*မျက်လုံး*
မျက်လုံးတွေ ကိုက်သည်၊ ဇရာပြပြီ၊ ဘယ်ဘက် မျက်လုံးက ပိုကိုက်သည်.. ညစ်သည်၊ လေသည်၊ တရားနဲ့လည်း ဆင်ခြင်မိသည်..၊ အရင်လို ကွန်ပျူတာကို ကြည့်လို့မရ၊ ဖတ်ချင်သည့်စာများ ဖတ်ခွင့်မရ.. တော်တော်လည်း ခံရသည်..။
မှုန်နေတာတော့ ကြာပါပြီ.. မျက်မှန်မပါရင် ၁၀-ပေ အတွင်းကလူတောင် ၀ိုးတိုးဝါးတား.. အော် တူသော အကျိုးပေး.. ဘယ်ဘ၀က ၀ဋ်တွေပါလိမ့်.. ဒုက္ခ ဒုက္ခ..။
ဒီလို မျက်လုံးကိုက်တော့ မျက်ကြောပါကိုက်သည်.. ဘယ်ဘက် ခေါင်းတစ်ခြမ်းလုံးပါ ကိုက်လာသည်.. ၀ဋ် ၀ဋ်.. ၀ိပါက၀ဋ်..။
ဒီလို ဝေဒနာကြားကနေ ဒါလေးတွေ သတိရမိသည်
၁) အမေ (အနီးမှာ အမေသာရှိရင် ပြုစုပေးမှာ)
၂) အားပေးဖော် မိတ်ဆွေ သူငယ်ချင်းတွေ
၃) စက္ခုပါလ မထေရ်အကြောင်း
၎) မျက်လုံး ထုတ်လှူခဲ့သော ဘုရားအလောင်းတော်၏ ဘ၀တစ်ခု
၅) ဗျာဓိပိ ဒုက္ခော – နာခြင်းဟာ ဆင်းရဲတယ်တဲ့ (တရားဦး)
၆) ဝေဒနာသည် ငါမဟုတ်၊ ဝေဒနာ အနိစ္စ (မိုးကုတ်ဆရာတော် ဘုရား၏ တရားတစ်ပုဒ်က)
၇) Mere sufferings exist, no sufferer is found. အသစ် အသစ် အစားထိုး ပျောက်ပျက်နေသော ဝေဒနာ ခံစားချက်များသာ ရှိ၏၊ ဝေဒနာ ခံစားသူ ငါ၊ တစ်ဦးဦး၊ တစ်စုံတစ်ရာတော့ မရှိတဲ့ (၀ိသုဒ္ဓိမဂ်)
၈) ဝေဒနာတွေ တစ်ခုခု ခံစားရတိုင်း ကိုယ့်ကို တရားတိုးကျင့်လိုက်ပါဦးလို့ ပြောနေတာတဲ့ (ပိုင်းလော့ဆရာတော် အဆုံးအမ)
ဘာပဲပြောပြော အကြွေးတစ်ခုတော့ ကျေပြီ.. ၀ဋ်ရှိသရွေ့တော့ ခံလိုက်ဦးမည်..။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
လေးစားစွာဖြင့်
ဖိုးသား


0 comments:
Post a Comment