မွေးနေ့လက်ဆောင်
ဘယ်သွားရမှန်းမသိတဲ့ လိပ်စာလေးနဲ့အတူ
နှစ်ဆယ့်သုံးခုမြောက်ဘူတာကို
လက်ပြနှုတ်ဆက်လိုက်ရတယ်။
လမ်းတလျှောက်
ရာသီတွေက ဆိုးလွန်းတော့
မျက်နှာဖုံးတွေကိုပဲ
အထပ်ထပ် အားကိုးခဲ့ရပေါ့…။
မခိုနားရသေးတဲ့ ဘူတာလေးရေ
မင်းအရိပ်မပြလည်း
ကြိုသိနှင့်ပြီးသားပါ
ငါနဲ့ ကြယ်တွေတစ်ပွေ့တစ်ပိုက် လသာည
အရင်ကလိုပဲ
ကျွန်းအထပ်ထပ်ခြားပစ်အုံးမယ် မဟုတ်လား။
“ရွှေဆိုတာ ငရဲမီးနဲ့တို့လို့ မစား
မီး ဖုတ်လို့မမဲ
တူ ထုလို့မကွဲ
နန်းဆွဲလို့လည်း မပြတ်ဘူး…။
စမ်းသပ်ချက်တွေ
မခံနိုင်ရင်
ရွှေလုပ်မနေနဲ့လေ
ရွှေရည်ပြည့်တဲ့ ရွှေအစစ်
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”
အစွယ်တွေချွန်သထက် ချွန်လာဖို့
ဆာလောင်တာတွေ အတိုင်းဆမဲ့ ဆာလောင်လာဖို့
ငါ့ဘတ်ဒေးမှာ
ဒီလက်ဆောင်နဲ့ပဲ
နှစ်သိမ့်လိုက်တော့တယ်။
နှစ်ဆယ့်သုံးခုမြောက်ဘူတာကို
လက်ပြနှုတ်ဆက်လိုက်ရတယ်။
လမ်းတလျှောက်
ရာသီတွေက ဆိုးလွန်းတော့
မျက်နှာဖုံးတွေကိုပဲ
အထပ်ထပ် အားကိုးခဲ့ရပေါ့…။
မခိုနားရသေးတဲ့ ဘူတာလေးရေ
မင်းအရိပ်မပြလည်း
ကြိုသိနှင့်ပြီးသားပါ
ငါနဲ့ ကြယ်တွေတစ်ပွေ့တစ်ပိုက် လသာည
အရင်ကလိုပဲ
ကျွန်းအထပ်ထပ်ခြားပစ်အုံးမယ် မဟုတ်လား။
“ရွှေဆိုတာ ငရဲမီးနဲ့တို့လို့ မစား
မီး ဖုတ်လို့မမဲ
တူ ထုလို့မကွဲ
နန်းဆွဲလို့လည်း မပြတ်ဘူး…။
စမ်းသပ်ချက်တွေ
မခံနိုင်ရင်
ရွှေလုပ်မနေနဲ့လေ
ရွှေရည်ပြည့်တဲ့ ရွှေအစစ်
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”
အစွယ်တွေချွန်သထက် ချွန်လာဖို့
ဆာလောင်တာတွေ အတိုင်းဆမဲ့ ဆာလောင်လာဖို့
ငါ့ဘတ်ဒေးမှာ
ဒီလက်ဆောင်နဲ့ပဲ
နှစ်သိမ့်လိုက်တော့တယ်။
မော်ကွန်းသစ်
(၂၃နှစ်ပြည့်မွေးနေ့အတွက်)
(၂၃နှစ်ပြည့်မွေးနေ့အတွက်)

0 comments:
Post a Comment