* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 24, 2011

အင်ဒိုခရီးစဉ် (၄)


ဂျာကတာလေဆိပ် စားသောက်ဆိုင်တစ်ဆိုင်မှာ ဆွမ်းဘုဉ်းပေးပြီး
လာကြိုတဲ့ကားဆရာက သူ့ကားရှိရာ ကားပတ်ကင်းဆီ ဦးဆောင်ခေါ်သွားပါတယ်။
ကားကြိုကားကြားက ဖြတ်သွားရတာဆိုတော့ ရပ်ထားတဲ့ကားတွေကို သတိပြုမိတယ်။
အားပါးပါး၊ အင်ဒိုနီးရှားကလူတွေလဲ ကားကောင်းတွေ စီးနေကြပြီပဲ။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သီရိလင်္ကာ (သီဟိုဠ်) နိုင်ငံ ရောက်စတုန်းကလဲ
သီဟိုဠ်နိုင်ငံက သာမန်လူတန်းစားတွေ လူနဲ့မလိုက်အောင်
ကားကောင်းတွေစီးနေကြလို့ အံ့သြဘူးတယ်။
အခုလဲ အင်ဒိုသားတွေ ကားကောင်းတွေ နောက်ဆုံးပေါ်ကားတွေ
စီးနေကြပြီ။ စီးနိုင်နေကြပြီ။

ဒို့နိုင်ငံကလူတွေလဲ ဘယ်တော့များမှ ကားကောင်း ကားသစ်တွေ
ဝယ်စီးနိုင်ကြမလဲ လို့ အတွေးထဲဝင်လာသေးတယ်။
အခုလောလောဆယ်အခြေအနေအထိတော့ အတော်ကိုညံ့တဲ့ကားစုတ်တွေတောင်
မြန်မာငွေနဲ့ သိန်း ၁၀၀ ကျော်ပေးရတယ်တဲ့။
သိန်း ၁၀၀ ကျော်ဆိုတော့ သာမန်လခစားတွေ ဘယ်ဝယ်စီးနိုင်မလဲ။

ဟိုတလောက သာသနာရေးဌာန ညွှန်မှူးလုပ်နေတဲ့ဒကာမကြီးတစ်ယောက်
သာသနာရေးရုံးကိုအလာ၊ ဘတ်စ်ကားပေါ်ကဆင်းပြီး လမ်းဖြတ်အကူးမှာ
ကားအတိုက်ခံရလို့ ဆုံးသွားတယ်တဲ့။

အင်း။ သာသနာရေးဌာနညွှန်မှူးအဆင့်ရှိတဲ့သူတောင်
ကိုယ်ပိုင်ကားဝယ်မစီးနိုင်သေးဘူး။ ဘတ်စ်ကားတိုးစီးရတုန်းပါလားလို့ တွေးမိတယ်။

မလေးရှားမှာနေနေတဲ့ဒကာလေးတစ်ယောက်က လျှောက်ဖူးတယ်။
မြန်မာပြည်မှာ သိန်း ၁၀၀ ကျော်တန်ကားတွေက
မလေးရှားနိုင်ငံမှာ ၇ သိန်း ၈ သိန်းလောက်နဲ့ရတယ်တဲ့။
ဒါဆို ဘာကွာနေလို့လဲ။ ဘာလို့များဒီလောက်တောင် ကွာနေရတာလဲ။

ဒေါ်ဇင်မာဝင်းနဲ့ ကာဆရာတို့ လာကြိုတဲ့ကားကလဲ အတော်ကောင်းသားပဲ။
မြန်မာနိုင်ငံကလွဲလို့ တခြားနိုင်ငံတွေမှာရှိတဲ့ကားတွေလိုပါပဲ။
ကားအဲကွန်း (လေအေးပေးစက်) ကို ပြည့်ပြည့်၀၀ အားမနာတမ်းသုံးနိုင်နေပြီ။
ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့လဲ ကားတိုင်း တံခါးပိတ်ပြီး
လေအေးပေးစက်ဖွင့် မောင်းနေတာကို တွေ့ရတယ်။

ဒါကို အထူးအဆန်းလုပ်ပြီး ပြောနေတာတော့ မဟုတ်ပါဘူး။
ကိုယ်လဲ တိုးတက်ပြီးနိုင်ငံတွေထဲကဆိုရင်
အနောက်နိုင်ငံ အင်္ဂလန်အထိရောက်ဖူးပါတယ်။

ပြောချင်နေတာက
အိမ်နီးချင်းအာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေး၊ ထိုင်း၊ စင်္ကာပူနိုင်ငံတွေသာမက
အင်ဒိုနီးရှားနိုင်ငံတောင်မှ အတော်လေးအဆင့်မှီနေပြီ၊
လူလိုသူလို တူနေပြီဆိုတာ ပြောချင်တာပါ။

မြို့တွင်းလမ်းတွေကိုလဲ ကြည့်လိုက်ပါအုံး။
အလွန်အကျယ်ကြီးမဟုတ်ပေမဲ့ အတော်ချောမွေ့တာကို သတိထားမိတယ်။
ဂျာကာတာမြို့ထဲမှာ လမ်းနှစ်ထပ်ဖန်တီးထားတယ်။
အပေါ်လမ်း (တံတားလမ်း) က Highway ဖြစ်ပြီး
အောက်လမ်းကတော့ထုံးစံအတိုင်း ကိုယ်သွားလိုတဲ့ အနီးအနားမြို့၊ ရပ်ကွက်ထဲဝင်ဘို့ပေါ့။
Highway လမ်းအတွက် Highway လမ်းကို
တံတားကြီးတွေစီစဉ်ထားတာဆိုတော့
တံတားကြီးတွေ အရှည်ကြီးတွေလုပ်ထားတာပေါ့။

မြန်မာပြည်မှာ နှစ်တောင်လုပ်ရှိတဲ့တံတားကို
သမိုင်းထဲက သူရဲကောင်းနာမည်ကြီးတွေ မှည့်ခေါ်ထားတာဟာ
သမိုင်းထဲက သူရဲကောင်းကြီးတွေကို အားနာဘို့ကောင်းပါတယ်။
အဲ့ဒီသူရဲကောင်းကြီးတွေကလဲ ကြိုက်မယ်မထင်ပါဘူး။
မကြိုက်တဲ့အပြင် သူတို့သာ အသက်ရှင်ခွင့်ရရင်
ဒီလိုကလေးကလားဆန်တဲ့တံတားလေးကို ငါတို့နာမည်မှည့်ခေါ်ထားရသလားဆိုပြီး
ဖနောင့်နဲ့ပေါက်မှာ သေချာပါတယ်။

ပထမဦးဆုံး မဟာယာနကျောင်းကြီးကို လိုက်ပို့တယ်။
ကျောင်းနာမည်ဘာလဲလို့ မေးကြည့်တော့
Lodan Temple လို့ပဲ လူသိများတယ်တဲ့။
တကယ့်ကျောင်းနာမည်က Vihara Mahavira Graha Pusat လို့ခေါ်တယ်။
Lodan ဆိုတာက လမ်းနာမည်။ Lodan လမ်းပေါ်မှာ တည်ရှိတဲ့ကျောင်းမို့
Lodan ကျောင်းလို့ အလွယ်ခေါ်ကြတာထင်ပါရဲ့။


ကျောင်းကြီးက အတော်ခန်းနားတယ်။
ဂျာကတာမှာရှိတဲ့ မဟာယာနကျောင်းတွေထဲမှာ အကြီးဆုံးဖြစ်တယ်တဲ့။
အဲ့ဒီကျောင်းထဲက ဒကာမကြီးတစ်ယောက်က ရှင်းပြတယ်။
နေ့စဉ်လုပ်ငန်းတွေအနေနဲ့
ပုံမှန် မဟာယာနသုတ်တော်တွေကို ရွတ်ဖတ်ခြင်း၊
ဥပုသ်နေ့တွေမှာ အထူးရွတ်ဖတ်ပွဲ၊ အထူးတရားပွဲများကျင်းပခြင်းတို့အပြင်
အင်္ဂလိပ်စာသင်တန်း၊ တရုတ်စာသင်တန်းတို့ကိုလဲဖွင့်လစ်ပေးထားကြောင်းသိရပါတယ်။
တနင်္ဂနွေနေ့မှာတော့ Sunday Dhamma Class ရှိပါတယ်တဲ့။
ကျောင်းတော်ကြီးဟာ ဂျာကာတာ မဟာယာနဂိုဏ်းချုပ်ကျောင်းတော်ကြီးဖြစ်တာနဲ့အညီ
အင်မတန်ကြီးကျယ်ပါတယ်။

ကျောင်းတော်ကြီးထဲ ၀င်ဝင်ချင်း မြန်မာပြည်က စကျင်ကျောက်နဲ့ထုထားတဲ့
မြန်မာ့လက်ရာ ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူတွေ့လိုက်ရလို့
ဘုရားချင်းအတူတူဆိုတာ ရင်ထဲက သိပေမဲ့
ပိုပြီး ကြည်နူးမိတာအမှန်ပဲ။

မီးဆိုင်းတွေတတ်ဆင်ထားပုံ၊ ဓာတ်လှေကားများ။ တရားဟောဘို့ ဟောခန်းကျယ်၊
သံဃာနေဘို့အဆောင် အခန်း အထပ် စသည်တို့ကို စနစ်တကျ ဖွဲ့စည်းထားတာဟာ
အင်မတန်အတုယူဘို့ကောင်းပါတယ်။

ကျောင်းတော်တစ်ဆောင်တည်းကို သူ့နေရာနဲ့သူ၊ လိုအပ်တဲ့အခန်းတွေကို ဖွဲ့စည်းထားတာပါ။
All in One လို့ဆိုမယ်ဆို ဆိုလို့ရပါတယ်။

မဟာယာနကျောင်းတော်ကြီးတွေတည်ဆောက်လိုက်ရင်
ဒီလိုပဲ ခန်းခန်းနားနားရှိလှတယ်ဆိုတာ သတိထားမိပါတယ်။
ထေရ၀ါဒကျောင်းတော်များဖြစ်တဲ့ မိမိတို့နိုင်ငံက ကျောင်ေးတ်ာများကတော့
ငွေရေးကြေးရေးကြောင့်လားတော့မသိဘူး။
ဒီလို တစ်ကျောင်းတည်းကို ခန်းခန်းနားနား ထည်ထည်ဝါ၀ါ
အပြီးသတ်ဆောက်လုပ်နိုင်တဲ့ကျောင်း ရှားပါတယ်။

ရုပ်ပိုင်းဆိုင်ရာကွဲပြာမှုကတော့ ထားပါတော့။
အတွေးအခေါ်အယူအဆပိုင်းဆိုင်ရာ ကွဲပြားမှုကို
အလျင်းသင့်တုန်းပြောပြချင်သေးတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP