* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, December 11, 2010

*ကုသိုလ်ပန်းခိုင် သုံးပွင့်ဆိုင်..*

နမောတဿ ကို သုံးကြိမ် ရွတ်သည်။ တစ်ယောက်သောသူ တီးသည့် နာပျော်ဖွယ် ကြေးစည်သံတစ်ချက် ကြားလိုက်ရသည်။ စိန်ရောင်ခြည် ဘုရားပင့်ဖြင့် မြတ်စွာဘုရားရှင်အား တစ်ယောက်သောသူက ပင့်ဖိတ်လိုက်သည်။ စိတ်ကို ညွတ်လိုက်သည်။ အာရုံကို သက်တော်ထင်ရှား မြတ်စွာဘုရား ပုံတော်ပေါ် တင်ထားလိုက်သည်။

သာဓု.. သာဓု.. သာဓု.. ဟူသော အသံက ဘုရားပင့်အပြီး ထွက်ပေါ်လာ၏။ ဘုရားပင့်ပြီးပြီ။ သမန္တာ.. အစရှိသည့် နတ်ပင့်ဂါထာဖြင့် သုံးယောက်ပြိုင်တူ နတ်ပင့်ကြသည်။ အနန္တော အနန္တ ငါးပါးကို ကန်တော့သည်။ ငါးပါးသီလ ယူသည်။ ဥပုသ်နေ့များတွင် ရံဖန်ရံခါ ရှစ်ပါးသီလ ယူသည်။ မြတ်စွာဘုရားရှင်အား သောက်တော်ရည်၊ သုံးတော်ရည်နှင့် ထိန်ထိန်ညီးနေသည့် လျှပ်စစ်မီး ကပ်လှူပူဇော်သည်။ ပြီးပြီ..။

အဲဒီနောက် ကရဏီယ.. အစဖြာသည့် မေတ္တသုတ် ပါဠိတော်ကို ရွတ်ဖတ်ပူဇော်သည်။ ဘုရားရှင်၏ ခြေတော်စုံကို နဖူးဖြင့် ထိသကဲ့သို့ အာရုံညွတ်၍ မြတ်စွာဘုရားရှင်အား ဦးတိုက်မိသည်။ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော်ရွတ်ဖတ်သည်။ အတွေးပုံရိပ်တွင် ပါဠိတော် စကားလုံးတစ်လုံးချင်း ပေါ်အောင်နှင့် စကားလုံး တစ်လုံးချင်းတို့၏ ပြီးဆုံးပုံကို အတတ်နိုင်ဆုံး ပေါ်အောင် ပုံဖော်ရွတ်ဖတ်မိသည်။ ပဋ္ဌာန်းက ကြည့်ရွတ်ဖန်များ၍ သုံးယောက်လုံး အလွတ်ရနေပြီ။ ကဲ.. ကြာချင်သလောက်သာ ကြာပစေတော့.. ခုနေ ရွတ်ဖတ်နေရင်း သေသွားရင်တောင် မြတ်ပြီဟု.. စိတ်ကို ဒုံးဒုံးချကာ မြတ်စွာဘုရားရှင်အား မိမိအသက်ပါ အပ်နှင်းနိုင်အောင် ကြိုးစားလိုက်သည်။ ရွတ်ဖတ်ပြီးပြီ..။ မြန်မာလို မေတ္တာထပ်ပို့သည်။ ၃၁-ဘုံသားတို့အား အမျှဝေသည်။ အမျှဝေသံ တစ်ကြိမ်ပြီးတိုင်း ကြေးစည်သံ တစ်ချက်ကြားရသည်။ စုစုပေါင်း ကြေးစည်သံ သုံးခါ..။ နတ်ပြန်ပို့သည်။ နာရီကြည့်မိတော့ ၄၅-မိနစ်၊ မိနစ် ၅၀ လောက် ကြာသွားသည်။

ပြီးတော့ တစ်ယောက်သောသူက ပုတီးစိပ်သည်။ တစ်ခါတရံ တရားမှတ်သည်။ တစ်ယောက်သောသူက ရံဖန်ရံခါ မေတ္တာပို့ချင်ပို့သည်။ တရားမှတ်ချင်မှတ်သည်။ တစ်ယောက်သောသူက ကြေးစည်ကို မူလနေရာ ပြန်ထားသည်။

ဤကား ကျွန်တော်တို့သုံးယောက် ညစဉ်ညတိုင်း မပျက်မကွက် ပြုလုပ်မိသော ကုသိုလ်အစုပေတည်း..။

လေးစားစွာဖြင့်

ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP