* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 4, 2011

ပဲတင္သံ (၁)


"Ashinindaka သို့ လျှောက်ထားလွှာ" ဆိုတဲ့ Researcher ဆိုသူရေးတဲ့စာနဲ့ပတ်သက်ပြီး
ဒီလို တုန့်ပြန်ကြပါတယ်။

Anonymous said...
တပည့်တော်လည်း ဒီ post ရေးသားသူရဲ့အာဘော်ကိုလက်ခံပါတယ်ဘုရား။

အဖြူရောင်မေတ္တာ said...
လူမှုရေးနဲ့ ဘာသာရေးခွဲခြားပြသွားတဲ့ အမြင်လေးတော့ သဘောကျပါ့ ဘုန်းဘုန်း။
ဒါပေမယ့် ရှိခိုး မရှိခိုးဆိုတာမှာ အ၀တ်အစားပေါ်လည်း ထည့်တွက်ရဦးမယ်..
သံဃာတော်ဆိုတာ သင်္ကန်းရုံထား၊ ဆံပယ်ထားတာကိုက ကြည်ညိုဖွယ်၊ ရှိခိုးထိုက်ဖွယ် ဖြစ်နေပြီလို့ မှတ်သားဖူးတယ်ဘုရား၊ အဲဒါ ဟုတ်တယ်မှတ်လား ဘုန်းဘုန်း။ :)

Mar said...
သို့သော်လည်း ဗုဒ္ဓဘာသာဝင်တွေ ရဟန်းသံဃာတော်တွေကို
ကိုးကွယ်တယ်ဆိုတာ လူမှုရေးအရလေးစားလို့မဟုတ်ပါဘူး။
ဘာသာရေးအရ ကိုယ်မကျင့်ကြံနိုင်တဲ့၊ ကောင်းမွန်တဲ့ အကျင့်တွေ ကျင့်ကြံနေတဲ့၊
ကိလေသာတရားတွေ အထိုက်အလျောက် ကင်းစင်နေတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး ကိုးကွယ်တာပါ။

ဒါကတော့
သံဃံသရဏံ ဂစ္ဆာမိ ကို ကောင်းကောင်း သဘောမပေါက်သေးတာဘဲဖြစ်မယ်။
အရှင်ဘုရားတို့က လူတွေကို သရဏဂုဏ် သုံးပါးလောက်တော့ ကောင်းကောင်း သဘောပေါက်အောင်းဆုံးမပေးပါဦးဘုရား။

7pm said...
ဒီပိုစ့်ကိုအရမ်းသဘောကျမိပာတယ်...

ဒဗ္ဗ said...
Mar သို့
သံဃံသရဏံ ဂစ္ဆာမိဆိုတာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဆိုတဲ့ အရိယာသံဃာလေးရပ်ကို မြတ်စွာဘုရားရှင် ဆိုလိုတာပါ။
ဒါကို နားလည်ဝန်ခံဖို့တော့ လိုအပ်ပါတယ်။

အရဟတ္တဓဇဖြစ်တဲ့ သင်္ကန်းကို ရုံလွှမ်းပြီး ရဟန်းအကျင့်မြတ်ကို လေးလေးစားစား ကျင့်နေတဲ့ သံဃာတွေကို ပုထုဇဉ်သံဃာဖြစ်စေ အရိယာသံဃာဖြစ်စေ လူဒကာတွေက ရှိခိုးကြ၊ အရိုအသေပြုကြပါတယ်။ ရဟန်းတော်များကလဲ လေးစားကြည်ညိုဖွယ်ဖြစ်အောင်၊ ဆွမ်းခံဘုဉ်းပေးထိုက်သူဖြစ်အောင် ကျင့်ကြံနေထိုင်ရပါတယ်။ ဝိနည်းဆိုတာ မြတ်စွာဘုရားရှင် ပညတ်ခဲ့တာ ဖြစ်ခဲ့အတွက် ဝိနည်းကို သရော်စော်ကား ပြောဆိုချင်ရင် မြတ်စွာဘုရားကျွေးတဲ့ဆွမ်းကို ဆက်မဘုဉ်းဘဲ ဒေဝဒတ်လို သာသနာတော်ထဲကနေ ထွက်သွားဖို့သာ ရှိပါတယ်။

နဝကမ္မ ကိစ္စကတော့ ဒီခေတ်ကာလမှာ မသုံးမကိုင်ရင် ဘယ်မှ သွားမရလာမရ.. ဖျားနာရင်တောင် ဆေးကုမရ. သီတင်းသုံးရာ နေရာမှာ လောကသဘာဝ ပြဿနာကြီးငယ် ကြုံရလို့ ပြောင်းရ ရွှေ့ရမယ်ဆိုရင်တောင် ဘတ်စ်ကားခမှ မရှိရင် ဘာမှ လုပ်မရ ဖြစ်နေတဲ့အတွက် ဘတ်စ်ကားခ ဆေးဖိုးဝါးခ.. ဖတ်ရှု ကျက်မှတ်ရမည့် စာအုပ်စာတမ်း စသည့် လိုအပ်ချက်များအတွက် (မြတ်စွာဘုရားရှင်ကို လေးစားရိုကျိုးစွာ ပန်ကြားအသနားတော်မြတ်ခံပြီး) ကိုင်ဆောင်ရတာ ဖြစ်ပါတယ်။ ကားတွေ လေယာဉ်တွေ ရထားတွေ မပေါ်ခင်ကတော့ သံဃာဆို လှေသမားကလဲ အခမဲ့ပို့ပေး၊ သမားတော်ကလဲ အခမဲ့ကုပေးဆိုတော့ နဝကမ္မ မကိုင်လို့ ရပါတယ်။ ဒီခေတ်လဲ မကိုင်ဘဲ တောင့်ခံနေတဲ့ သံဃာတော်တွေ ရှိပါသေးတယ်။ (ထိုအရှင်မြတ်တို့ကို လေးစားရိုသေစွာ ကန်တော့လိုက်ပါတယ်ဘုရား။)

ဒါပေမယ့် ဒီလို တောင့်ခံနေတဲ့ အရှင်မြတ်များကလဲ မကိုင်နိုင်တဲ့ သံဃာများကို အပြစ်မတင်ကြပါဘူး။ ရိုးသားစွာ ဓုတင်ဆောင်သည့် ပုဂ္ဂိုလ်ဟာ ဓုတင်မဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကို မကဲ့ရဲ့သည့်နှယ် ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံခါနီးမှာ ဝိနည်းငယ်တွေကို နှုတ်နိုင် ဖျက်နိုင်ကြောင်း နောင်အနာဂတ်ကို မျှော်မြင်ပြီး မိန့်တော်မူခဲ့ပေမယ့် ဝိနည်းဧတဒဂ် အရှင်ဥပါလိ၊ ဓုတင်ဧတဒဂ် အရှင်မဟာကဿပ၊ ဗဟုသုတ လုံ့လ ဥာဏ် အလုပ်အကျွေး စတဲ့ ဧတဒဂ် ငါးခုသခင် အရှင်အာနန္ဒာတို့က လွှတ်ပေးလိုက်ရင် ဘုရားရှင့်အာဏာကို ရဟန်းဆိုးတို့ မရိုမသေပြုမှာစိုးလို့၊ ဒီလိုရဟန်းမျိုးတွေက ဝိနည်းကို သူ့ထက်ငါ ပြင်ရင်ဖျက်ရင် ကြာရင် ဝိနည်းဆိုလို့ ဘာတစ်ခုမှ မကျန်တော့မှာစိုးလို့ မပြင်မဖျက် မူလအတိုင်းထားဖို့ သဘောတူညီ ဆုံးဖြတ်ခဲ့ကြတာပါ။ ''ငါတို့ကို ဝိနည်းစည်းကမ်းတွေနဲ့ ချုပ်ချယ်ခဲ့တဲ့ ရဟန်းကြီးဂေါတမ မရှိတော့ဘူး၊ ငါတို့ နေချင်သလို နေလို့ရပြီ'' ဆိုတဲ့ ကြွေးကြော်သံဟာ လောကသနင်း ပရိနိဗ္ဗာန် စံပြီးပြီးချင်း ထွက်လာလို့ အလောင်းတော်ကို သဂြိင်္ုဟ်ပြီးတာနဲ့ သံဃာယနာ အမြန်ဆုံး တင်ခဲ့ရပါတယ်။ ဝိနည်းကို မပြင်မဖျက် မူလအတိုင်းထားဖို့ဆိုတာ ဒီလိုကြွေးကြော်သူတွေရဲ့ အန္တရာယ်ကြောင့် ဆိုရပါမယ်။

ဒဗ္ဗ said...
Recharcher ရဲ့ အမြင်တွေကို သာဓုခေါ်ဆိုသွားပါတယ်။ မျှတတဲ့ သုံးသပ်ချက်တွေပါပဲ။
တစ်ခုလေးတော့ ရွှေဖလားမှာ ဒေါင့်စွန်းပဲ့နေသလို မြင်လိုက်ရလို့ တရားတော်မြတ်ကို ကာကွယ်တဲ့အနေနဲ့ ဖြေရှင်းလိုပါတယ်။ ဒုက္ခသစ္စာ ဆိုတာဟာ အဆိုးမြင်ဝါဒ (negative thinking) များ ဖြစ်နေမလား ဆိုတဲ့ သုံးသပ်ချက်ကိုပါ။ ဒါဟာ မြတ်စွာဘုရားရှင် ရှာဖွေတွေ့ရှိခဲ့တဲ့ လောကရဲ့ အမှန်တရား (universal truth) ဖြစ်ပါတယ်။ ကြံစည်တွေးတောရုံအဆင့် (thinking) မဟုတ်ပါ။
လောကဥပမာ ဆောင်ရရင် ကမ္ဘာကြီးကို အက်တလာ့စ် ဘီလူးကြီးက ထမ်းထားတယ်ဆိုတဲ့ ဂရိဒဏ္ဍာရီကို ယုံတဲ့လူတွေက စိတ်ထဲမှာ ဒီအတိုင်းပဲ ပုံဖော်တွေးထင်ထားတယ် ဆိုပါစို့။ ဒါဟာ သူတို့ထင်မြင်ချက် Thinking ဖြစ်ပါတယ်။ ဒါကို ယုတ္တိယုတ္တာရှိရှိ အဆိုတင်နိုင်ရင် ဒါဟာ သီအိုရီတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် မှန်ကန်ကြောင်း သက်သေမပြနိုင်ရင်
သီအိုရီတိုင်းဟာ truth မဟုတ်ပါ။
မြတ်စွာဘုရားရှင် ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုက္ခသစ္စာဆိုတာက မှန်ကန်ကြောင်း လူသားတိုင်းရဲ့ ဘဝတွေက သက်သေပြနေပါတယ်။ အဖန်ဖန် ဇာတိပဋိသန္ဓေ ဖြစ်ရခြင်းသည် ဒုက္ခတဲ့.. ထာဝရအသက်ကို လူတော်တော်များများက တောင့်တကြတယ်။ တစ်ခါ မွေးဖွားပြီးရင် ဘယ်တော့မှ မသေတော့တဲ့ (ဘယ်တော့မှ ထပ်ထပ်မမွေးရတော့တဲ့) ထာဝရဘုံတစ်ခုမှာ နေချင်တယ်။ ဒီလိုဘုံမျိုး အနန္တစကြဝဠာရဲ့ ဘယ်နေရာမှာမှ မရှိဘူး။ သံသရာမှာ ကျင်လည်နေသရွေ့ မွေးဖွားခြင်းနဲ့ သေခြင်းကို ရှောင်လို့ မလွတ်နိုင်ဘူးဆိုတာ မြတ်စွာဘုရား ရှာဖွေတွေ့ရှိခဲ့တဲ့ အမှန်တရားပါ။ ဒီအမှန်တရားဟာ မြတ်စွာဘုရားက ဒုက္ခလို့ မမိန့်ခဲ့ဦးတော့ လူသားတွေအတွက် ဧရာမ ဒုက္ခကြီးပါပဲ။ ဇာတိပဋိသန္ဓေ ဆိုတာ ဘဝဟောင်းပျက်လို့ ဘဝသစ်ကို ရွှေ့ရတာ ဖြစ်တဲ့အတွက် ကိုယ်တပ်မက်တဲ့ ဘဝတွေ ပျက်ပြီးရင်းပျက် သေပြီးရင်း သေနေရမှာ ဘယ်လိုလားနိုင်မလဲ။ ဒါပေမယ့် ဒီအမှန်တရားဟာ ဒီလိုဖြစ်စေလို့ မြတ်စွာဘုရား တီထွင်ခဲ့တာ မဟုတ်ဘဲ ရှာဖွေတွေ့ရှိခဲ့တဲ့ လောကနိယာမ ဖြစ်ပါတယ်။ အဆိုးမြင်ခြင်းမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း မြင်ခြင်းသာ ဖြစ်ပါတယ်။
အိုရခြင်းသည် ဒုက္ခတဲ့။ ဒါဟာ ဒုက္ခလို့ လူတွေ မယူဆရင် ပါးရေနားရေတွေ တွန့်တာလျော့အောင် ပလတ်စတစ်ဆာဂျရီနဲ့ ခွဲစိတ်၊ အရေပြားတင်းအောင် ဆေးထိုး၊ ဆံပင်ဖြူကို ဆေးဆိုးနဲ့ သူတို့ ဘာလို့ ငွေကုန်ခံ လုပ်နေကြမလဲ။

နာရခြင်းသည် ဒုက္ခတဲ့။ ဒါကို ဒုက္ခလို့ မြင်လို့ အနာကင်းကျန်းမာအောင် အားကစားလုပ်ကြ၊ အစားအစာကိုလဲ healthy food ဆိုတာကို ရွေးစားကြ၊ ဆီရှောင်ကြ အအီအဆိမ့်ရှောင်ကြ ဆိုတာတွေ ခေတ်စားနေတာပေါ့။ နာရခြင်းဟာ သုခသာဆိုရင် ဒါတွေ ဘယ်လုပ်နေစရာလိုလဲ။
သေခြင်းသည် ဒုက္ခတဲ့။ ဒီဒုက္ခကို ဘုရားရဟန္တာတွေ မကြောက်ပေမယ့် ပုထုဇဉ် အင်မတန်ကြောက်ပါတယ်။ သေစကား ကြားရရင် နောက်တာတောင် သည်းမခံနိုင်ဘဲ ဒေါသထွက်ကြတဲ့သူတွေဟာ ဒီဒုက္ခကို သိပ်ကြောက်လို့ပေါ့။
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဒုက္ခတဲ့။ ဒါဟာ အဆိုးမြင်ဝါဒပါ၊ ဒုက္ခမဟုတ်ပါဘူးလို့ သက်သေပြချင်ရင်တော့ သူတကယ်ချစ်မြတ်နိုးသူနဲ့ ကွဲလို့ ဝမ်းသာလုံးဆို့ပြီး ထကနေသူကို ရှာပြီး သက်သေပြရပါလိမ့်မယ်။
မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ နေရခြင်းသည် ဒုက္ခတဲ့။ သဗ္ဗညုတဥာဏ်တော်သခင် ရှာဖွေတွေ့ရှိခဲ့တာ မှန်လိုက်တာ။ မချစ်မနှစ်သက်သောသူနှင့် အတူတကွ နေရခြင်းဆင်းရဲဆိုတာ တော်ရုံလူကို ရူးသွားမတတ် သတ်သေချင်မတတ်ကို ဆိုးပါတယ်။
ခံဖူးပြီးသားသူတွေ သိပါလိမ့်မယ်။

လို၍ မရခြင်းသည် ဒုက္ခ တဲ့။ ဒီထက်မှန်တာ ရှိတော့မလား။ လိုတာ ဘာမှမရရင် ပျော်လိုက်တာ ပျော်လိုက်တာဆိုပြီး ဘယ်သူ ဝမ်းသာလုံးဆို့နေမှာလဲ။
ခန္ဓာကို ရခြင်းသည် ဒုက္ခတဲ့။ ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ်အစုကို ရလို့ စက္ကန့်မလပ် မမြဲခြင်းတရားတွေ ဖိစီးနှိပ်စက်ခံနေရတာ။ မမြဲခြင်း အနိစ္စသဘောကို တစ်စက္ကန့်ရဲ့ ကုဋေတစ်သိန်းပုံ တစ်ပုံလေး ရပ်ပေးပါ ပြောလို့တောင် မရဘူး။ စိတ်စေတသိက်တွေက တစ်စက္ကန့် (မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်)ကို အကြိမ်ပေါင်း ကုဋေတစ်သိန်းကျော် speed နဲ့ ဖြစ်ပြီး ချုပ်ပျက်သွားလို့။ ကိုယ့်ဈာပနအသုဘသဘင်ကို အလိုမရှိတဲ့ လူသားတွေဟာ ကိုယ့်ရုပ်နာမ်ကို စက္ကန့်တိုင်း အကြိမ်ပေါင်း ကုဋေချီပြီး အသုဘချနေရတာ မသိကြလို့ပါ။ သိရင် ''ဒါဟာ ဒုက္ခမဟုတ်ဘူး၊ သုခပဲ၊ ငါမက်မောလှတဲ့ရုပ်နာမ်တွေ စက္ကန့်တိုင်း ပျက်စီးပြီးရင်း ပျက်စီးနေတယ်၊ ပျော်စရာ ချမ်းသာသုခကြီးပဲ'' ဆိုပြီး ဘယ်သူ ကြွေးကြော်နိုင်မှာလဲ။
ဒါတွေဟာ ဒုက္ခမဟုတ်ဘူး၊ သုခ လို့ သက်သေပြနိုင်ရင်တော့ ဒုက္ခသစ္စာဆိုတာ အဆိုးမြင်တယ်ဆိုတဲ့ ထင်မြင်ချက်ကို လက်ခံပါတယ်။

သူတော်ကောင်းမိတ်ဆွေ researcher အနေနဲ့လဲ ရတနာသုံးပါးကို လေးစားကြည်ညိုသူဆိုတာ ရေးတဲ့စာမှာ အထင်အရှား တွေ့နေရပါတယ်။
ဘုရားရှင်ရဲ့ သဗ္ဗညုတဥာဏ်တော်မြတ်ကို လုံးဝမမီနိုင်ပေမယ့် မိမိရဲ့ စွမ်းနိုင်သမျှသော နာယူမှု၊ ကျင့်ကြံမှုအားနဲ့ ဘုရားရှင်ကိုယ်စား၊ တရားတော်မြတ်ကိုယ်စား ဖြေရှင်းတာကို ကြည်ဖြူမယ်လို့ ယူဆပါတယ်။
သာသနာကို ဆက်လက် စောင့်ရှောက်ပေးနိုင်ပါစေ။

Soon said...
ဒိဗ္ဗ သို့
http://www.ashinkusala.com/2011/03/blog-post_14.html
http://www.ashinkusala.com/2011/03/blog-post_28.html
လေ့လာပါဦး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP