* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 24, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၅)

ပျော်ရွှင်မှုနှင့် ရုပ်ဝါဒ (၁)
ငွေရှိရုံနှင့် သူတို့တွေရဲ့ ပြဿနာအားလုံးကို ဖြေရှင်းလို့ ရတယ်လို့ လူအများစုက ထင်နေကြတယ်။ ဒါပေမဲ့ ငွေမှာ သူနှင့်အတူပါလာတဲ့ ပြဿနာတွေ ရှိတယ်လို့ သူတို့ သဘောမပေါက်ကြဘူး။ ငွေက ပြဿနာတိုင်းကို မဖြေရှင်းနိုင်ပါဘူး။

လူအများစုက သင့်လျှော် မှန်ကန်အောင် မတွေးကြဘူး။ သူတို့တွေဟာ ဘဝတစ်လျှောက်လုံး တည်ကြက်နောက်ကို ပြေးလိုက်နေတဲ့ ပြေးလမ်းထဲက ခွေးတစ်ကောင်လိုပါပဲ။ လိုက်ဖမ်းလို့လဲ ပြီးသွားရော၊ စိတ်လှုပ်ရှားစရာတွေ အားလုံးလဲ ပျောက်ဆုံးကုန်ပါရော။ ဒါက ထူးဆန်းထွေလာ ရုပ်ဝါဒကမ္ဘာထဲမှာရှိတဲ့ လောကီချမ်းသာရဲ့ သဘောသဘာဝနှင့် အတော်ပဲ တူပါတယ်။ လိုချင်တာ ရရခြင်းပဲ ပျော်ရွှင်မှုက ကုန်ဆုံး သွားပြီး လိုချင်မှုအသစ်က ပေါ်လာပါတယ်။ လိုချင်တာ ရတာက ရအောင်လိုက်လုပ်ရတာလောက်တောင် ကျေနပ်စရာကောင်းပုံ မပေါ်ပါဘူး။

တစ်ခုခု ဆုံးရှုံးရတဲ့အခါ အောက်မှာ ဖော်ပြတဲ့ အကြံပေးစကားလေးကို သတိရလိုက်ပါ။
ဒါက သင့်ဟာ၊ ဒါကတော့ ငါဟာလို့ မပြောပါနဲ့၊
ဒါက သင့်ထံရောက်လာပြီး ဒါကတော့ ငါထံ ရောက်လာတယ်လို့သာ ပြောပါ။
ဒီလိုဆိုရင် အံ့သြ ဂုဏ်ယူဖွယ်ရာတွေ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားတဲ့အခါ
ကျွန်တော်တို့ ဝမ်းမနည်းရတော့ဘူးပေါ့။

ဥစ္စာဓနဆိုတာ ကပ်ငြိတွယ်တာဖို့ စုဆောင်းထားရမည့် အရာ မဟုတ်ပါ။ တကယ်တော့ သင်နှင့် တစ်ခြားသူတွေရဲ့ ကောင်းကျိုး ချမ်းသာအတွက်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အနီးအပါးက ကမ္ဘာလေးကို သာယာနေချင့်စဖွယ်ဖြစ်အောင် လုပ်ပါ။ သင့်ရဲ့ ဥစ္စာဓနကို မရှိဆင်းရဲသားတွေ၊ နာမကျန်းဖြစ်နေသူတွေနှင့် သက်ကြီးရွယ်အိုတွေရဲ့ ဆင်းရဲဒုက္ခ လျော့ပါးသက်သာအောင် အမျှော်အမြင်ရှိရှိ သုံးပါ။ သင့် ပြည်သူ၊ နိုင်ငံနှင့် ဘာသာတရားအပေါ်မှာ ပြုလုပ်ရမည့် တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ပါ။ သင်ထွက်ခွါရမည့် အချိန်ရောက်လာရင် အတိတ်က ကောင်းခဲ့တာတွေ၊ သင်လုပ်ခဲ့တဲ့ ကိုယ်ကျိုးမဖက်တဲ့ အလုပ်တွေကို တွေးတော သတိယပြီး အလွန်အမင်း ငြိမ်းချမ်းမှုနှင့် စိတ်ချမ်းသာမှုကြီးကို ရရှိပါလိမ့်မယ်။

လောင်းကစားလုပ်ပြီး ဥစ္စာရှာတာဟာ ပြေးသွား ရွေ့လျှားနေတဲ့ တိမ်တိုက်တစ်ခုကို နေပူဒဏ်ကနေ အကာအကွယ်ရဖို့ မျှော်လင့်နေသလိုပါပဲ။ တစ်ခြားတစ်ဖက်ကနေဆိုရင် ကြိုးကြိုးစားစားလုပ်တဲ့နည်းနှင့် ကြွယ်ဝချမ်းသာဖို့ ရည်ရွယ်ချက်ထားတာက လုံခြုံပါတယ်။ အဆောက်အဦးတစ်ခုဟာ နေပူ မိုးရွာကနေ အမြဲကာကွယ်ပေးသလိုမျိုး လုံခြုံတာပါ။

သင် သေသွားသော် သင့်၏ ပစ္စည်းဥစ္စာများကား ကျန်ရစ်ခဲ့ပေမည်။ ဉာတိ မိတ်သင်္ဂဟများကား သင်၏ သင်္ချိုင်းအထိ လိုက်ပါကြပေမည်။ သို့သော် သင် အသက်ရှင်စင်က ပြုလုပ်ခဲ့သော ကောင်းကံ မကောင်းကံ (အလုပ်)များသာလျှင် နောင်ဘဝ (beyond the grave) အထိ လိုက်လာကြပေလိမ့်မည်။

(Ven. K. Sri DhammanandaHow to Overcome Your Difficulties ကို နည်းနည်းစီ ခွဲဘာသာပြန်ပြီး ပို့စ်တင်နေခြင်း ဖြစ်ပါတယ်။)

(ဆက်ပါဦးမည်။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP