* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, February 24, 2010

ဒုတိယအရွယ်ပါသူငယ်ချင်း။

သူငယ်ချင်း-
နုနုနယ်နယ် ၊ တို့မငယ်ပြီ
အပါးလယ်(အပါယ်လား)ဖို့ မဆွယ်နှင့် ။

ရပ်ရေး,ရွာရေး ၊ ဘာသာရေးကို
မင်းတွေးစရာ ၊ မလိုပါဟု
တာဝန်မဲ့စွာ မပြောနှင့် ။

ချမ်းသာမှလှူ ၊ နောင်မှကူဟု
အလှူဘေးရန် မပြုနှင့် ။

ညစာမစား ၊ မပျော်ပါးတဲ့
ဘိုးဘွားအလုပ် ၊ မင်းနောက်ဆုတ်ဟု
ဥပုသ်စောင့်ဖို့ မဖျက်နှင့် ။

အလုပ်မနိုင် ၊ ခါးမခိုင်မှ
တရားထိုင်ဖို့ မပြောနှင့် ။

ဒီမှာသူငယ်ချင်း-
အရွယ်ပျိုပျို ၊ တို့မအိုခင်
ဆင်ခြင်ပိုင်းခြား ၊ အိမ်စီးပွါးနှင့်
အများကောင်းစား ၊ ရပ်စီးပွါးနှင့်
သံသရာသွား ၊ ကိုယ့်စီးပွါးကို
ပိုင်းခြားဝေဖန် ၊ သတိ,ဉာဏ်ဖြင့်
စီမံသင့်တယ် သူငယ်ချင်း ။
စီမံရအောင် သူငယ်ချင်း ။

(လူလတ်ပိုင်းများသည် ရပ်ရွာတိုင်း၌ အဓိကအခန်းကဏ္ဍမှ တာဝန်ယူကြရသောသူများဖြစ်ကြ၏။
သက်ကြီးများ၏စကားကို နာခံဆွေးနွေးပြီးလျှင် သက်ငယ်များကိုပါ လက်တွဲခေါ်ဆောင်ကြရ၏။
လူလတ်ပိုင်းများ ကောင်းသောရွာကား အဖက်ဖက်မှတိုးတက်အောင်မြင်လေ့ရှိ၏။
လူလတ်ပိုင်းအရွယ်သည် ခွန်အားလည်းတက် ဉာဏ်လည်းထက်တုန်း အကောင်းဆုံးသော
အရွယ်ဖြစ်ပေရာ ပစ္စုပ္ပန်,သံသရာအတွက် အတတ်နိုင်ဆုံး ကြိုးစားသင့်ကြပါ၏။
အပျော်အပါးမျှဖြင့် တန်ဖိုးရှိလှသော အရွယ်ကို မကုန်ဆုံးစေသင့်ကြပဲ မိမိအိမ်စီးပွါး၊ရပ်ရွာ
အကျိုးစီးပွါး နှင့် သံသရာသွားကိုယ့်စီးပွါးတို့ကို စွမ်းနိုင်သမျှ ရှာဖွေဆည်းပူးရယူသင့်ကြပါ၏။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP