* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 4, 2010

သေခြင်းသဘော

သေခြင်းသဘော ကြိုတွေးထား

၁။ အများသတ္တဝါ ကိုယ်ခန္ဓာကား၊

ရောဂါရန်စွယ် အန္တရာယ် အသီးသီး၊

ဖျက်အစီးဖြင့် ပျက်စီးဖို့ရာ နီးလှစွာ၊

သူငါ ကြောက်လန့်ဖွယ်တကား။

၂။ စုကြဆောင်းကြ သိမ်းဆည်းကြသည်၊

ဓနဥစ္စာ ရတနာလဲ မကြာရှည်ကြ။

တစ်ခဏဖြင့် ကုန်ရပျောက်ရ၊

အဆုံးကျ စွန့်ရ မှချည်းပါတကား။

၃။ အိမ်မြေလယ်ယာ ရတနာသီိးသီး၊

သားသမီးနှင့် ဇနီးချစ်လင်၊

ခင်မင်နွှဲကြ တွဲသမျှ ကွဲရနောက်ဆုံးပါတကား။

၎။ သတ္တဝါ သင်္ခါရ ဖြစ်သမျှတို့ ကာလရှည်ကြာ၊

မတည်သာခဲ့ ဖြစ်လာ ပျက်ရ အနိစ္စ လောကသဘောပါတကား။

၅။ အသက်ဇီဝိန် ကိုငွေ့ရှိန်နှင့်၊

ဝိညာဉ်မန ဤသုံးဝတို့ လုံးဝစွန့်ခွာ၊

ဤအခါ၌ ခန္ခာသမုတ် ဘူတရုပ်ကား သရုပ်မမှန်၊

မြေသုဿာန် ဧကန်ဆိုက်ရမည်။

၆။ ဘယ်သက်ရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ၊

ဘယ်ဒေသ၌ သေရမည်တာ တို့သူငါ မှန်စွာ မသိပါတကား။

၇။ မြေ ရေ လေ မီး ဓာတ်ကြီးလေးထွေ အနေကျကျ၊

အခြေလှ၍ မျှတနေစဉ် အသက်ရှင်လည်း၊ အကြင်အခါ၊

ဓာတ်လေးဖြာတို့ အာဏာဟုန်ပြ သူပုန်ထသော်၊

ပျက်ရ ကြေရ ခြေမလှ သေရချေဦးမည်။ (သပြေကန်ဆရာတော်ကြီး)။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP