* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 24, 2011

ဆောင်းကမ္ဗလာနဲ့ အမေ့ရင်ခွင်

လူလေးရယ်
ဟိုဟိုဒီဒီတွေးမပူပါနဲ့ဆိုပြီး
ငါ့ဝမ်းတစ်ထွာနဲ့ငါ
အမေက ငါ့ကို မွေးဖွားပေးလိုက်ပြီ။

စွမ်းအားဆိုတာ
ရှေ့တစ်လှမ်းတိုးရဲမှ
အမေ့သား ပီသမှာပေါ့တဲ့
အမေရေ
ကျနော် ရှေ့သို့ဆက်လှမ်းခဲ့ပြီ ။

ငါ့သားရေ
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ
ဒီလိုနဲ့ အမေ့တွန်းအားတွေ
ဝေးနေရင်းနဲ့ နီးနီးနေရတာ အမေ။

ကျနော်ထင်တယ်။
အမေက
ကျနော်အတွက် ကျေနပ်မှုအပြုံးတွေနဲ့
တိုးတိုးပြီး ပြုံးနေမှာပါ
ပြုံးပါလေ အမေ။

အဖေကတော့
ဒါမှ ငါ့သားကွဆိုပြီး
လက်မထောင်ကြွားနေတာကို
အမေက ဟင်း....ဟင်း....ဆိုပြီး
တော့်နော်တော် ကလေးကလားနဲ့
အမေပြုံးနေမှာ
ကျနော်မြင်ယောင်မိတယ် အမေ။

ကျနော် မြင်ယောင်မိတယ်
အမေ ပြုံးနေမှာကိုလေ ။


မှတ်ချက်။ ။ ၂၃.၀၁.၂၀၁၁ ဆောင်းအိပ်မက် မွေးနေ့ရှင်အတွက်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP