* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 21, 2011

အစားအသောက်နဲ့ ရေထဲမှာ ရေဒီယိုသတ္တိကြွမှုတွေ့

ဖူကူးရှီးမားခရိုင်မှာရှိတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ ၀န်းကျင်က နို့နဲ့ ဟင်းနုနွယ် ရွက်တွေမှာ ရေဒီယို ဓာတ်သတ္တိကြွမှု မြင့်မားနေတာကို တွေ့ရှိရတယ်လို့ ဂျပန်အစိုးရ အဖွဲ့ရဲ့ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ လုံခြုံစိတ်ချရတဲ့ စံသတ်မှတ်ချက်ထက် ဓာတ်သတ္တိကြွမှုက မြင့်မားနေပေမဲ့ ချက်ချင်း လက်ငင်း ကျန်းမာရေး အန္တရာယ် မရှိနိုင်ပါဘူးလို့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yukio Edano က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မတ်လ ၁၁ ရက်နေ့က မြေငလျင်လှုပ် ဆူနာမီကြုံခဲ့ရပြီး နျူကလီးယာ အကျပ်အတည်း ကြုံခဲ့ရကတည်းဆိုရင် အစားအသောက်တွေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွမှုကို တွေ့ရှိတာ ပထမဆုံး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ အစားအသောက်တွေကို စားသုံးရင် အထူးသဖြင့် ကလေးတွေအတွက် ရေဒီယို သတ္တိကြွ အိုင်အိုဒင်း ဟာ ရေတိုမှာလည်း ကျန်းမာရေး အန္တရာယ် ရှိနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက ကြေညာချက်မှာ ပြောပါတယ်။

တိုကျို နဲ့ တခြား နေရာတွေမှာ ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွ ပစ္စည်းတွေကို နည်းနည်း စတွေ့နေရပြီလို့ ဂျပန်အစိုးရက ပြောပါတယ်။

ဒီအချိန်မှာပဲ လောင်စာတောင့်တွေ အပူပိုမကြီးနိုင်အောင်နဲ့ ပတ်ဝန်းကျင်ကို ရေဒီယို ဓာတ်သတ္တိ မပျံ့နှံအောင် ဓာတ်ပေါင်းဖို နံပတ် (၃) ကို တိုကျို မီးသတ်တပ်ဖွဲ့က ရေပက်ဖျန်းခဲ့ပါတယ်။ သမုဒ္ဒရာကနေ ရေကိုယူပြီး မီးသတ်သမားတွေက ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖို အဆောက်အဦးကို ရေ အဆက်မပြတ် ပက်ဖျန်းပေးနေတာပါ။

ရေစုပ်စက်တွေနဲ့ နျူကလီးယာ လောင်စာတောင့်တွေကို ရေပေးနိုင်အောင် လျှပ်စစ်မီးကြိုးကို ဓာတ်အားပေး စက်ရုံမှာ ပြန်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အားထုတ်မှု မှန်သမျှ ရပ်ထားလိုက်ပြီးတဲ့နောက် စနေနေ့ နေ့လည်တုန်းက ဓာတ်ပေါင်းဖို နံပတ် (၃) ကို တိုကျို မီးသတ်တပ်ဖွဲ့က ရေပက်ဖျန်းခဲ့ပါတယ်။

ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုကို လျှပ်စစ်ပြန်ပေးနိုင်ဖို့ တနင်္ဂနွေနေ့အထိ ကြာကောင်းကြာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

VOA သတင်းမှ ကူးယူဖော်ပြပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP