္ဗာန်သို့

သံသရာစက်ဝိုင်းကို ဖောက်ထွက်၍ နိဗ္ဗာန်သို့ကူးရသည်မှာ အလိုလို ဖြစ်ပေါ်လာသော ဖြစ်စဉ်မဟုတ်ပေ။ ကျိုးကြောင်းဆင်ခြင်မှု ဆိုသော ဒသနနည်းဖြင့် ချဉ်းကပ်၍ ရသည်လည်း မဟုတ်ပေ။ ဘ၀၏အစစ်အမှန်တရားကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်ရန် ကြိုးပမ်းရသော ၀ိပသနာလမ်းကြောင်းဖြစ်ပါသည်။ ဤသည်မှာလည်း နေ့ချင်းညချင်းနှင့် ရုတ်တရက်ရနိုင်သော အကျိုးရလဒ်ဟု ယူဆ၍ မရနိုင်ပါချေ။(ပါရမီရင့်သန်ပြီးသူ အချို့သာ ခြွင်းချက်အဖြစ် ရှိနိုင်ပါသည်။)တစ်ဆင့်ပြီး တစ်ဆင့် ကျင့်ကြံပွားများ အားထုတ်ရသည်က များပါသည်။

ဤသို့ဖြစ်ရသည်မှာ သံသရာတွင်ကျင်လည်နေရသော လူ(သတ္တ၀ါ)တို့မှာ ကြိုးဆယ်ချောင်းဖြင့် နှောင်ကြိုးတည်းခံထားရသောကြောင့် ဖြစ်ပါသည်။ ဤကြိုးဆယ်ချေင်းကို ဗုဒ္ဓကျမ်းဂန်များက ကိလေသာဆယ်ပါး (Ten Cords of Bondage) ဟု ရေတွက်ပြပါသည်။ ဤသည်တို့မှာ -
(၁) လိုချင်တပ်မက်ငြိတွယ်ခြင်း (လောဘ)
(၂) စိတ်ဆိုး ၊ အမျက်ထွက်ပူလောင်ခြင်း (ဒေါသ)
(၃) အမှန်အတိုင်း မသိမမြင်နိုင်ဘဲ တွေဝေခြင်း(မောဟ)
(၄) မိမိကိုယ်ကိုယ် အရှိထက်ပို၍ ထင်မှတ်မှားခြင်း(မာန)
(၅) အစွဲအလမ်း အခုအခံများဖြင့် အသိမှား အယူမှားခြင်း(ဒိဌိ)
(၆) အမှန်တရားအပေါ် ယုံမှားသံသရာ ဖြစ်ခြင်း(၀ိစိကိစ္ဆာ)
(၇) လေးလံထိုင်းမှိုင်းသောစိတ်(ထိနမိဒ္ဓ)
(၈) ပျံ့လွင့်သောစိတ်(ဥဒ္ဓစ္စ)
(၉) မကောင်းမှုလုပ်ရသည်ကို မရှက်တက်ခြင်း (အဟိရိက)
(၁၀) မကောင်းမှုလုပ်ရသည်ကို မကြောက်လန့်ခြင်း (အနောတ္တပ္ပ)

တို့ဖြစ်သည်။ ဤကြိုးဆယ်ချောင်းကို တစ်ပြိုင်းတည်း ဖြတ်၍ရသည်မဟုတ်။ သူ့အကန့်နှင့်သူ ဖြတ်ရသည်မျိုးဖြစ်သည်။

ဤသို့ ကြိုးဆယ်ချောင်းကို ဖြတ်ရသည့်အတွက် လူသည် အဖြစ်တရားတို့၏ အစုအဝေး(သံသရာ)ဆိုသော တစ်ဖက်ကမ်းမှ “စိတ်၏ဖြူစင်သန့်ရှင်းမှု စိတ်အလျဉ်ခရီး (Stream of mind purification )” ကို ဖြတ်သန်းပြီးမှသာလျှင် အရှိတရားတို့၏ နေရာ (နိဗ္ဗာန်)ဆိုသည့် အခြားတစ်ဖက်ကမ်းသို့ ဆိုက်ရောက်နိုင်ပါသည်။ ဤစတ်အလျဉ်ခရီးတွင် အဆင့်လေးဆင့်ရှိသည်။ ပထမအဆင့်ကို “သောတာပတ္တိ” ဟု ခေါ်သည်။ ဤအဆင့်တွင် ကြိုးဆယ်ချောင်းထဲမှ ဒိဌိ နှင် ၀ိစိကိစ္ဆာ ဆိုသော ကြိုးနှစ်ချောင်းကိုသာ အပြီးဖြတ်နိုင်ပါသေးသည်။ သို့အတွက် အပါယ်သို့မလားနိုင်တော့သည့်တိုင် သံသရာထဲမှ အပြီးတိုင်ထွက်နိုင်သေးသည် မဟုတ်ပါ။

ဒုတိယအဆင့်ကို “သကဒါဂါမိ” ဟု သတ်မှတ်သည်။ ကျန်ကြိုး ရှစ်ချောင်းထဲမှ ကြိုးနှစ်ချောင်းဖြစ်သော ဒေါသ နှင့် လောဘတစ်ပိုင်း(ကာမရာဂ)ကို အားနည်းအောင် လျှော့ချနိုင်သည်။ သို့သော အပြီးတိုင်မဖြတ်နိုင်ပေ။ သံသရာခရီးသို့ တစ်ကြိမ်ပြန်လည်နိုင်သေးသည်။ တတိယအဆင့်မှာ “အနာဂါမိ” ဖြစ်ပါသည်။ ဒေါသနှင့် ကာမရာဂကို အပြီးတိုင်ဖြစ်နိုင်သည့်တိုင် ကြိုးခြောက်ချောင်း ကျန်နေပါသေးသည်။ လောဘဆိုသော ကြိုးမှာပင် ကာမရာဂဆိုသော အကြမ်းစားတဏှာကိုသာ ပယ်နိုင်သော်လည်း ရူပရာဂ၊ အရူပရာဂ ဆိုသည့် အနုစားတဏှာအချို့ကား ကျန်သေးသည်။ သံသရာသို့ ပြန်လည်ထွက်ဖို့မူ အခွင့်အလမ်းနည်းသွားပြီဟု ဆိုနိုင်ပါသည်။

စတုတ္ထနှင့် နောက်ဆုံးအဆင့်မှာ “အရဟတ္တ”ဖြစ်ပါသည်။ ကြိုးအားလုံးကို အပြီးတိုင်ဖြတ်ထောက်ပြီးဖြစ်၍ တစ်ဖက်ကမ်းသို့ ခြေချနိုင်ပြီဖြစ်သည်။ သံသရာခရီးသို့ ပြန်လည်ထွက်ရန် အကြောင်းမရှိတော့ပါ။နိဗ္ဗာန်ကို မျက်မှောက်ပြုပြီဟု ဆိုနိုင်ပါသည်။ တစ်နည်းဆိုရလျှင် အဖြစ်တရားနယ်ပယ်မှ အရှိတရာနယ်ပယ်သို့ ၀င်ရောက်နိုင်ပြီဖြစ်သည်။ ဤသည်ပင် ဗုဒ္ဓဓမ္မ၏ အမြင့်ဆုံး ရည်မှန်းချက်ပန်းတိုင် ဖြစ်တော့သည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP