* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 12, 2011

*ကျောင်းကိုပေးလှူ လှူခံသူ ရယူအကျိုး (၁၇)မျိုး*

2/12/2011 တောသားလေး , Posted in , 1 Comment

၁။ အတွင်း အပ နှစ်ဌာန၌ နှိပ်စက်တတ်သော အအေးဥတုကို ကာကွယ်နိုင်ခြင်း။
၂။ တောမီးလောင်ရာအခါ စသည်တို့၌ ဖြစ်တတ်သော အပူဥတုကို ရှောင်ရှားနိုင်ခြင်း။
၃။ ခြင်္သေ့ သစ် ကျား စသော သားကောင်တို့၏ ဘေးရန်တို့မှ ကာကွယ်နိုင်ခြင်း။
၎။ မြွေ ကင်း စသော တွားသွား သတ္တ၀ါတို့၏ ဘေးရန်တို့မှ ကာကွယ်နိုင်ခြင်း။
၅။ မှက် ခြင်တို့၏ ဘေးရန်မှ ကာကွယ်နိုင်ခြင်း။
၆။ မိုးသက်လေပြင်းတို့ မကျရောက်အောင် ကာကွယ်နိုင်ခြင်း။
၇။ အခါမလပ် တရစပ် ရွာသွန်းတတ်သည့် မိုးရေတို့ကို ကာကွယ်တားဆီးနိုင်ခြင်း။
၈။ နွေလအခါတို့၌ ဖြစ်ပေါ်လေ့ရှိသော လေမုန်တိုင်းနှင့်တကွ နွေနေပူကို ကာကွယ်နိုင်ခြင်း။
၉။ အာရုံကောင်းတို့ဖြင့် ကိန်းအောင်းမွေ့လျော် စံပျော်နိုင်ခြင်း။
၁၀။ ဆိုခဲ့သမျှ ဘေးရန်တို့မှ ကင်းစင်သဖြင့် အေးမြချမ်းသာစွာ နေထိုင်ရခြင်း။
၁၁။ သမထတရား ရှု့ပွားအားထုတ်နိုင်ခြင်း။
၁၂။ ရုပ် နာမ် ဓမ္မ သင်္ခါရတို့၌ အနိစ္စ စသည်ဖြင့် ၀ိပဿနာတရား ရှု့ပွားနိုင်ခြင်း။
၁၃။ နံနက်အခါ၌ ဆွမ်းဘောဇဉ် ညနေအခါ၌ ဆေးအဖျော်တို့ဖြင့် လှူဒါန်းရခြင်း။
၁၄။ သင်္ကန်းပရိက္ခရာ အိပ်ရာ နေရာတို့ကို လှူဒါန်းရခြင်း။
၁၅။ ရုပ်နာမ်နှစ်ဖြာ လေးသစ္စာဝယ် မှန်စွာသိကြောင်း တရားပေါင်းကို ကြားနာရခြင်း။
၁၆။ ကြားနာထားသမျှ တရားဒေသနာ အပေါင်း၌ တရားထိုးထွင်း သိမြင်ခြင်း။
၁၇။ အဆုံး၌ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ကာ ရွှေပြည်နိဗ္ဗာန် ၀င်စံရခြင်းတို့ ဖြစ်ပါသည်။
ဝိနည်းဒေသနာတော်
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP