* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 4, 2011

ဧပရယ်နွေနှင့် သေခြင်းတရား


မကြုံစဖူး ဒီနှစ်နွေရာသီမှာတော့ အိန္ဒိယနိုင်ငံသားတို့ရဲ့ နှစ်သစ်ကူး (Holy day) ကို ဆုံတွေ့ခွင့် ကြုံတွေ့ခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ နှစ်သစ်ကူးမှာတော့ ဆေးရောင်စုံများနဲ့ ကြိုဆိုကြဟန်တူပါသည်။ တစ်ယောက်ကိုတစ်ယောက် သူတို့ရိုးရာ ဆေးရောင်စုံများဖြင့် ပတ်ဖြန်းကာ ပျော်ပွဲဆင်နေကြသည်။ အမိမြန်မာတို့ရဲ့ နှစ်သစ်ကူးသည်လည်း မကြာသော အချိန်အတွင်းမှာ သက်ဝင်လာတော့မည်၊ ထို့ကြောင့် အွန်လိုင်းမှ ပိတောက်ပန်းလေး တို့သည် လည်း မြန်မာတို့နှစ်ကူးကို ဖော်ကျူးခွင့်တွေနဲ့အတူ လူးလွင့်လို့နေကြဆဲ။

မြန်မာပီပီ ပန်းတောက်ပန်းမြင်လျှင်တော့ တူးပို့ ~ ~ ~တူးပို့ ~~~~ ကိုဇော်ဝမ်းလဲ တွဲလျက်သား ပါနေတော့သည်။ ပန်းတောက်ပန်းလေးတွေ အချိန်တန် ပွင့်ကြသည်။ တူးပို့ သီချင်းသံ အချိန်မှန်ဖွင့်ကြသည်။ မရိုးသော ရနံ့နှင့် မေ့မရနိုင်တဲ့ သံစဉ်တွေပါ။ မရိုးသောရနံ့ မေ့မရတဲ့ တူးပို့ သံစဉ်တွေ မပြောင်းလဲ ကောင်းနေဆဲ ဖြစ်သော်လည်း၊ တူးပို့ပိုင်ရှင်သည်ကား လူ့လောကတွင် မရှိတော့။

ပိတောက်ရနံ့တို့ တူးပို့ ~~ တူးပို့~~ သံစဉ်တွေကတော့ စီးမြဲစီးနေခဲ့ပေမယ့်လို့ မိမိတို့ခံစားနိုင်သည့် ဤခန္ဓာကိုယ်သည်ကား မပြောင်းလဲပဲ နေမည်မဟုတ်ပေ။ လူသားတိုင်း အားလုံးအား တန်းတူရည်တူအခွင့်အရေးဖြင့် နောက်ဆုံးပို့ပေးသည့် သေခြင်းတရားကတော့ မဖြစ်မနေ မိမိအနားသို့ ခြင်းကပ်လာလိမ့်မည်သာ။ ချမ်းသာဆင်းရဲ၊ ကြီးသူငယ်သူမခွဲခြားပဲ လူသားတိုင်း တပြေးညီသက်ဆိုင်မှုတွေ ပေးထားလိုက်သည့်အရာသည်ကား ထိုသေခြင်း တရားပင်မဟုတ်ပါလော။

အချို့သော သူများက သေခြင်းတရားကို သိသိသာသာစိတ်ဝင်စားနေကြပြီး တချို့က စိတ်ဝင် စားရကောင်းမှန်းမသိနဲ့ နေနေကြသည်။ တချို့ကား စိတ်ဝင်စားလို့ နေမှန်းမသိပဲ မိမိ၏ မသိစိတ်ကတော့ စိတ်ဝင်နေကြသည်။ လောကရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအရာသည်လည်း ထိုသေခြင်း တရားပင်ဖြစ်သည်။

နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ပဲလို့ သတိရမိလိုက်ပါ။ နှစ်ဟောင်းမှာ မသေခဲ့ပေမယ့် နှစ်သစ်မှာ ငါဟာ အချိန်မရွေးသေနိုင်တယ် အသက်တစ်နှစ်လည်း ကြီးလာပြီ၊ သေရဖို့နေစွဲတွေ လျှော့ကြလာပြီ၊ နှစ်သစ်ရဲ့ ရက်စွဲနေ့ တစ်နေ့မှာ ငါဟာသေသွားနိုင်ပါလားလို့ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်စေချင်ပါတယ်။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနီးကာလ၊ နှစ်ဟောင်းကိုစွန့်ခွါပြီး နှစ်သစ်သို့ခြေမချခင် လမ်းစုံမှာ ခြေစုံရပ်လို့ နှစ်ဟောင်းမှာ အပိုအလုပ်တွေနဲ့ အချိန်ကုန်ခဲ့သည်လား၊ အချိန်တွေကို ဖြုန်းခဲ့သလား ၊ အနှစ်အလုပ်တွေနဲ့ အချိန်သုံးခဲ့သည်လား ဘ၀အတွက် ပစ္စုပ္ပန် တမလွန် အတွက် အရည်အသွေးမှီအောင် ဆောင်ရွက်ခဲ့သည်လားဟု ဆင်ခြင်ပြီး သေခြင်းတရားကို အောင့်မေ့နေဖို့လိုအပ်ပါသည်။

အခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်သို့ ကူးတော့မည်အချိန်မှာ မိမိအတွက် လုပ်ပိုင်ခွင့်တွေ ကန့်သက်ထားတဲ့ သေခြင်းတရားကိုတော့ အောင့်မေ့တတ်ပါမှ အဆင်ပြေတော့မည်။
အသေမေ့ရင် ……..အနေမေ့တက်ပါသည်။
Show/Hide

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP