* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 4, 2010

Power ကူးစက်ခံရခြင်း (၄)



ဒီနှစ်ထဲမှာ Meme ဆိုတဲ့ စကားတစ်လုံးလည်း ခေါင်းထဲဝင်နေတာ အတော်လေးကြာပါပြီ။ သူကတော့ Gene နှင့် အသံထွက်ကာရံတူတဲ့ အဲဒီဂျင်းနှင့် အုပ်စုတူအဖွဲ့ထဲက စကားအသုံးအနှုန်းတစ်ခုပါပဲ။ လွယ်လွယ်နားလည်အောင်ပြောရရင်တော့ Meme က ဗိုင်းရပ်စ်ပိုးလိုမျိုးပါပဲ။ လူတစ်ဦးရဲ့  စိတ်ထဲမှာရှိနေတဲ့ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှု၊ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံတွေ၊ ခံယူချက်တွေ၊ စရိုက်ဝါသနာတွေဟာ သူနှင့်ထိစပ်နေတဲ့ တခြားသူတွေဆီကို ကူးစက်ပျံ့ နှံ့ သွားနိုင်ပါတယ်။ ရောဂါပိုးကူးစက်သလိုမျိုး ကူးစက်သွားတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စတင်တွေ့ရှိခဲ့တဲ့သူက ဗြိတိသျှသိပ္ပံပညာရှင် Richard Dawkins ဖြစ်ပါတယ်။ ၁၉၇၆ခုနှစ်က သူရေးခဲ့တဲ့ The Selfish Gene ဆိုတဲ့စာအုပ်မှာ အဲဒီ Meme အကြောင်းကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီMeme ဟာ တစ်ယောက်ကနေ တခြားတစ်ယောက်ဆီကို ကူးစက်သွားတဲ့အခါမှာ ဒုတိယကူးစက်ခံရတဲ့သူဆီမှာ သူက ပုံစံတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ အဲဒီလိုပြောင်းသွားတဲ့ပုံစံနှင့် အခြားနောက်တစ်ယောက်ဆီကို ထပ်မံကူးစက်ပါတယ်။ နောက်ထပ်ကူးစက်ခံရတဲ့သူဆီမှာ ပုံစံနောက်ထပ်တစ်မျိုး ထပ်ပြောင်းသွားနိုင်ပါတယ်။ ဒီလိုမျိုးနှင့် နောက်တစ်ယောက် နောက်တစ်ယောက် ဆင့်ကဲဖြစ်စဉ်အနေနှင့် ကူးစက်သွားပါတော့တယ်။ ဒီလိုပုံစံပြောင်းလဲသွားတဲ့အခါမှာ မူလပထမပုံစံထက် ပိုကောင်းသွားနိုင်သလို ပိုလည်းဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ အကူးစက်ခံလူတွေ (Host) အပေါ် အရင်ကထက်ပိုလည်း ကောင်းသွားစေနိုင်သလို ပိုလည်းပျက်စီးဆုတ်နစ်သွားစေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိပတ်ဝန်းကျင်နှင့် ဆက်ဆံပတ်သက်ရတဲ့ အချိန်တိုင်းမှာ အမြဲသတိရှိဖို့ လိုအပ်နေတယ်ဆိုတာကို ထင်ရှားလာစေပါတယ်။ လူတစ်ယောက်နှင့် ဆက်ဆံလိုက်တိုင်းမှာ သူ့ဆီက Meme က ကိုယ့်ဆီကို ကူးစက်လာသလို၊ ကိုယ့်ရဲ့  Meme ကလည်း သူ့ဆီကို ကူးစက်သွားပါတယ်။

ရောဂါပိုးကူးစက်ပုံနှင့် နှိုင်းယှဉ်စဉ်းစားကြည့်ရင် ရောဂါပိုးတစ်ခု ကိုယ့်ဆီကူးစက်မလာစေဖို့မှာ ကိုယ်ကိုယ်တိုင်က အနေအထိုင်၊ အသွားအလာ၊ အစားအသောက်ကို သတိပြုဆင်ခြင်ရသလို ကိုယ်ခံအားကောင်းနေဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှသာ မိမိဆီကို ရောဂါဝင်ရောက်မလာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ဘက်က ကိုယ်ခံအားကျနေပြီဆိုရင်တော့ ဘာမဟုတ်တဲ့ ရောဂါသေးသေးလေးကလည်း ကိုယ့်ကို ဒုက္ခအများကြီးပေးနိုင်ပါတယ်။

Meme ကလည်း ဒီအတိုင်းပါပဲ။ ကိုယ်ကလူကြားထဲမှာနေရင် ပတ်ဝန်းကျင်လူတွေဆီက Meme Virus တွေက ကိုယ့်ဆီကို ရိုက်ခတ်ပါလိမ့်မယ်။ ပူးဝင်ကူးစက်နိုင်ဖို့ ကြိုးစားကြပါလိမ့်မယ်။ လူတွေနှင့် တိုက်ရိုက် အပြင်မှာထိတွေ့ ဆက်ဆံပတ်သက်နေရုံတင်မကပါဘူး။ အခုခေတ်မှာ တီဗွီတွေ၊ ရေဒီယိုတွေ၊ အင်တာနက်တွေ၊ တယ်လီဖုန်းတွေကနေတဆင့်လည်း Meme ဗိုင်းရပ်စ်က အလွယ်တကူ ကိုယ့်ဆီကို ကူးစက်လာနိုင်ပါတယ်။

ဗိုင်းရပ်စ် အကူးခံရမှာစိုးလို့မို့ လူကြားထဲမသွား၊ လူတွေနှင့်မပေါင်း၊ အင်တာနက်မသုံး၊ တီဗွီမကြည့်ပဲနေလို့လည်း ဖြစ်တဲ့ခေတ်မဟုတ်တော့ ကိုယ့်ဘက်က ကိုယ်ခံအားကောင်းအောင် လုပ်ရုံမှတစ်ပါး အခြားမရှိလို့ပဲပြောရမှာပါပဲ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP