ယုံကြည်ခြင်း။
ဘဝမှာ ဘယ်သူ့ကိုမှ မယုံရရင်
ကိုယ့်ကိုကိုယ် ယုံကြည်နေဖို့တော့လိုမယ်
တစ်ကောင်ကျွေးပြီး နှစ်ကောင်စားမလား
နှစ်ကောင်ကျွေးပြီး တစ်ကောင်စားမလား
ဒါဆိုလည်း ...
စားလိုက်တဲ့တစ်ကောင်က
King “ကင်း” ဖြစ်နေဖို့တော့လိုတယ်။
မနေ့က ဘာတွေလုပ်ခဲ့လဲ
ဒီနေ့ ဘာတွေပြီးသွားပြီလဲ
မနက်ဖြန် ဘာတွေလုပ်မလဲ
အားလုံးကို ထိုးကျွေး
အရှုံးပေး နှလုံးအေးအေးပဲနေမလား။
ဟော ..
ရှေ့မှာ ချောက်ကမ်းပါး
ဟိုဘက်ကမ်းကို ဘယ်လိုခုန်မလဲ
မခုန်ခင်တော့ ကြည့်ရတော့မှာပဲ
ဟာကွက်တွေကိုတော့
ပိတ်ဆို့ထားနိုင်မှတော်ကာကျမယ်
ဆံပင်တွေထောင်လို့ စဉ်းစားမှ
အသက်ရှုတွေလည်း မမှားရမှာ
ခုန်မယ်ဆိုတာ သေချာရင်တော့
အောက်ငုံ့ မကြည့်မိစေနဲ့ပေါ့
ကဲ ဟောဒီ ချောက်ကမ်းပါးထိပ်
မျက်စိတစ်ချက် မမှိတ်ဘဲ
ကေသရာဇာတို့အားမာန်နဲ့
ခုန်ချလိုက်ပြီ ..
ထိတ်လန့် တုန်လှုပ်မှုနဲ့
နာကျင်မှုရဲ့အရသာကို ခံစားရင်း
ဘဝဟာ ရဲပြီးရင်း ရဲလာတော့တယ်။
လေပြည် (၂၃-၂-၂၀၁၀၊ ည ၉း၄၅)

0 comments:
Post a Comment