* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 17, 2011

တမ်းတမိခြင်း

တမ်းတခြင်း
မွေးမေမေ………….သားလေ
အမေ့ကိုတွေးပြီး မျက်ရည်ဝေခဲ့တယ်
အမေ့ကိုလွမ်းပြီး ငိုခဲ့ရတယ်
တမ်းတမိတိုင်းလည်း မျက်ရည်ဝေခဲ့ရပါတယ် အမေရယ်…

ဘာဖြစ်လို့လဲသိလား
အမေဟာ သားတို့ကိုခွဲ
လောကကို မျက်နှာလွဲခဲ့လို့ပေါ့၊

သားဖြင့်လေ
အမေ့မေတ္တာ စမ်းရေပမာဆိုတဲ့အရသာ
မေတ္တာအနန္တကြီးမားလှတဲ့ ချစ်ခင်ကြင်နာမှုတွေကို
အပြည့်အ၀မပေးခဲ့ပါလားလို့
မဟုတ်တယုတ် အတွေးစုပ်တွေနဲ့
ရောင်ရမ်းမှန်းဆ အပြစ်တင်ချခဲ့မိပေါ့..

အမေ့သားတစ်ယောက်
လောကအလယ် အမေရယ်လို့
တအားကုန်းအော် ခေါ်လဲမရ မျက်ရည်စတွေနဲ့
အားငယ်ရပါတယ် အမေရယ်..

ဒါတွေ အမေကြားရဲ့လား
ဒါတွေ အမေသိပါရဲ့လား
သားကိုလေ.. ယုယပိုက်ထွေး
အေးမြတဲ့အနမ်းလေးတွေ ပေးပါလဲ့တော့လား
အမေရယ်………….

(၂၈.၁.၂၀၀၅ )ကိုရင်လေးငယ်ဘ၀ အမေကို သတိရမိခြင်းက ဖြစ်ပေါ်လာတဲ့ ကာရံမညီခဲ့တဲ့ တမ်းတခြင်းလေးပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP