* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 4, 2011

စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) ကျောင်းဆင်းအရာရှိများ၏ ရာထူးတိုးမြှင့်ခြင်း အထိမ်းအမှတ် လှူဒါန်းပွဲ

စစ်တက္ကသိုလ် အမှတ်စဉ်(၄၉) ကျောင်းဆင်းအရာရှိများ၏ ရာထူးတိုးမြှင့်ခြင်း အထိမ်းအမှတ် လှူဒါန်းပွဲ အခမ်းအနားကို အသင်းမှအကျိုးဆောင်၍ ၃.၄.၂၀၁၁ (တနင်္ဂနွေ)နေ့၊ ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးကျေးရွာ၊ မေတ္တာ ရေချမ်း ပရိယတ္တိစာသင်တိုက် တွင် ပြုလုပ်ဖြစ်ခဲ့တယ်။ ပထမဦးစွာ နံနက် ၆း၁၅ တွင် ထိုကျောင်တိုက်အတွင်း သီတင်းသုံးနေထိုင်လျှက်ရှိသော သံဃာတော်အရှင် သူမြတ်တို့အား အာရုံဆွမ်း (မုန့်ဟင်းခါး) ဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ထို့နောက် ဆွမ်းပဒေသာပင် အလှူငွေ ၆၀၉၀၀၀ိ/ (ခြောက်သိန်းကိုးထောင်ကျပ်တိတိ) ကို ကျောင်းထိုင်ဆရာတော်အား လှူဒါန်းခဲ့ကြတယ်။ ဆက်လက်၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆွမ်းအနုမောဒနာ တရားတော်ကို နာယူခဲ့ကြပါတယ်။ ထို့နောက် ကုသိုလ်ကောင်းမှု အစုစုတို့အား ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ဆရာတော်မှ တရားနာယူကြသော အလှူရှင်များအား ဆရာတော်ကိုယ်တိုင် ရေးသားသော “လူ့ဘ၀ တစ်ခဏတာ” စာအုပ်ကို စွန့်လှူခဲ့ပါတယ်။ အလှူတော်ကို ဗိုလ်ကြီးမျိုးဝင်း၊ ဗိုလ်ကြီးရဲထွဋ်အောင်၊ ဗိုလ်ကြီးမျိုးတင့်၊ ဗိုလ်ကြီးရဲလင်းထွန်း၊ ဗိုလ်ကြီးအောင်ဆွေဦး၊ ဗိုလ်ကြီးယဉ်မင်းထွန်း နှင့် ဗိုလ်ကြီးတေဇာထိန်ဝင်း တို့ သွားရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါတယ်။ လှူဒါန်းမှု မှတ်တမ်းအစုစုတို့အား ပတ္တာနုမောဒနာ ဖြစ်နိုင်ပါစေရန်နှင့် အပရစေတနာ ပွားများနိုင်စေရန် အလို့ငှာ မှတ်တမ်းပုံများဖေါ်ပြလိုက်ပါတယ်။

အလှူမှတ်တမ်းဓာတ်ပုံများ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP