"ကောင်းသော နေ့လေးဖြစ်စေဖို့"
"နေ့ရက်တိုင်းမှာ........
ကောင်းသောနေ့လေး ဖြစ်စေဖို့
နေ့ရက်တိုင်းမှာ………..
မေတ္တာနဲ့ အိပ်၊ နိုးထတိုင်းနော်။
သူ ငါ အများ၊ ချမ်းသာဖို့ပေါ့။
နေ့ရက်တိုင်းမှာ…………
လုပ်ပါ ကောင်းကျိုး၊ ချိန်တိုင်းမှာနော်။
သူ ငါ အများ၊ ချမ်းသာဖို့ပေါ့။
နေ့ရက်တိုင်းမှာ…………
တွေးပါ ကောင်းကျိုး၊ ချိန်တိုင်းမှာနော်။
သူ ငါ အများ၊ ချမ်းသာဖို့ပေါ့။
နေ့ရက်တိုင်းမှာ…………
ပြောပါ ကောင်းကျိုး၊ ချိန်တိုင်းမှာနော်။
သူ ငါ အများ၊ ချမ်းသာဖို့ပေါ့။
နေ့ရက်တိုင်းမှာ………..
မငိုနဲ့ ပြုံး၊ တစ်နေ့လုံးနော်။
ဒီအတွက်………….
ဒေါသမမွေး၊ မေတ္တာမွေး ရမယ်ပေါ့။
နေ့ရက်တိုင်းမှာ……..
မညာနဲ့ ပြော၊ သစ္စာနှောနော်။
ဒီအတွက်………….
ဟန်ဆောင်မှု့ကင်း၊ ရိုးသားခြင်း ထားရမယ်ပေါ့။
နေ့ရက်တိုင်းမှာ………..
မပြောနဲ့ ကြမ်း၊ နှုးညံ့ပြောနော်။
ဒီအတွက်…..
ဒေါသမမွေး၊ မေတ္တာမွေး ရမယ်ပေါ့။
နေ့ရက်တိုင်းမှာ.........
မပြောနဲ့ ဖျင်း၊ ကောင်းကျိုး ပြောနော်။
ဒီအတွက်……….
ဣဿာကင်းရှင်း၊ မုဒိတာ သင်းရမယ်ပေါ့။
နေ့ရက်တိုင်းမှာ..........
မလုပ်နဲ့ ဒု၊ သု ကိုပြုနော်။
ဒီအတွက်…………
ဒုစရိုက်ရှင်း၊ သီလ သင်းရမယ်ပေါ့။
နေ့ရက်တိုင်းမှာ..........
မတွေးနဲ့ ဒု၊ တွေး သုကိုနော်။
ဒီအတွက်………
ဒုစရိုက်ရှင်း၊ သီလ သင်းရမယ်ပေါ့။
နေ့ရက်တိုင်းမှာ..........
မပြောနဲ့ ဒု၊ ပြော သုကိုနော်။
ဒီအတွက်……..
ဒုစရိုက်ရှင်း၊ သီလ သင်းရမယ်ပေါ့။
နေ့ရက်တိုင်းမှာ.........
ကောင်းရာ ကောင်းကျိုး၊
ကောင်းမှု့မျိုးကို၊နေ့စဉ်ထာဝရ၊
ပြုကြခြင်းဖြင့်၊
ပြောကြခြင်းဖြင့်၊
ကြံဆခြင်းဖြင့်၊
ကောင်းသော နေ့ရက်၊
တို့တစ်သက်၊ ဆက်ဆက်ဖြစ်ကာ နေရမယ်။"
(ဥယျာဉ်မှုးလေး)


0 comments:
Post a Comment