* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 7, 2011

ရွှေစေတီကျောင်း ဖွင့်ပွဲအတွက် သတင်းထောက်များနှင့် တွေ့ဆုံပွဲ

ယနေ့ ၂၀၁၁-ခုနှစ်၊ မေလ၊ ၄-ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ပီနန်းမြို့၊ ဓမ္မိကာရာမမြန်မာကျောင်းအတွင်း အသစ်ဆောက်လုပ်ပြီးစီးသွားသော ရွှေစေတီကျောင်းဖွင့်ပွဲအတွက် Star News Agency မှ သတင်းထောက်များနှင့် တွေ့ဆုံပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်းဆရာတော်ဘုရားကြီးမှ ဤရွှေစေတီကျောင်း ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မျှော်လင့်ချက်နှင့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော ကျောင်းတော်ကြီး ဖြစ်မြောက်အောင် မည်သို့မည်ပုံ ကြိုးပမ်းခဲ့ရပုံများကို အကျယ်တ၀င့် ရှင်းလင်းမိန့်ကြားခဲ့ပါသည်။ ထို့အပြင် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ မစ္စတာ တိုးခဘိန်း၊ မစ္စတာ ယပ်ပ်နှင့် မစ္စတာ ဒါတို တန်ဂျင်ဆွန်းတို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ကြသည်။















































0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP