* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 24, 2010

တာဝန်ယူချင်စိတ်။

ကျွန်တော်ဟာနွမ်းပါးတဲ့ မိသားစုကမွေးဖွားလာသူပါ။
မြို့မကျ တောမကျနေရာလေးမှာနေပါတယ်။
ကျွန်တော့ အဖေဟာနေ့စဉ်မနက်အာရုဏ်မိုးလင်းခင်အစောကြီးထပြီး ကုန်စိမ်းကားတွေနဲ့အဖော်လိုက်ရသူပါ။
ပြောရရင် ကုန်စိမ်းကားနောက်လိုက်ပေါ့ဗျာ။
ဈေးမှာလိုရင်လိုသလို ကုန်စိမ်းတောင်းတွေထမ်းပေးရတယ်။
ဒီလိုပင်ပင်ပန်းပန်းရှာရတဲ့ငွေနဲ့နေ့စဉ်စားစရာဝယ်၊ ပိုတဲ့ငွေလေးကို ခြစ်ခြုတ်စုပြီး ကျွန်တော့အတွက်ပညာသင်စရိတ်ရှာပြီး မြို့မှာကျောင်းထားပေးရှာတယ်..။
နွေရာသီ ကျောင်းပိတ်လို့ ကျွန်တော်အိမ်ပြန်ရောက်လာတဲ့တစ်ရက်မှာတော့
အဖေက ကျွန်တော့ကို သူ နဲ့အတူ ကုန်စိမ်းကားနဲ့လိုက်ခဲ့ခိုင်းတယ်။
" သား..အဖေနဲ့လိုက်ခဲ့။ သားဘာမှမလုပ်ရပါဘူး၊ အဖေနားမှာအဖော်လိုက်ယုံလေးပါ" လို့ အဖေကပြောတယ်။
ကျွန်တော်လည်းကျောင်းပိတ်ရက်လေး အိမ်မှာနားရမလားမှတ်တယ်၊
အခုလို သူနဲ့လိုက်ခိုင်းတော့စိတ်ထဲ သိပ်မကြည်လင်ချင်ဘူး။
အဖေဆိုတော့ လွန်ဆန်လို့ကလည်း မရတော့ မလိုက်ချင်လိုက်ချင်နဲ့ မနက်စောစော
အာရုဏ်မလင်းခင်ထ၊ အဖေနဲ့အတူဈေးကားနဲ့လိုက်ရတော့တာပေါ့။
အဖေကကျွန်တော့ကို ဘာမှမထမ်းမပိုးခိုင်းပေမယ့် အဖေ့နောက်ကနေကျွန်တော့မှာ တကောက်ကောက်လိုက်ပြီး ပင်ပမ်းလိုက်တာ မပြောပါနဲ့တော့။ ရက်အနည်းငယ်လည်းဈေးကားနဲ့လိုက်လည်းပြီးရော ပင်ပမ်းတဲ့ဒါဏ်နဲ့ ကျွန်တော်အပျင်းဖျားယူရော။ အဲ့တော့မှ အဖေလည်းဘာမှမတတ်နိုင်ရှာဘဲ သက်ပြင်းတွင်တွင်ချှ ကျွန်တော့ကို အနားပေး၊ နောက်နေ့တွေသူဘဲဈေးကားနဲ့ လိုက်ရတော့တာပေါ့။
ဒါပေမယ့်လူ့လောကမှာ မမျှော်မှန်းနိုင်တာတွေကဖြစ်လာတတ်တယ်လေ။
တနေ့တော့ အဖေ ရုတ်တရက်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲပါလေရော..။ သုံးလေးပါတ်လောက်အိပ်ရာကမထနိုင်ရှာဘူး။
အိမ်ရဲ့ဝင်ငွေကလည်း အဖေ့ပေါ်တည်နေတော့ ပိုက်ဆံပြတ်ပြီးထမင်းငတ်မယ့်ကိန်းဆိုက်နေတော့တာပေါ့။
ဘယ်လိုမှမဖြစ်တဲ့အဆုံး ဘာမှမလုပ်တတ်ရှာတဲ့အမေနဲ့ လူမမယ်ညီမလေးကိုငဲ့ကွက်ပြီး
ကျွန်တော်အဖေ့နေရာဝင်ယူရတော့တယ်။
အဖေ လုပ်တဲ့အတိုင်း မနက်မိုးမလင်းခင်စောစောထ၊ ဈေးကားနဲ့လိုက်
ဟင်းသီးဟင်းရွက်တောင်းကြီးတွေကိုထမ်း၊ ဈေးထဲကဆိုင်တွေစီတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ထမ်းပိုးပို့ပေါ့ ။
သြော်..အဖေနဲ့ငါအရင်ကလိုက်သွားခဲ့မိလို့ တော်သေးတာပေါ့လို့ တွေးမိတယ်။
မိဘဆိုတော့ အဖေကကျွန်တော် ချွေးသံတစ်ရွှဲရွှဲနဲ့အိမ်ကိုပြန်လာတိုင်း ကျွန်တော်ရှာလို့ရလာတဲ့ပိုက်ဆံတွေ အဖေ့ကိုအပ်တိုင်း
ဂရုဏာစိတ်နဲ့ " ငါ့သားပင်ပမ်းရှာတယ်၊ ကျန်းမာရေး ထိခိုက်မယ် အဖေနေပြန်ကောင်းရင်ငါ့သားမလုပ်ရတော့ပါဘူးကွာ" လို့ ပြောရှာတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက တစ်စက်လေးမှ ကျွန်တော်မောပမ်းခြင်းမရှိတော့တာကိုပါဘဲ။
ဒါနဲ့ ကျွန်တော် အဖေ့ကိုပြောမိတယ်..။
" အဖေ..သိပ်အံ့သြစရာကောင်းတယ်ဗျာ..အဖေသားကို ဟိုးတစ်ခါဈေးကားလိုက်ခိုင်းတုန်းက သားမှာအဖေ့နောက်လိုက်ပြီး ဘာမှမယ်မယ်ရရမလုပ်ရတာတောင် ပင်ပန်းခဲ့လိုက်တာမပြောပါနဲ့။ ဒါပေမယ့် အခု မနက်တိုင်းစောစောထရလည်း..ကုန်စိမ်းတောင်းတွေကိုထမ်းနေရလည်း နည်းနည်းမှကိုပင်ပမ်းတယ်မထင်မိဘူးဗျ" လို့ ပြောမိတယ်..။

အဲ့ဒီတော့ အဖေကပြန်ပြောတယ်။ သူပြန်ပြောလိုက်တဲ့စကားကရိုးရိုးလေးပါ..။ ဒါပေမယ့်ကျွန်တော့်ဘ၀အတွက်တကယ့်ကိုလက်ဆောင်မွန်ပါဘဲ။
" သား၊ တစ်ဖက်ကသားရဲ့ခန္ဓာကိုယ်က ကျင့်သားရလာလို့ စွမ်းအင်တိုးလာတာရယ်..
ပိုဖြစ်နိုင်တာက သားရဲ့စိတ်ဓာတ်ရင့်ကျက်လာမှုကြောင့်ဖြစ်မှာပါ..။
ရင့်ကျက်မှုက သားကို ကြီးလေးတဲ့တာဝန်ကိုယူလိုစိတ် သထ္ထိမျိုးကိုဖြစ်ပေါ်စေလိုက်တာပါ။
ဒီတော့ ဘယ်လောက်ပင်ပမ်းပင်ပမ်း၊ ငါ့သားကို သက်တောင့်သက်သာ ဖြစ်နေစေတာပေါ့.. "
ခုတော့..ကျွန်တော် အဖေ့စကားတစ်ခွန်းထဲနဲ့ တာဝန်ယူလုပ်ကိုင်လို့ ရလာတဲ့ ရလာဒ်ရဲ့ ချိုမြိန်တဲ့
အရသာကိုကောင်းကောင်းခံစားသိခွင့်ရနေပြီလေ။
သားငယ်

(from foreverfriends)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP