* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 4, 2010

အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်မည်

အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မည်။

မန္တလေးတိုင်း ပုဂံ/ညောင်းဦးမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှေးဟောင်း အလိုတော်ပြည့် ဘုရားပွဲတော်ကို ၁၃၇၂-ခုနှစ် နတ်တော်လဆန်း (၁၄-၁၅)ရက် ၂၀၁၀ခုနစ် ဒီဇင်ဘာ ၂၀-၂၁ ရက်နေ့များတွင် ပြည်တွင်းပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတော်နှင့်
ဂေါပကအဖွဲ့ဝင် များမှ ဦးစီး၍ အမြို့မြို့အနယ်နယ်မှ ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး(၅၀၀၀)တို့ဖြင့် အလိုတော်ပြည့် ဗုဒ္ဓပူဇနိယထီးဖြူတော်ဖွင့်ပွဲ အခမ်းအနားဖြင့် လှူဒါန်းပူဇော်ပြီး ပင့်သံဃာ (၅၂၈)ပါး တို့အား လှူဒါန်းဖွယ်ရာ ၀ထ္ထုများကိုလှူဒါန်း ပူဇော်နိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ပင့်သံဃာတစ်ပါးလျှင် ကျပ်(၁၀၀၀၀)ဖြင့် ငွေပဒသာပင်များ လှူဒါန်းပူဇော်မည်ဖြစ်ပါသည်။

မိမိတို့လောင်းလှူလိုသော ပစ္စည်းများကို ပင့်သံဃာ(၅၂၈)ပါး အတွက် သံဃာ့ဒါန သံဃာစေ့ လှူဒါန်းနိုင်ပါကြောင်း ပြည်တွင်း ပြည်ပရှိ တပည့် ဒကာ/ဒကာမများတို့အား အသိပေးဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန် ဖုန်း 01.545337 -
Email: alodawpyei@myanmar.com.mm

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP