* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 17, 2011

*သီလ၏ အကျိုးကျေးဇူးများ*

3/16/2011 တောသားလေး , Posted in သိမှတ်ဖွယ်ရာဓမ္မစာပေများ , 1 Comment

သီလစောင့်ထိန်းခြင်း၏ အကျိုးကျေးဇူးတို့သည် အလွန်များပြားလှပေ၏။
၁။ “အာနန္ဒာ…အပြစ်ကင်း၍ ကောင်းမြတ်သော သီလအကျင့်တို့သည် စိတ်နှလုံး သာယာ ချမ်းမြေ့ခြင်း အကျိုး၊ စိတ်နှလုံး ချမ်းသာအေးမြခြင်း အာနိသင်ရှိကုန်၏” ဟု အရှင်အာနန္ဒာအား မြတ်စွာဘုရား မိန့်ကြားတော်မူ၏။
၂။ “အို-သူကြွယ်တို့- ဤလောက၌ သီလနှင့် ပြည့်စုံသောသူ၏ အကျိုးတို့သည် ဤ ၅-ပါးတည်း” ဟူ၍ အောက်ပါ အကျိုး ၅-ပါးကို မြတ်စွာဘုရား ဟောကြားတော်မူ၏။
(၁)သီလနှင့်ပြည့်စုံသူသည် မမေ့မလျော့သည့် အကြောင်းကြောင့် ကြီးစွာသော စည်းစိမ်ဥစ္စာကို ရ၏။
(၂)သီလနှင့်ပြည့်စုံသူ၏ ကောင်းသော ကျော်စောသတင်းသည် ထက်ဝန်းကျင်သို့ ပြန့်နှံ့၏။
(၃)သီလနှင့် ပြည့်စုံသူသည် မင်းပရိတ်သတ်ဖြစ်စေ၊ ပုဏ္ဏားပရိတ်သတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိတ်သတ်သို့ ဖြစ်စေ၊ ရဟန်းပရိတ်သတ်သို့ ဖြစ်စေ၊ ချဉ်းကပ်ဝင်ရောက်လျှင် မကြောက်မရွံ့ ရဲရဲရင့်ရင့် ကျက်သရေရှိသည့် ရွှင်လန်းသော မျက်နှာဖြင့် ချဉ်းကပ်ရ၏။
(၄)သီလနှင့် ပြည့်စုံသူသည် မိမိပြုခဲ့သော ကောင်းမှု ကုသိုလ်တို့ကို ထင်မြင်၍ မတွေမဝေ ကြည်ကြည်လင်လင် သေရ၏။
(၅)သီလနှင့် ပြည့်စုံသူသည် ခန္ဓာပျက်ကြွေ၍ သေလွန်သည်ရှိသော် ကောင်းမှုပြုသူတို့ လားရာဖြစ်သော နတ်ပြည်လောကသို့ ဧကန်မချွတ် ရောက်ရ၏။
(မဟာဝဂ်ပါဠိတော် မြန်မာပြန်။ ၈၅)
ဒေါက်တာမင်းတင်မွန် ၏ မြတ်သီလ စာအုပ်မှ ကူးယူပြီး ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP