* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 17, 2011

နှစ်ကူးအစီအစဉ်

ဘာမင်ဂန်မြို့ရှိပြတိုက်ရှေ့
၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှပင့်ဆောင်ခဲ့ပြီး သမ္မာသမ္ဗောဓိဘုန်းတော်ကြီးကျောင်း (ကပုန်း) တွင် သီတင်းသုံးပူဇော်လျက်ရှိသည့် ဆင်းတုတော်ရုပ်ပွားတော်ကြီး၏ ၁၁- နှစ် မြောက် ဗုဒ္ဓ ဓမ္မ သံဃ ပူဇနိယပူဇော်ပွဲ နှင့် မြန်မာနှစ်ကူးအလှူတော်မင်္ဂလာပွဲကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်စဉ်က ပါဝင်လှူဒါန်းကူညီခဲ့ကြသော အလှူရှင်များအပါအဝင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့အား လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

လန်ဒန်မြို့၊ Thames မြစ်ဘေး
ကျင်းပမည့်နေ့ရက်
၁၂၊ ၄၊ ၂၀၁၁ ညနေ (၆) နာရီ ဆံချ
၁၃၊ ၄၊ ၂၀၁၁ နံနက် (၉) နာရီ သိမ်ဝင်၊ နံနက် (၁၀း၃၀) သိမ်ဆင်း
၁၇၊ ၄၊ ၂၀၁၁ နံနက် (၆) နာရီ ဘုရားအနေကဇာတင်၊ ဘုရားပူဇော်၊ ဆုတောင်းအမျှဝေ
နံနက် (၇) နာရီ အရုဏ်ဆွမ်းဆက်ကပ်
နံနက် (၈) နာရီ ပရိသတ်များဧည့်ခံ
နံနက် (၁၁) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ (၁) နာရီ သီလယူ၊ တရားဟော/နာ၊ ရေစက်ချ။

ကျင်းပမည့်နေရာ
သမ္မာသမ္ဗောဓိဘုန်းတော်ကြီးကျောင်း (ကပုန်း)
နံပါတ် ၁၉၊ ဂျလန် ၃၈၊ ဒေစာဂျာယာ၊ ကပုန်း။
မြန်မာနှစ်ဆန်း (၁) ရက် (၁၇၊ ၄၊ ၂၀၁၁) တနင်္ဂနွေနေ့တွင်
ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ကြွရောက်လာသောဧည့်ပရိသတ်အပေါင်းတို့အား ဦးသက်ဆွေ၊ ဒေါက်တာစီလေးခိုင်မိသားစုတို့က
ဆွမ်းထမင်း တို့ဖြင့် တည်ခင်းဧည့်ခံလှူဒါန်းပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP